၂၀၂၁ ခုနှစ်ကျမှ ထွက်လာနိုင်မယ့် 5G iPhone

5G Android Phone တွေကတော့ ဒီနှစ်ထဲ ထွက်လာကြပါပြီ။ 5G iPhone ကတော့ ၂၀၂၀ ခုနှစ်ကျမှသာ ထွက်လာမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ၂၀၂၁ ခုနှစ်ကျမှသာ 5G iPhone ထွက်လာမယ်လို့ သတင်းထွက်လာပါတယ်။

အဲဒီ သတင်းဟာ Fast Company နဲ့ ရင်းနှီးတဲ့ လူတွေထံကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သတင်းအရင်းအမြစ်က Intel ဟာ သူ့ရဲ့ XMM 8160 5G Modem ကို အချိန်မှီ ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစောပိုင်းက အိုင်ဖုန်းအတွက် ၂၀၂၀ ခုနှစ်မှာ အဲဒီ မိုဒမ်ကို ထုတ်လုပ်ဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲဒီ အချိန်ကို မှီအောင် မထုတ်လုပ်ပေးနိုင်တဲ့ အတွက် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်မယ့် iPhone 12 အတွက် လုံလောက်တဲ့ မိုဒမ်များ ရလာမှာ မဟုတ်တော့ပါဘူး။ အဲဒီအတွက် Apple ဟာ ၂၀၂၀ ခုနှစ်မှာလည်း 4G iPhone သာ ထုတ်လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကျမှသာ 5G iPhone ကို ထုတ်လုပ်နိုင်မှာပါ။ ဒါဟာ 5G Android Phone တွေထက် ၂ နှစ်တောင် နောက်ကျမှာ ဖြစ်ပါတယ်။

ခေတ်ပေါ် ချစ်ပ်များကို ထုတ်လုပ်ပေးနေတဲ့ Qualcomm နဲ့ Apple တို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားနေပါတယ်။ Samsung နဲ့ Huawei တို့ဟာ 5G Modem များကို ဖန်တီးနေပေမယ့် Apple ရဲ့ ပြိုင်ဖက်များ ဖြစ်နေပါတယ်။ Apple ဟာ Intel ရဲ့ 8161 5G Modem ကို အသုံးပြုမယ်လို့ သတင်းထွက်နေပါတယ်။ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများမှာလည်း Intel ရဲ့ ချစ်ပ်များကို အသုံးပြုထားပါတယ်။

Ref: techradar

၂၀၂၁ ခုနှစ်ကျမှ ထွက်လာနိုင်မယ့် 5G iPhone

%d bloggers like this: