0 Shares 105 Views

Apple အတြက္ 5G Modem မ်ား ေရာင္းမယ့္ Huawei

Apr 10, 2019
0 105

Huawei က MWC 2019 မွာ Mate X ကို ေၾကညာခဲ့ပါတယ္။ သူဟာ ဟြာေ၀းရဲ႕ 5G ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ အခုေတာ့ ဟြာေ၀းက သူ႔ရဲ႕ 5G Modem ကို အျခား ကုမၸဏီတစ္ခုကို ေရာင္းေပးေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Apple ပါ။

ဟြာေ၀းက သူ႔ရဲ႕ ဖုန္းမ်ားနဲ႔ IoT Devices မ်ားမွာသာ အဲဒီ Chip ကို အသံုးျပဳမွာျဖစ္ၿပီး အျခား ကုမၸဏီမ်ားကို မေရာင္းခ်ဘူးလို႔ ဇန္န၀ါရီလက ေျပာထားတဲ့ အတြက္ အခု သတင္းဟာ ထူးဆန္းပါတယ္။ အထူးသျဖင့္ ၿပိဳင္ဖက္ Apple ကို ထုတ္ေရာင္းတာက စဥ္းစားစရာပါ။ Apple Phones မ်ားမွာ iOS ထည့္သြင္းထားတဲ့ အတြက္ သူ႔ရဲ႕ Android Phone မ်ားအတြက္ ၿပိဳင္ဖက္ မဟုတ္ဘူးလို႔ ဟြာေ၀းက ယူဆထားပံုရပါတယ္။

Apple ဟာ Qualcomm နဲ႔လည္း ဆက္ဆံေရး မေကာင္းတဲ့ အတြက္ သူ႔ရဲ႕ 5G Modem မ်ားကို ၀ယ္ယူလို႔ မရပါဘူး။ Intel ထံက 5G Modem ဟာလည္း ၂၀၂၁ ခုႏွစ္ေလာက္မွ ရမယ္လို႔ မေန႔ကပဲ သတင္းထြက္လာပါတယ္။ အဲဒီအတြက္ 5G iPhone ဟာ ၂၀၂၁ ခုႏွစ္က်မွသာ ထြက္လာေတာ့မယ္လို႔ မေန႔က သတင္းထြက္ခဲ့ပါတယ္။

Samsung ကလည္း ကိုယ္ပိုင္ 5G Modem မ်ား ထုတ္ေနေပမယ့္ ၿပိဳင္ဖက္ Apple အပါအ၀င္ အျခား ကုမၸဏီမ်ားကို မေရာင္းဘူးလို႔ ေၾကညာထားပါတယ္။ အခုေတာ့ ဟြာေ၀းရဲ႕ ေက်းဇူးေၾကာင့္ 5G iPhone ကို သိပ္ေနာက္မက်ခင္ ျမင္ရႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Apple အတွက် 5G Modem များ ရောင်းမယ့် Huawei

Huawei က MWC 2019 မှာ Mate X ကို ကြေညာခဲ့ပါတယ်။ သူဟာ ဟွာဝေးရဲ့ 5G ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အခုတော့ ဟွာဝေးက သူ့ရဲ့ 5G Modem ကို အခြား ကုမ္ပဏီတစ်ခုကို ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Apple ပါ။

ဟွာဝေးက သူ့ရဲ့ ဖုန်းများနဲ့ IoT Devices များမှာသာ အဲဒီ Chip ကို အသုံးပြုမှာဖြစ်ပြီး အခြား ကုမ္ပဏီများကို မရောင်းချဘူးလို့ ဇန်နဝါရီလက ပြောထားတဲ့ အတွက် အခု သတင်းဟာ ထူးဆန်းပါတယ်။ အထူးသဖြင့် ပြိုင်ဖက် Apple ကို ထုတ်ရောင်းတာက စဉ်းစားစရာပါ။ Apple Phones များမှာ iOS ထည့်သွင်းထားတဲ့ အတွက် သူ့ရဲ့ Android Phone များအတွက် ပြိုင်ဖက် မဟုတ်ဘူးလို့ ဟွာဝေးက ယူဆထားပုံရပါတယ်။

Apple ဟာ Qualcomm နဲ့လည်း ဆက်ဆံရေး မကောင်းတဲ့ အတွက် သူ့ရဲ့ 5G Modem များကို ဝယ်ယူလို့ မရပါဘူး။ Intel ထံက 5G Modem ဟာလည်း ၂၀၂၁ ခုနှစ်လောက်မှ ရမယ်လို့ မနေ့ကပဲ သတင်းထွက်လာပါတယ်။ အဲဒီအတွက် 5G iPhone ဟာ ၂၀၂၁ ခုနှစ်ကျမှသာ ထွက်လာတော့မယ်လို့ မနေ့က သတင်းထွက်ခဲ့ပါတယ်။

Samsung ကလည်း ကိုယ်ပိုင် 5G Modem များ ထုတ်နေပေမယ့် ပြိုင်ဖက် Apple အပါအဝင် အခြား ကုမ္ပဏီများကို မရောင်းဘူးလို့ ကြေညာထားပါတယ်။ အခုတော့ ဟွာဝေးရဲ့ ကျေးဇူးကြောင့် 5G iPhone ကို သိပ်နောက်မကျခင် မြင်ရနိုင်ပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category