0 Shares 948 Views


Apr 10, 2019
0 948





Ref : gsmarena, gizchina

[Unicode]

Redmi က Snapdragon 855 Phone တစ်လုံးကို ဖန်တီးနေ

Redmi Brand ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing က Pop-up Camera ပါတဲ့ Redmi Pro 2 ရဲ့ ဓါတ်ပုံကို ပြသခဲ့ပါတယ်။ သူက Qualcomm Snapdragon 855 Chipset မောင်းနှင်ထားတဲ့ စမတ်ဖုန်း တစ်လုံးကို ဖန်တီးနေတယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီဇိုင်းဟာ Redmi Pro 2 နဲ့ ကွဲပြားပါတယ်။ သူ့မှာ Redmi Pro 2 မှာလို Pop-up Camera ပါမှာ မဟုတ်ပါဘူး။

သူ့ရဲ့ အမည်ကိုလည်း မသိရသေးပါဘူး။ သူ့ကို ဘယ်လိုပဲ အမည်ပေးထားသည်ဖြစ်စေ သူဟာ လက်ရှိ စွမ်းရည်အမြင့်မားဆုံး Redmi Phone များနဲ့ ကွဲထွက်နေမှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကို လက်ရှိမှာ ဒီလောက်သာ သိရပါသေးတယ်။

Lu Weibing က မကြာခင်မှာ အဲဒီ စမတ်ဖုန်းကို ကြေညာမယ်လို့လည်း အတည်ပြုထားပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းလောက်မှာ ကြေညာနိုင်ပါတယ်။ သူ့မှာ ဆိုနီရဲ့ 48MP Camera ထည့်သွင်းထားနိုင်ပြီး အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်မယ့် Super Night Scene Mode ပါလာနိုင်ပါတယ်။

အရင်ကလည်း Lu Weibing က အဲဒီဖုန်းဟာ ပေးရတဲ့ ဈေးထက် တန်မယ်လို့ ပြောထားဖူးပါတယ်။ သူက သူတို့ရဲ့ ထုတ်ကုန် အရည်အသွေးကို ဈေးနှုန်းနဲ့ မသတ်မှတ်ဘဲ ထုတ်ကုန်ရဲ့ အားသာချက် ၊ အားနည်းချက်များနဲ့ ဆုံးဖြတ်တယ်လို့ ပြောပါတယ်။

Ref : gsmarena, gizchina

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category