0 Shares 139 Views
Apr 10, 2019
0 139
Ref : gizmodo
[Unicode]
Porn Site ဝင်ကြည့်သူများကို ငွေညှစ်တဲ့ ဟက်ကာ ထောင် ၆ နှစ်ချခံရ
ယခင် ကွန်ပြူတာ သိပ္ပံကျောင်းသား ဖြစ်ပြီး ဟက်ကာ အမည် K!NG ဆိုသူက တရားဝင် Porn Site များကို ဝင်ကြည့်သူများအား ခြိမ်းခြောက် ငွေညှစ်ခဲ့ပါတယ်။ သူဟာ Ransomware ကို အသုံးပြုပြီး ဝင်ကြည့်သူများထံကနေ ဒေါ်လာ ၉၀၀ ၀၀၀ ကျော် ရခဲ့ပါတယ်။ အခုတော့ သူ့ကို ထောင် ၆ နှစ် ချလိုက်ပါတယ်။
သူ့ရဲ့ အမည်ရင်းက Zain Qaiser ဖြစ်ပြီး အသက် ၂၄ နှစ်ပါ။ အာဏာပိုင်များက ငွေညှစ်တဲ့ ရာဇဝတ်မှုတွေကို သူ့အသက် ၁၇ နဲ့ ၁၉ အကြားမှာ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ သူက အဲဒီအချိန်တုန်းက ရုရှား အခြေစိုက် ဆိုက်ဘာ ရာဇတ်ဝတ်အုပ်စုတစ်ခုနဲ့ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ရတဲ့ ငွေများကို Rolex နာရီ ဝယ်ခြင်း၊ လောင်းကစားလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးခြင်း၊ မိန်းမရွှင်များနဲ့ ပျော်ပါးခြင်း၊ ဇိမ်ခံ ဟိုတယ်များမှာ တည်းခြင်းများကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသား မှုခင်း အေဂျင်စီ (NCA) က ပြောပါတယ်။
NCA ရဲ့ အကြီးတန်း စုံစမ်းစစ်ဆေးရေး အရာရှိ ဖြစ်သူ Nigel Leary က “ ဒါဟာ NCA က စုံစမ်းထောက်လှမ်းမိသမျှ ဆိုက်ဘာ ရာဇဝတ်မှုများထဲမှာ အဆင့်အမြင့်ဆုံးနဲ့ စနစ်တကျအရှိဆုံး အမှု ဖြစ်ပါတယ်။ အလွန်ကို ရှုပ်ထွေးတဲ့ အမှု ဖြစ်ပါတယ်။ အချိန်များစွာ ယူခဲ့ရပြီး အလွန် ခက်ခဲစွာ ဖော်ထုတ်ခဲ့ရပါတယ်။ US, Canda, Europe တို့နဲ့ ပူးပေါင်းခဲ့ရပါတယ်။ “ လို့ ပြောပါတယ်။
Ref : gizmodo
You may be interested
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares0 views
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
Ko Thuya - Jun 26, 2019
အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Ko Thuya - Jun 26, 2019
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Ko Thuya - Jun 25, 2019
ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…
Leave a Comment
Most from this category