0 Shares 86 Views

Facebook မွာ တစ္ျခားလူအား ေစာ္ကားတဲ့ စကားေတြေျပာလို႔ ေထာင္က်ခံရမယ့္ အမ်ိဳးသမီး

Apr 09, 2019
0 86

ၿဗိတိန္ အမ်ိဳးသမီး တစ္ဦးဟာ သူမ ခင္ပြန္းေဟာင္းရဲ႕ ေနာက္မိန္းမအား Facebook မွာ ျမင္းလို႔ ေစာ္ကားတဲ့ အတြက္ ဒူဘုိင္းမွာ ေထာင္ ၂ ႏွစ္က်ခံရေတာ့မွာပါ။ အမ်ိဳးသမီးရဲ႕ အမည္က Laleh Shahravesh ျဖစ္ၿပီး အသက္ ၅၅ ႏွစ္ရွိပါၿပီ။ သူမ ခင္ပြန္းေဟာင္းရဲ႕ အသုဘကို လာတဲ့အခ်ိန္ ဒူဘိုင္း ေလဆိပ္မွာ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

သူမဟာ ၂၀၁၆ ခုႏွစ္မွာ သူမ ခင္ပြန္းေဟာင္း ေနာက္မိန္းမ ထပ္ယူတဲ့ အေၾကာင္း တင္ထားတဲ့ ပို႔စ္မွာ မန္႔ခဲ့တဲ့ ကြန္းမန္႔ ၂ ခုေၾကာင့္ တရားရင္ဆိုင္ရတာပါ။ သူမဟာ ခင္ပြန္းျဖစ္သူနဲ႔ ၁၈ ႏွစ္ၾကာ ေပါင္းသင့္ခဲ့တာပါ။ United Arab Emirates မွာ ၈ လၾကာ ေနထိုင္ခဲ့ၾကပါတယ္။ သူမ ၿဗိတိန္ကို သမီးနဲ႔ ျပန္သြားၿပီးေနာက္မွာ ခင္ပြန္းဟာ UAE မွာပဲ ဆက္ေနထိုင္ပါတယ္။ ၿပီးေတာ့ လင္မယား ကြာရွင္းခဲ့ၾကပါတယ္။

Ms Shahravesh ဟာ ခင္ပြန္းေဟာင္း ေနာက္မိန္းမ ယူတဲ့ ပို႔စ္ကို Facebook မွာ ေတြ႕လိုက္တဲ့ အခါမွာ ကြန္းမန္႔ ၂ ခုကို ၀င္ေရးခဲ့ပါတယ္။ တစ္ခုက အဲဒီ ျမင္းမေၾကာင့္ နင္ ငါ့ကို ထားသြားတာကိုး ဆိုၿပီး ျဖစ္ပါတယ္။ UAE ရဲ႕ ဆိုက္ဘာ ဥပေဒမွာ တစ္စံုတစ္ေယာက္ဟာ အျခား လူတစ္ဦးရဲ႕ ဂုဏ္သိကၡာကို ေစာ္ကားရင္ ေထာင္ဒဏ္၊ ေငြဒဏ္မ်ား ရိုက္ႏိုင္တယ္လို႔ ပါရွိပါတယ္။

သူမကို ဒူဘိုင္းမွာ ထိန္းသိမ္းထားၿပီး ေထာင္ဒဏ္ ၂ ႏွစ္အထိ သို႔မဟုတ္ စတာလင္ေပါင္ ၅၀ ၀၀၀ က်ခံရႏုိင္ပါတယ္။ သူမဟာ ကြန္းမန္႔မ်ားကို ၿဗိတိန္မွာ ရွိေနစဥ္ ေရးသားခဲ့တာပါ။ ဒါေပမယ့္ ေနာက္မိန္းမက ဒူဘိုင္းမွာ ေနထိုင္ေနၿပီး တိုင္ၾကားခဲ့တာပါ။

Ref : bbc

[Unicode]

Facebook မှာ တစ်ခြားလူအား စော်ကားတဲ့ စကားတွေပြောလို့ ထောင်ကျခံရမယ့် အမျိုးသမီး

ဗြိတိန် အမျိုးသမီး တစ်ဦးဟာ သူမ ခင်ပွန်းဟောင်းရဲ့ နောက်မိန်းမအား Facebook မှာ မြင်းလို့ စော်ကားတဲ့ အတွက် ဒူဘိုင်းမှာ ထောင် ၂ နှစ်ကျခံရတော့မှာပါ။ အမျိုးသမီးရဲ့ အမည်က Laleh Shahravesh ဖြစ်ပြီး အသက် ၅၅ နှစ်ရှိပါပြီ။ သူမ ခင်ပွန်းဟောင်းရဲ့ အသုဘကို လာတဲ့အချိန် ဒူဘိုင်း လေဆိပ်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

သူမဟာ ၂၀၁၆ ခုနှစ်မှာ သူမ ခင်ပွန်းဟောင်း နောက်မိန်းမ ထပ်ယူတဲ့ အကြောင်း တင်ထားတဲ့ ပို့စ်မှာ မန့်ခဲ့တဲ့ ကွန်းမန့် ၂ ခုကြောင့် တရားရင်ဆိုင်ရတာပါ။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ၁၈ နှစ်ကြာ ပေါင်းသင့်ခဲ့တာပါ။ United Arab Emirates မှာ ၈ လကြာ နေထိုင်ခဲ့ကြပါတယ်။ သူမ ဗြိတိန်ကို သမီးနဲ့ ပြန်သွားပြီးနောက်မှာ ခင်ပွန်းဟာ UAE မှာပဲ ဆက်နေထိုင်ပါတယ်။ ပြီးတော့ လင်မယား ကွာရှင်းခဲ့ကြပါတယ်။

Ms Shahravesh ဟာ ခင်ပွန်းဟောင်း နောက်မိန်းမ ယူတဲ့ ပို့စ်ကို Facebook မှာ တွေ့လိုက်တဲ့ အခါမှာ ကွန်းမန့် ၂ ခုကို ဝင်ရေးခဲ့ပါတယ်။ တစ်ခုက အဲဒီ မြင်းမကြောင့် နင် ငါ့ကို ထားသွားတာကိုး ဆိုပြီး ဖြစ်ပါတယ်။ UAE ရဲ့ ဆိုက်ဘာ ဥပဒေမှာ တစ်စုံတစ်ယောက်ဟာ အခြား လူတစ်ဦးရဲ့ ဂုဏ်သိက္ခာကို စော်ကားရင် ထောင်ဒဏ်၊ ငွေဒဏ်များ ရိုက်နိုင်တယ်လို့ ပါရှိပါတယ်။

သူမကို ဒူဘိုင်းမှာ ထိန်းသိမ်းထားပြီး ထောင်ဒဏ် ၂ နှစ်အထိ သို့မဟုတ် စတာလင်ပေါင် ၅၀ ၀၀၀ ကျခံရနိုင်ပါတယ်။ သူမဟာ ကွန်းမန့်များကို ဗြိတိန်မှာ ရှိနေစဉ် ရေးသားခဲ့တာပါ။ ဒါပေမယ့် နောက်မိန်းမက ဒူဘိုင်းမှာ နေထိုင်နေပြီး တိုင်ကြားခဲ့တာပါ။

Ref : bbc

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares0 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category