0 Shares 241 Views

ေစ်းေပါတဲ့ Gaming Phone ေတြအတြက္ ဖန္တီးထားတဲ့ Snapdragon 730G ကို ေၾကညာ

Apr 10, 2019
0 241

Razer Phone 2 , Asus ROG Phone နဲ႔ Xiaomi Black Shark အပါအ၀င္ ယခင္ႏွစ္ထုတ္ ဂိမ္းဖုန္းမ်ားမွာ Qualcomm ရဲ႕ စြမ္းရည္ျမင့္ Snapdragon 845 Chip ထည့္ထားပါတယ္။ အျခား စြမ္းရည္ျမင့္ ဖုန္းမ်ားမွာလည္း သူ႔ကိုပဲ သံုးထားတဲ့အတြက္ Processing Power အပိုင္းမွာ ကြဲျပားမႈ မရွိပါဘူး။ အခုေတာ့ Qualcomm က စြမ္းရည္သင့္ ဖုန္းမ်ားအတြက္ ဒီဇိုင္းထုတ္ထားတဲ့ ဂိမ္း အထူးျပဳ Snapdragon 730G ကို ျပသလိုက္ပါတယ္။

Snapdragon 730G နဲ႔အတူ 730, 655 မ်ားကိုပါ ေၾကညာခဲ့ၿပီး အားလံုးမွာ Game တြင္ HDR ကို ေထာက္ပံ့ျခင္း၊ WiFi Latency Manager တို႔လို ဂိမ္း အထူးျပဳ လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ ကုမၸဏီက 730G ဟာ 730 ထက္ ဂရပ္ဖစ္ အပိုင္းမွာ ၁၅ ရာခုိင္ႏႈန္း ပိုျမန္တယ္လို႔ ေျပာပါတယ္။ ဒါဟာ Adreno 618GPU ေၾကာင့္ပါ။

စြမ္းရည္ေကာင္းၿပီး စြမ္းအင္စားသံုးမႈ သက္သာေစတဲ့ 8nm Process နဲ႔ သူ႔ကို ဖန္တီးထားပါတယ္။ သူဟာ 710 ထက္ CPU အပိုင္းမွာ ၃၅ ရာခုိင္ႏႈန္းနဲ႔ ဂရပ္ဖစ္အပိုင္းမွာ ၂၅ ရာခုိင္ႏႈန္း တိုးတက္လာပါတယ္။ PUBG လို ဂရပ္ဖစ္ ျမင့္တဲ့ ဂိမ္းမ်ားကို ကစားရင္ အသံုး၀င္ပါတယ္။

730 ကေတာ့ စြမ္းရည္ျမင့္ မ်က္ႏွာျပင္မ်ားကို ေထာက္ပံ့ဖို႔ ဒီဇိုင္းထုတ္ထားပါတယ္။ 3360x1440p Resolution အထိ ေထာက္ပံ့ပါတယ္။ ဂိမ္းမ်ားမွာ HDR ကို ေထာက္ပံ့ပါတယ္။ Qualcomm က 730G ပါတဲ့ ဖုန္းမ်ားမွာ ဂိမ္းမ်ားကို လွ်င္ျမန္သြက္လက္စြာ ကစားႏုိင္ေအာင္ ျပဳလုပ္ဖို႔ ထိပ္တန္း Game Developer မ်ားနဲ႔ ပူးေပါင္းထားတယ္လို႔ ေျပာပါတယ္။

Ref : tnw

[Unicode]

ဈေးပေါတဲ့ Gaming Phone တွေအတွက် ဖန်တီးထားတဲ့ Snapdragon 730G ကို ကြေညာ

Razer Phone 2 , Asus ROG Phone နဲ့ Xiaomi Black Shark အပါအဝင် ယခင်နှစ်ထုတ် ဂိမ်းဖုန်းများမှာ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 845 Chip ထည့်ထားပါတယ်။ အခြား စွမ်းရည်မြင့် ဖုန်းများမှာလည်း သူ့ကိုပဲ သုံးထားတဲ့အတွက် Processing Power အပိုင်းမှာ ကွဲပြားမှု မရှိပါဘူး။ အခုတော့ Qualcomm က စွမ်းရည်သင့် ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတဲ့ ဂိမ်း အထူးပြု Snapdragon 730G ကို ပြသလိုက်ပါတယ်။

Snapdragon 730G နဲ့အတူ 730, 655 များကိုပါ ကြေညာခဲ့ပြီး အားလုံးမှာ Game တွင် HDR ကို ထောက်ပံ့ခြင်း၊ WiFi Latency Manager တို့လို ဂိမ်း အထူးပြု လုပ်ဆောင်ချက်များစွာ ပါပါတယ်။ ကုမ္ပဏီက 730G ဟာ 730 ထက် ဂရပ်ဖစ် အပိုင်းမှာ ၁၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ပြောပါတယ်။ ဒါဟာ Adreno 618GPU ကြောင့်ပါ။

စွမ်းရည်ကောင်းပြီး စွမ်းအင်စားသုံးမှု သက်သာစေတဲ့ 8nm Process နဲ့ သူ့ကို ဖန်တီးထားပါတယ်။ သူဟာ 710 ထက် CPU အပိုင်းမှာ ၃၅ ရာခိုင်နှုန်းနဲ့ ဂရပ်ဖစ်အပိုင်းမှာ ၂၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ PUBG လို ဂရပ်ဖစ် မြင့်တဲ့ ဂိမ်းများကို ကစားရင် အသုံးဝင်ပါတယ်။

730 ကတော့ စွမ်းရည်မြင့် မျက်နှာပြင်များကို ထောက်ပံ့ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ 3360x1440p Resolution အထိ ထောက်ပံ့ပါတယ်။ ဂိမ်းများမှာ HDR ကို ထောက်ပံ့ပါတယ်။ Qualcomm က 730G ပါတဲ့ ဖုန်းများမှာ ဂိမ်းများကို လျှင်မြန်သွက်လက်စွာ ကစားနိုင်အောင် ပြုလုပ်ဖို့ ထိပ်တန်း Game Developer များနဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။

Ref : tnw

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares0 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category