5G နဲ႔ အေ၀းကေန ခြဲစိတ္ေနတဲ့ တရုတ္ ဆရာ၀န္မ်ား

သိပ္မၾကာခင္မွာေတာ့ သင့္ကို ခြဲစိတ္ကုသမယ့္ ဆရာ၀န္ဟာ သင္နဲ႔ အတူ ခြဲခန္းထဲမွာ ရွိေနစရာ မလိုေတာ့ပါဘူး။ စြမ္းရည္ျမင့္ 5G ဆက္သြယ္မႈနဲ႔ ဆရာ၀န္မ်ားက အေ၀းကေန ခြဲစိတ္ႏုိင္ေတာ့မွာပါ။ ဒါကို တရုတ္က ဆရာ၀န္မ်ားက ယခုလ အေစာပိုင္းမွာ ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့ၾကပါတယ္။ ႏွလံုးခြဲစိတ္ အထူးကု Huiming Guo က အသက္ ၄၁ ႏွစ္အရြယ္ အမ်ိဳးသမီးကို ခြဲစိတ္ရာမွာ အေ၀းကေန ပါ၀င္ခဲ့တာပါ။ Guo ဟာ Guangdong General Hospital ကေန သူနဲ႔ ကီလိုမီတာ ၄၀၀ အကြာမွာ ရွိတဲ့ Gaozhou People’s Hospital မွ လူနာကို ခြဲစိတ္ေပးခဲ့တာပါ။

5G ကို သံုးတဲ့ အတြက္ 4K Ultra-high Definition Live Video ကို မထစ္မေငါ့ဘဲ ၾကည့္ရႈၿပီး ညႊန္ၾကားမႈမ်ား ျပဳလုပ္ေပးခဲ့တာပါ။ ခြဲစိတ္မႈဟာ ၄ နာရီ ၾကာျမင့္ခဲ့ပါတယ္။ ေဆးရံုက သံုးတဲ့ 5G ကြန္ရက္ဟာ 4G ထက္ ၁၀ ဆ ပိုျမန္ပါတယ္။ ဒီလို လူ႔အသက္နဲ႔ သက္ဆိုင္တဲ့ ကိစၥမ်ားမွာ 5G ဟာ အလြန္ အေရးပါလာပါတယ္။

“ အဆင့္ျမင့္ အင္တာနက္ နည္းပညာေၾကာင့္ ဆရာ၀န္ေတြဟာ ခရီးေတြ သြားစရာ မလိုဘဲ အေ၀းကေန လူနာမ်ားကို ခြဲစိတ္ႏုိင္ပါၿပီ။ အခ်ိန္ကုန္ သက္သာသြားတဲ့ အတြက္ လူနာေတြရဲ႕ အသက္ေတြကို ပိုၿပီး ကယ္တင္ေပးႏိုင္ပါတယ္။ “ လို႔ Guangdong General Hospital မွ Zhiwei Zhang က မီဒီယာမ်ားကို ေျပာပါတယ္။

ဒါဟာ အေ၀းကေန လူနာကို ခြဲစိတ္တဲ့ ပထမဆံုး အႀကိမ္ မဟုတ္ပါဘူး။ မၾကာခင္ကပဲ Guangdong မွ Second Prople’s Hospital မွ ဆရာ၀န္တစ္ေယာက္ဟာ သူနဲ႔ ၂၀၀ ကီလိုမီတာ အကြာမွ Guangdong’s Yangshan Hospital မွ လူနာကို ခြဲစိတ္ေပးခဲ့ပါတယ္။

Ref : digitaltrends

[Unicode]

5G နဲ့ အဝေးကနေ ခွဲစိတ်နေတဲ့ တရုတ် ဆရာဝန်များ

သိပ်မကြာခင်မှာတော့ သင့်ကို ခွဲစိတ်ကုသမယ့် ဆရာဝန်ဟာ သင်နဲ့ အတူ ခွဲခန်းထဲမှာ ရှိနေစရာ မလိုတော့ပါဘူး။ စွမ်းရည်မြင့် 5G ဆက်သွယ်မှုနဲ့ ဆရာဝန်များက အဝေးကနေ ခွဲစိတ်နိုင်တော့မှာပါ။ ဒါကို တရုတ်က ဆရာဝန်များက ယခုလ အစောပိုင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြပါတယ်။ နှလုံးခွဲစိတ် အထူးကု Huiming Guo က အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကို ခွဲစိတ်ရာမှာ အဝေးကနေ ပါဝင်ခဲ့တာပါ။ Guo ဟာ Guangdong General Hospital ကနေ သူနဲ့ ကီလိုမီတာ ၄၀၀ အကွာမှာ ရှိတဲ့ Gaozhou People’s Hospital မှ လူနာကို ခွဲစိတ်ပေးခဲ့တာပါ။

5G ကို သုံးတဲ့ အတွက် 4K Ultra-high Definition Live Video ကို မထစ်မငေါ့ဘဲ ကြည့်ရှုပြီး ညွှန်ကြားမှုများ ပြုလုပ်ပေးခဲ့တာပါ။ ခွဲစိတ်မှုဟာ ၄ နာရီ ကြာမြင့်ခဲ့ပါတယ်။ ဆေးရုံက သုံးတဲ့ 5G ကွန်ရက်ဟာ 4G ထက် ၁၀ ဆ ပိုမြန်ပါတယ်။ ဒီလို လူ့အသက်နဲ့ သက်ဆိုင်တဲ့ ကိစ္စများမှာ 5G ဟာ အလွန် အရေးပါလာပါတယ်။

“ အဆင့်မြင့် အင်တာနက် နည်းပညာကြောင့် ဆရာဝန်တွေဟာ ခရီးတွေ သွားစရာ မလိုဘဲ အဝေးကနေ လူနာများကို ခွဲစိတ်နိုင်ပါပြီ။ အချိန်ကုန် သက်သာသွားတဲ့ အတွက် လူနာတွေရဲ့ အသက်တွေကို ပိုပြီး ကယ်တင်ပေးနိုင်ပါတယ်။ “ လို့ Guangdong General Hospital မှ Zhiwei Zhang က မီဒီယာများကို ပြောပါတယ်။

ဒါဟာ အဝေးကနေ လူနာကို ခွဲစိတ်တဲ့ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ မကြာခင်ကပဲ Guangdong မှ Second Prople’s Hospital မှ ဆရာဝန်တစ်ယောက်ဟာ သူနဲ့ ၂၀၀ ကီလိုမီတာ အကွာမှ Guangdong’s Yangshan Hospital မှ လူနာကို ခွဲစိတ်ပေးခဲ့ပါတယ်။

Ref : digitaltrends

%d bloggers like this: