0 Shares 231 Views


Apr 09, 2019
0 231






Ref : gsmarena

[Unicode]

OnePlus 7 ရဲ့ Cases များ ထွက်ပေါ်လာ

OnePlus 7 ရဲ့ သတင်းအချက်အလက်များ အွန်လိုင်းမှာ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ကေ့စ်များ ထွက်လာပါတယ်။ ကေ့စ်များမှာ အနောက်ကင်မရာ သုံးလုံးအတွက် ဒေါင်လိုက် အပေါက်အရှည်ကို မြင်ရပါတယ်။ Slider ဆဲလ်ဖီး ကင်မရာအတွက် ထိပ်မှာ အပေါက်ဖောက်ထားပါတယ်။


နားကြပ်ပေါက်တော့ မပါပါဘူး။ အောက်ခြေမှာ USB-C Port နဲ့ စပီကာများအတွက် အပေါက်များ ပါပါတယ်။ မိုက်ကရိုဖုန်း ၂ လုံးလည်း ပါလာမှာပါ။ ပြီးခဲ့တဲ့လ အစောပိုင်းကပဲ သူ့ကို Giztop အရောင်းဆိုင်က စာရင်းတင်ထားပါတယ်။ အဲဒီမှာ သူ့ရဲ့ ဓါတ်ပုံနဲ့ Specs များကို ပြသထားပါတယ်။ အရောင်းဆိုင်က ဖော်ပြထားတဲ့ Specs များကို အောက်မှာ လေ့လာပါ။

6.5-inch AMOLED screen, world’s fastest screen unlock.
• Qualcomm Snapdragon 855 Soc, up to 2.84GHz, with Adreno 640 GPU.
• Rear triple cameras: 48MP+20MP+5MP, 16MP pop up selfie camera.
• 8GB/12GB RAM, 128GB/256GB storage.
• 4000mAh battery, 44W super fast Dash charging.
• Oxygen OS 9 base on Android 9.0 Pie.

သူ့မှာ ကြိုးမဲ့ အားသွင်း နည်းပညာ မပါဘူးလို့ ကုမ္ပဏီရဲ့ စီအီးအို Carl Pei က အတည်ပြုထားပါတယ်။ OnePlus 7 ကို တရားဝင် မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ အဲဒီ အချိန်ကျမှ သတင်းအချက်အလက် အသေးစိတ်ကို သိရမှာပါ။

Ref : gsmarena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category