0 Shares 201 Views


Apr 09, 2019
0 201






[Unicode]

Version ၄ မျိုး ထွက်လာမယ့် Samsung Galaxy Note 10

Samsung Galaxy Note 10 ရဲ့ အရွယ်သေး ဗားရှင်းထွက်လာမယ်လို့ အရင်က သတင်းထွက်ထားပါတယ်။ အခုတော့ တောင်ကိုရီးယားကနေ ထွက်လာတဲ့ သတင်းအရ Galaxy Note 10 ဟာ ဗားရှင်း ၄ မျိုးထွက်လာမယ်လို့ သိရပါတယ်။ ၂ လုံးဟာ 5G Version ဖြစ်ပြီး နောက် ၂ လုံးဟာ 4G Version ဖြစ်ပါတယ်။

ဆမ်ဆောင်းက အရင်ကတော့ Note Version များကို ဒီလောက်များပြားစွာ ထုတ်လုပ်ခဲ့ခြင်း မရှိပါဘူး။ S10 Series များ အောင်မြင်လို့ ဒီလို ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဆမ်ဆောင်းက နှစ်တိုင်း စွမ်းရည်မြင့် Galaxy S Series ၂ လုံးသာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၂ ဆ တိုးလာပါတယ်။

S10 Series များကိုလည်း လေးခု ထုတ်လုပ်ထားပြီး S10 , S10+, S10e နဲ့ S10 5G များ ဖြစ်ပါတယ်။ အရွယ်သေး Note 10 ဟာ S10e ကို ပုံစံတူ ပြုလုပ်ထားမှာ ဇြစ်ပြီး အပိုပါလာမှာက S Pen ဖြစ်ပါတယ်။ ဒီနှစ်မှာ ထွက်လာမယ့် 5G Phone များကို ယှဉ်ပြိုင်ဖို့အတွက် Note 10 5G Version ၂ လုံးကို ထုတ်လုပ်မှာပါ။

အရွယ်သေး Galaxy Note 10 မှာ Note 9 ရဲ့ ၆.၄ လက်မ မျက်နှာပြင်ထည့်သွင်းထားမှာ ဖြစ်ပြီး အခြား မော်ဒယ်များမှာ ၆.၇ လက်မ မျက်နှာပြင်ပါမယ်လို့ သတင်းထွက်နေပါတယ်။ LTE Model ၂ လုံးမှာ ၆.၂၈ နဲ့ ၆.၇၅ လက်မမျက်နှာပြင်များ ပါလာမှာပါ။ ကင်မရာ ၃ လုံးနဲ့ ၄ လုံး အသီးသီး ထည့်သွင်းထားမှာပါ။ အဲဒီ Specs များကိုလည်း အခြား မော်ဒယ်များမှာ ထည့်သွင်းထားမှာပါ။ အဓိကကွာခြားတာက 5G ဖြစ်ပါတယ်။

Ref : gsmarena, sammobile

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category