0 Shares 16 Views

၂၀၁၈ ခုႏွစ္မွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ ၀င္ေငြ မ်ားစြာ တိုးတက္ခဲ့ေၾကာင့္ Huawei ေျပာၾကား

Apr 09, 2019
0 16

Huawei က ၂၀၁၈ ခုႏွစ္အတြက္ ႏွစ္စဥ္အစီရင္ခံစာကို တနလၤာေန႔က ထုတ္ျပန္ေပးလိုက္ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း အခက္အခဲေတြ ရင္ဆိုင္ခဲ့ရေပမယ့္ ကုမၸဏီရဲ႕ စီးပြားေရး နဲ႔ ဘ႑ာေရး လုပ္ငန္းေတြကေတာ့ အေကာင္းဆုံး အေျခအေနမွာ ရွိေနပါတယ္။

Huawei ဟာ ၂၀၁၈ ခုႏွစ္မွာ စုစုေပါင္း အေရာင္းဝင္ေငြ ေဒၚလာ ၁၀၅.၁၉ ဘီလ်ံအထိ ရရွိခဲ့ၿပီး၊ ယမန္ႏွစ္ထက္ ၁၉.၅% ပိုမို မ်ားျပားခဲ့ပါတယ္။ ကုမၸဏီ သက္တမ္းတေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ စုစုေပါင္း အေရာင္းဝင္ေငြ ကန္ေဒၚလာ ၁၀၀ ဘီလ်ံ ေက်ာ္သြားခဲ့တာပါ။ ကုမၸဏီရဲ႕ အဓိကစီးပြားေရးလုပ္ငန္းစု ျဖစ္တဲ့ Consumer Business ကေနတင္ ေဒၚလာ ၅၀.၈၈ ဘီလ်ံ ရရွိခဲ့ၿပီး၊ မႏွစ္ကထက္ ၄၅.၁ % တိုးလာတာ ျဖစ္ပါတယ္။ ဆက္သြယ္ေရးလုပ္ငန္းျဖစ္တဲ့ Carrier Business ကေတာ့ အေရာင္းဝင္ေငြ ေဒၚလာ ၄၂.၈၈ ဘီလ်ံ ရယူေပးခဲ့ပါတယ္။ အရင္ႏွစ္ထက္ အနည္းငယ္ ေလ်ာ့နည္းခဲ့ပါတယ္။ Enterprise Business မွာေတာ့ အေရာင္းဝင္ေငြ ေဒၚလာ ၁၀.၈၅ ဘီလ်ံ ရရွိခဲ့ကာ၊ ယမန္ႏွစ္ထက္ ၂၃.၈ % ပိုမ်ားလာတာ ျဖစ္ပါတယ္။

Huawei က၂၀၁၈ ခုႏွစ္မွာ တစ္ႏွစ္တာအေရာင္းဝင္ေငြရဲ႕ ၁၄.၁% ပမာဏျဖစ္ တဲ့ အေမရိကန္ေဒၚလာ ၁၄.၈၀ ဘီလ်ံ ကို သုေတသနနဲ႔ဖြံ႕ၿဖိဳးမႈက႑အတြက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဥေရာပ စက္မႈသုေတသနႏွင့္ဖြံ႕ၿဖိဳးေရးရင္းႏွီးျမႇဳပ္ႏွံမႈ အမွတ္ေပးဇယားမွာ ကမာၻ႔အဆင့္ နံပါတ္ (၁) ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၁၀ ႏွစ္တာကာလမွာ သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏစုစုေပါင္း အေမရိကန္ေဒၚလာ ၇၀ ဘီလ်ံေက်ာ္ ရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း တင္သြင္းႏိုင္ခဲ့တဲ့ မူပိုင္ခြင့္ေပါင္း ၅,၄၀၅ ခု ရွိၿပီး၊ ကမာၻ႔ ဉာဏမူပိုင္ခြင့္ဆိုင္ရာအဖြဲ႕အစည္း (WIPO)ရဲ႕ တရားဝင္ထုတ္ျပန္ခ်က္ေတြအရ ႏိုင္ငံတကာက ကုမၸဏီ ေတြၾကားမွာ မူပိုင္ခြင့္ တင္သြင္းမႈ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

ႏိုင္ငံတကာမွာ ေအာင္ျမင္မႈေတြ ရခဲ့သလိုပဲ ျမန္မာႏိုင္ငံမွာလည္း အျမတ္အစြန္းေတြ ရရွိခဲ့တယ္လို႔ Huawei Myanmar ရဲ႕ ဒုတိယအေထြေထြမန္ေနဂ်ာျဖစ္သူ Bob Zhu က ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ Carrier Business ကေတာ့ တည္ၿငိမ္ေနခဲ့ေပမယ့္ Consumer Business မွာေတာ့ တိုးတက္မႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ စမတ္ဖုန္းအလုံးေရ ၁ မီလ်ံေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ၿပီး၊ Consumer Business ဟာ ျမန္မာႏိုင္ငံမွာ မႏွစ္ကထက္ ၃၆ % ပို တိုးတက္လာပါတယ္။

၂၀၁၈ ခုႏွစ္မွာ optic fiber ခ်ိတ္ဆက္ဖို႔ ခက္ခဲတဲ့ေဒသက သုံးစြဲသူေတြ broadband ဝန္ေဆာင္မႈ ရရွိႏိုင္ဖို႔အတြက္ WTTx (Wireless To The x) ႀကိဳးမဲ့ ဆက္သြယ္ေရးနည္းပညာကို အသုံးျပဳကာ အိမ္ေထာင္စုေပါင္း ၂ သိန္းေက်ာ္ကို ခ်ိတ္ဆက္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။။ ဒါ့အျပင္ ေက်းလက္ေဒသေတြမွာ ကြန္ယက္လႊမ္းၿခဳံမႈပိုမိုက်ယ္ျပန႔္ လာေစဖို႔အတြက္ ကုန္က်စရိတ္ျမင့္မားတဲ့ၿဂိဳလ္တုထုတ္လႊင့္မႈအစား LTE ထုတ္လႊင့္မႈကို သုံးထားတဲ့ RuralStar solution ကို မိတ္ဆက္ေပးႏိုင္ခဲ့သလို၊ ပဲခူးတိုင္းအတြင္းက ေက်း႐ြာ တစ္႐ြာမွာလည္း ပထမဆုံးအင္တာနက္ခ်ိတ္ဆက္ႏိုင္ခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

“၂၀၁၉ ကစလို႔ Huawei ထုတ္ကုန္စမတ္ပစၥည္းေတြကို ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာနဲ႔ အခ်ိန္တေျပးညီ ေရာင္းခ်ေပးသြားေတာ့မွာျဖစ္လို႔ ျမန္မာႏိုင္ငံက သုံးစြဲသူေတြအေနနဲ႔ ျပည့္ဝၿပီးေခတ္မီတဲ့အေတြ႕အႀကဳံ ေတြကို အျခားေသာေဈးကြက္က သုံးစြဲသူေတြနဲ႔ တစ္ခ်ိန္တည္းမွာ ခံစားႏိုင္ေတာ့မွာျဖစ္ပါတယ္” လို႔ Bob Zhu က ေျပာၾကားခဲ့ပါတယ္။

Ref: Huawei

၂၀၁၈ မှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဝင်ငွေ များစွာ တိုးတက်ခဲ့ကြောင်း Huawei ပြောကြား

Huawei က ၂၀၁၈ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်ပေးလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် ကုမ္ပဏီရဲ့ စီးပွားရေး နဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကတော့ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။

Huawei ဟာ ၂၀၁၈ ခုနှစ်မှာ စုစုပေါင်း အရောင်းဝင်ငွေ ဒေါ်လာ ၁၀၅.၁၉ ဘီလျံအထိ ရရှိခဲ့ပြီး၊ ယမန်နှစ်ထက် ၁၉.၅% ပိုမို များပြားခဲ့ပါတယ်။ ကုမ္ပဏီ သက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် စုစုပေါင်း အရောင်းဝင်ငွေ ကန်ဒေါ်လာ ၁၀၀ ဘီလျံ ကျော်သွားခဲ့တာပါ။ ကုမ္ပဏီရဲ့ အဓိကစီးပွားရေးလုပ်ငန်းစု ဖြစ်တဲ့ Consumer Business ကနေတင် ဒေါ်လာ ၅၀.၈၈ ဘီလျံ ရရှိခဲ့ပြီး၊ မနှစ်ကထက် ၄၅.၁ % တိုးလာတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Carrier Business ကတော့ အရောင်းဝင်ငွေ ဒေါ်လာ ၄၂.၈၈ ဘီလျံ ရယူပေးခဲ့ပါတယ်။ အရင်နှစ်ထက် အနည်းငယ် လျော့နည်းခဲ့ပါတယ်။ Enterprise Business မှာတော့ အရောင်းဝင်ငွေ ဒေါ်လာ ၁၀.၈၅ ဘီလျံ ရရှိခဲ့ကာ၊ ယမန်နှစ်ထက် ၂၃.၈ % ပိုများလာတာ ဖြစ်ပါတယ်။

Huawei က၂၀၁၈ ခုနှစ်မှာ တစ်နှစ်တာအရောင်းဝင်ငွေရဲ့ ၁၄.၁% ပမာဏဖြစ် တဲ့ အမေရိကန်ဒေါ်လာ ၁၄.၈၀ ဘီလျံ ကို သုတေသနနဲ့ဖွံ့ဖြိုးမှုကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၈ ခုနှစ် ဥရောပ စက်မှုသုတေသနနှင့်ဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှု အမှတ်ပေးဇယားမှာ ကမ္ဘာ့အဆင့် နံပါတ် (၁) ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ သုတေသနနဲ့ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀ ဘီလျံကျော် ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းနိုင်ခဲ့တဲ့ မူပိုင်ခွင့်ပေါင်း ၅,၄၀၅ ခု ရှိပြီး၊ ကမ္ဘာ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း (WIPO)ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ နိုင်ငံတကာက ကုမ္ပဏီ တွေကြားမှာ မူပိုင်ခွင့် တင်သွင်းမှု အများဆုံးဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာမှာ အောင်မြင်မှုတွေ ရခဲ့သလိုပဲ မြန်မာနိုင်ငံမှာလည်း အမြတ်အစွန်းတွေ ရရှိခဲ့တယ်လို့ Huawei Myanmar ရဲ့ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ Bob Zhu က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Carrier Business ကတော့ တည်ငြိမ်နေခဲ့ပေမယ့် Consumer Business မှာတော့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စမတ်ဖုန်းအလုံးရေ ၁ မီလျံကျော် ရောင်းချနိုင်ခဲ့ပြီး၊ Consumer Business ဟာ မြန်မာနိုင်ငံမှာ မနှစ်ကထက် ၃၆ % ပို တိုးတက်လာပါတယ်။

၂၀၁၈ ခုနှစ်မှာ optic fiber ချိတ်ဆက်ဖို့ ခက်ခဲတဲ့ဒေသက သုံးစွဲသူတွေ broadband ဝန်ဆောင်မှု ရရှိနိုင်ဖို့အတွက် WTTx (Wireless To The x) ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုကာ အိမ်ထောင်စုပေါင်း ၂ သိန်းကျော်ကို ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။။ ဒါ့အပြင် ကျေးလက်ဒေသတွေမှာ ကွန်ယက်လွှမ်းခြုံမှုပိုမိုကျယ်ပြန့် လာစေဖို့အတွက် ကုန်ကျစရိတ်မြင့်မားတဲ့ဂြိုလ်တုထုတ်လွှင့်မှုအစား LTE ထုတ်လွှင့်မှုကို သုံးထားတဲ့ RuralStar solution ကို မိတ်ဆက်ပေးနိုင်ခဲ့သလို၊ ပဲခူးတိုင်းအတွင်းက ကျေးရွာ တစ်ရွာမှာလည်း ပထမဆုံးအင်တာနက်ချိတ်ဆက်နိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“၂၀၁၉ ကစလို့ Huawei ထုတ်ကုန်စမတ်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ အချိန်တပြေးညီ ရောင်းချပေးသွားတော့မှာဖြစ်လို့ မြန်မာနိုင်ငံက သုံးစွဲသူတွေအနေနဲ့ ပြည့်ဝပြီးခေတ်မီတဲ့အတွေ့အကြုံ တွေကို အခြားသောဈေးကွက်က သုံးစွဲသူတွေနဲ့ တစ်ချိန်တည်းမှာ ခံစားနိုင်တော့မှာဖြစ်ပါတယ်” လို့ Bob Zhu က ပြောကြားခဲ့ပါတယ်။

Ref: Huawei

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category