ဖုန်းမှာ နေရာလွတ်မရှိတော့ရင် ဒီနည်းတွေ သုံးလိုက်ပါ

ဘယ်ဖုန်း မဆို သုံးတဲ့ အချိန်ကြာတာနဲ့အမျှ ဓါတ်ပုံ၊ ဗီဒီယို၊ App Data အပါအဝင် အခြား ဒေတာများစွာဖြင့် ပြည့်သွားကြမှာပါ။ သင့် ဖုန်းမှာ Storage ပြည့်သွားလို့ ဒေတာများ သိမ်းလို့ မရတော့ပါဘူးလို့ ဖုန်းက အသိပေးတဲ့ အချိန်ကတော့ စိတ်ညစ်စရာ အကောင်းဆုံး အချိန်ပါ။ ဒီလို အဖြစ်မျိုး ဘယ်တော့မှ မကြုံရအောင် နည်းလမ်းကောင်း (၃) ခုကို ပြောပြချင်ပါတယ်။

၁။ သန့်ရှင်းရေး အမြဲလုပ်ပါ။

ဖုန်းရဲ့ Internal Storage ကို App Data, Cached Data (System Cache , App Cache ) နဲ့ User Data (Music, Photos , Videos ) များက အဓိက စားသုံးထားကြပါတယ်။ မလိုအပ်တဲ့ ဖိုင်များ ၊ မသုံးတဲ့ Apps များ၊ Caches များကို ရှာဖွေပြီး ဖျက်ပစ်နိုင်ပါတယ်။ သင် ကိုယ်တိုင် မရှာချင်ရင်တော့ App များကို သုံးပါ။

SD Maid က အဲဒီ အလုပ်များကို အလိုအလျှောက် လုပ်နိုင်ပါတယ်။ ES File Explorer ကတော့ Android File System ကို အတွင်းကျကျ ဝင်ရောက်လေ့လာပြီး သင် Uninstall လုပ်ထားတဲ့ Apps များရဲ့ အကြွင်းအကျန်များကို ရှင်းလင်းပေးနိုင်ပါတယ်။

User Data (Music, Photos , Videos ) များကိုတော့ သင့် ဖုန်းကနေ ကွန်ပြူတာထဲ ပြောင်းသိမ်းနိုင်ပါတယ်။ အဲဒီ ဒေတာများဟာ သင့် ဖုန်းရဲ့ DCIM , Music, Videos ဖိုဒါများထဲမှာ ရှိကြပါတယ်။ Facebook Messenger လို ဖိုဒါများမှာလည်း ဓါတ်ပုံများ ရှိတတ်ပါတယ်။

၂။ microSD Card ကို သုံးပါ။

သင့်ဖုန်းမှာ microSD Slot မပါရင်တောင် သင့်ဖုန်းမှ ဒေတာများကို သိမ်းထားနိုင်တဲ့ ကဒ်တစ်ခုကို သင် အသုံးပြုနိုင်ပါတယ်။ USB OTG နဲ့ microSD Card Adapter များကို အသုံးပြု၍ ဖုန်းမှ ဒေတာများကို ကဒ်မှာ သိမ်းနိုင်ပါတယ်။ Adapter ကို သင့် အိမ်သော့မှာ တွဲထားခြင်းဖြင့် သွားလေရာယူသွားနိုင်ပါတယ်။

၃။ Cloud ကို သုံးပါ။

ဓါတ်ပုံနဲ့ ဗီဒီယိုများဟာ ဖုန်းရဲ့ နေရာကို အဓိက ယူထားတဲ့ အရာများ ဖြစ်ပါတယ်။ သူတို့ကို Cloud မှာ သိမ်းထားရင်တော့ ဖုန်းမှာ နေရာလွတ်များစွာ ထွက်လာမှာပါ။ Google Photos မှာ 16MP နဲ့ သူ့အောက် အရည်အသွေး ရှိတဲ့ ဓါတ်ပုံများကို အကန့်အသတ်မရှိ သိမ်းနိုင်ပါတယ်။ Full HD Video များကိုလည်း အခမဲ့ အကန့်အသတ်မရှိ သိမ်းနိုင်ပါတယ်။

Cloud မှာ သိမ်းရင်တော့ ဒေတာ ကုန်ကျမှုများ ရှိမှာ ဖြစ်သလို လုံခြုံရေး အပိုင်းလည်း အားနည်းပါတယ်။ အဲဒီအတွက် အခြား နည်းလမ်းနှစ်ခုကို အဓိက အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Ref : androidpit

ဖုန်းမှာ နေရာလွတ်မရှိတော့ရင် ဒီနည်းတွေ သုံးလိုက်ပါ

%d bloggers like this: