0 Shares 200 Views

Android အတြက္ အလန္းစား VPN မ်ား

Apr 08, 2019
0 200

VPN Apps မ်ားဟာ သင့္ရဲ႕ IP Address ကို ေဖ်ာက္ေပးႏုိင္တဲ့အတြက္ အင္တာနက္မွာ ေျခရာေဖ်ာက္ႏိုင္သလို သင့္ႏုိင္ငံမွ ၾကည့္လို႔ မရတဲ့ ၀က္ဆိုက္မ်ားကိုလည္း ေက်ာ္ခြ ၾကည့္ႏိုင္ပါတယ္။ အစိုးရနဲ႔ ISP မ်ားက သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈကို ေျခရာခံလို႔ မရပါဘူး။ VPN Apps မ်ားစြာ အထဲကမွ အေကာင္းဆံုးမ်ားကို ေရြးခ်ယ္ တင္ဆက္ေပးလိုက္ပါတယ္။

၁။ SurfEasy

SurfEasy ကို Opera က ထုတ္လုပ္ထားၿပီး အခမဲ့ သံုးႏုိင္ပါတယ္။ ကမာၻအ၀န္းမွာ အသံုးျပဳသူ သန္း ၃၅၀ ေက်ာ္ ရွိပါတယ္။ အင္တာနက္မွာ ကိုယ္ေယာင္ေဖ်ာက္ေပးႏုိင္တ့ဲအတြက္ သင့္ရဲ႕ Privacy အတြက္ စိတ္ခ်ရပါတယ္။ အေကာင့္တစ္ခုအတြက္ သင့္ Device ၅ ခုမွာ သူ႔ကို သံုးႏုိင္ပါတယ္။ အိမ္၊ ေက်ာင္း၊ ရံုး စတဲ့ ေနရာ အားလံုးမွာ သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈကို ဖံုးကြယ္ေပးႏုိင္ပါတယ္။

Download

၂။ VPN SecureLine by Avast – Security & Privacy Proxy

SecureLine VPN ကို Avast က ဖန္တီးထားတာ ျဖစ္ပါတယ္။ သင့္ႏိုင္ငံကေန ၾကည့္လို႔ မရတဲ့ ၀က္ဆိုက္မ်ားကို ၾကည့္ဖို႔၊ သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈကို လံုျခံဳေစဖို႔အတြက္ အေကာင္းဆံုး VPN App တစ္ခု ျဖစ္ပါတယ္။ ႏိုင္ငံမ်ားစြာကို ေရြးခ်ယ္ႏုိင္တဲ့အတြက္ ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ၾကည့္ဖို႔ အဆင္ေျပပါတယ္။ Private Encryption VPN Tunnel ကို သံုးထားတဲ့အတြက္ အမ်ားသံုး ၀ိုင္ဖုိုင္ကို သင္ သံုးေနရင္ေတာင္ ဟက္ကာမ်ားက သင့္ရဲ႕ ေဒတာမ်ားကို မခိုးႏုိင္ပါဘူး။

Download

၃။ FREEDOME VPN Unlimited anonymous Wifi Security

F-Secure Freedome VPN ကလည္း အေကာင္းဆံုးမ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ User Interface က ရိုးရွင္းၿပီး အသံုးျပဳရတာ လြယ္ကူပါတယ္။ အင္တာနက္မွာ ေျခရာလက္ရာ မက်န္ခ်င္ရင္ F-Secure Freedome VPN က ေရြးခ်ယ္စရာ တစ္ခု ျဖစ္ပါတယ္။

Download

၄။ VPN: Best Private & Secure VyprVPN

VyprVPN က သင့္ရဲ႕ Online Privacy အတြက္ ေကာင္းမြန္တဲ့ VPN App တစ္ခု ျဖစ္ပါတယ္။ အခမဲ့ အေနျဖင့္ အေကာင့္တစ္ခုလွ်င္ 1GB သံုးႏုိင္ပါတယ္။ သင့္ရဲ႕ Android Device ကေန လံုျခံဳစြာ အင္တာနက္ သံုးခ်င္ရင္ေတာ့ VyprVPN ကို စမ္းသပ္ အသံုးျပဳသင့္ပါတယ္။

Download

၅။ TunnelBear VPN

TunnelBear က Android အတြက္ နာမည္ႀကီးတဲ့ VPN App တစ္ခု ျဖစ္ပါတယ္။ အေမရိကန္၊ ၿဗိတိန္တို႔လို Virtual Location ကို အသံုးျပဳ၍ ကန္႔သတ္ထားတဲ့ ၀က္ဆိုက္မ်ားကို ၾကည့္ႏုိင္ပါတယ္။ လံုျခံဳတဲ့ Encryption ခံထားတဲ့အတြက္ ေနအိမ္၊ ေက်ာင္းနဲ႔ အမ်ားသံုး ၀ိုင္ဖိုင္မ်ားမွာ သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈကို ေျခရာေဖ်ာက္ေပးႏုိင္ပါတယ္။

Download

၆။ Hotspot Shield

Hotspot Shield က လြန္ခဲ့တဲ့ ႏွစ္မ်ားစြာ ကတည္းက ထြက္ေပၚခဲ့တဲ့ နာမည္ႀကီး VPN App တစ္ခု ျဖစ္ပါတယ္။ အမ်ားသံုး ၀ိုင္ဖိုင္မ်ားမွာေတာင္ သင့္ရဲ႕ ေဒတာမ်ားကို လံုျခံဳေစပါတယ္။ အြန္လိုင္းမွာ သင့္ကို ကာကြယ္ေစာင့္ေရွာက္ေပးႏုိင္တဲ့အတြက္ စမ္းသပ္ အသံုးျပဳသင့္ပါတယ္။

Download

၇။ ExpressVPN

ExpressVPN ကေတာ့ Android အတြက္ အျမန္ဆံုး VPN App ျဖစ္ပါတယ္။ လွ်င္ျမန္ၿပီး တုန္႔ျပန္မႈအား ေကာင္းပါတယ္။ အသံုးျပဳရတာလည္း လြယ္ကူပါတယ္။ သင့္ Android မွာ အင္စေတာလုပ္ၿပီးတာနဲ႔ ေနရာတိုင္း ၊ အခ်ိန္တိုင္း လံုျခံဳစိတ္ခ်စြာ အင္တာနက္ သံုးႏုိင္ပါတယ္။

Download

၈။ NordVPN

NordVPN ကလည္း Android အတြက္ ေကာင္းမြန္တဲ့ VPN App ျဖစ္ပါတယ္။ ေက်ာင္း၊ ရံုးနဲ႔ အမ်ားသံုး ၀ိုင္ဖိုင္မ်ားကို သံုးေနစဥ္မွာ သင့္ရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာမ်ား လံုျခံဳေအာင္ သူက ကာကြယ္ေပးပါတယ္။ အျခား VPN Apps မ်ားလိုပဲ ကန္႔သတ္ထားတဲ့ ၀က္ဆိုက္မ်ားကို ၾကည့္ႏုိင္ပါတယ္။

Download

၉။ Snap VPN – Unlimited Free & Super Fast VPN Proxy

Free VPN proxy by Snap VPN ကို အခမဲ့ အသံုးျပဳႏုိင္ၿပီး Username, Password မ်ားလည္း မလိုအပ္ပါဘူး။ တစ္နည္းအားျဖင့္ အေကာင့္တစ္ခု ျပဳလုပ္ဖုိ႔ မလိုအပ္ဘဲ သူ႔ကို အသံုးျပဳႏုိင္ပါတယ္။

Download

၁၀။ Turbo VPN

Turbo VPN ကိုလည္း Bandwidth အကန္႔အသတ္ မရွိ အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ၾကည့္ရႈႏိုင္ေအာင္ သူက ပံ့ပိုးေပးႏုိင္ပါတယ္။ အမ်ားသံုး ၀ိုင္ဖိုင္မ်ားမွာလည္း သင့္ရဲ႕ ေဒတာမ်ားကို သူက ကာကြယ္ေပးပါတယ္။

Download

ref : tricksgalaxy

[Unicode]

Android အတွက် အလန်းစား VPN များ

VPN Apps များဟာ သင့်ရဲ့ IP Address ကို ဖျောက်ပေးနိုင်တဲ့အတွက် အင်တာနက်မှာ ခြေရာဖျောက်နိုင်သလို သင့်နိုင်ငံမှ ကြည့်လို့ မရတဲ့ ဝက်ဆိုက်များကိုလည်း ကျော်ခွ ကြည့်နိုင်ပါတယ်။ အစိုးရနဲ့ ISP များက သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို ခြေရာခံလို့ မရပါဘူး။ VPN Apps များစွာ အထဲကမှ အကောင်းဆုံးများကို ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။

၁။ SurfEasy

SurfEasy ကို Opera က ထုတ်လုပ်ထားပြီး အခမဲ့ သုံးနိုင်ပါတယ်။ ကမ္ဘာအဝန်းမှာ အသုံးပြုသူ သန်း ၃၅၀ ကျော် ရှိပါတယ်။ အင်တာနက်မှာ ကိုယ်ယောင်ဖျောက်ပေးနိုင်တဲ့အတွက် သင့်ရဲ့ Privacy အတွက် စိတ်ချရပါတယ်။ အကောင့်တစ်ခုအတွက် သင့် Device ၅ ခုမှာ သူ့ကို သုံးနိုင်ပါတယ်။ အိမ်၊ ကျောင်း၊ ရုံး စတဲ့ နေရာ အားလုံးမှာ သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို ဖုံးကွယ်ပေးနိုင်ပါတယ်။

Download

၂။ VPN SecureLine by Avast – Security & Privacy Proxy

SecureLine VPN ကို Avast က ဖန်တီးထားတာ ဖြစ်ပါတယ်။ သင့်နိုင်ငံကနေ ကြည့်လို့ မရတဲ့ ဝက်ဆိုက်များကို ကြည့်ဖို့၊ သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို လုံခြုံစေဖို့အတွက် အကောင်းဆုံး VPN App တစ်ခု ဖြစ်ပါတယ်။ နိုင်ငံများစွာကို ရွေးချယ်နိုင်တဲ့အတွက် နိုင်ငံကန့်သတ်ချက်ရှိတဲ့ ဝက်ဆိုက်များကို ကြည့်ဖို့ အဆင်ပြေပါတယ်။ Private Encryption VPN Tunnel ကို သုံးထားတဲ့အတွက် အများသုံး ဝိုင်ဖိုင်ကို သင် သုံးနေရင်တောင် ဟက်ကာများက သင့်ရဲ့ ဒေတာများကို မခိုးနိုင်ပါဘူး။

Download

၃။ FREEDOME VPN Unlimited anonymous Wifi Security

F-Secure Freedome VPN ကလည်း အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်ပါတယ်။ User Interface က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ အင်တာနက်မှာ ခြေရာလက်ရာ မကျန်ချင်ရင် F-Secure Freedome VPN က ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။

Download

၄။ VPN: Best Private & Secure VyprVPN

VyprVPN က သင့်ရဲ့ Online Privacy အတွက် ကောင်းမွန်တဲ့ VPN App တစ်ခု ဖြစ်ပါတယ်။ အခမဲ့ အနေဖြင့် အကောင့်တစ်ခုလျှင် 1GB သုံးနိုင်ပါတယ်။ သင့်ရဲ့ Android Device ကနေ လုံခြုံစွာ အင်တာနက် သုံးချင်ရင်တော့ VyprVPN ကို စမ်းသပ် အသုံးပြုသင့်ပါတယ်။

Download

၅။ TunnelBear VPN

TunnelBear က Android အတွက် နာမည်ကြီးတဲ့ VPN App တစ်ခု ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်တို့လို Virtual Location ကို အသုံးပြု၍ ကန့်သတ်ထားတဲ့ ဝက်ဆိုက်များကို ကြည့်နိုင်ပါတယ်။ လုံခြုံတဲ့ Encryption ခံထားတဲ့အတွက် နေအိမ်၊ ကျောင်းနဲ့ အများသုံး ဝိုင်ဖိုင်များမှာ သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို ခြေရာဖျောက်ပေးနိုင်ပါတယ်။

Download

၆။ Hotspot Shield

Hotspot Shield က လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ထွက်ပေါ်ခဲ့တဲ့ နာမည်ကြီး VPN App တစ်ခု ဖြစ်ပါတယ်။ အများသုံး ဝိုင်ဖိုင်များမှာတောင် သင့်ရဲ့ ဒေတာများကို လုံခြုံစေပါတယ်။ အွန်လိုင်းမှာ သင့်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့အတွက် စမ်းသပ် အသုံးပြုသင့်ပါတယ်။

Download

၇။ ExpressVPN

ExpressVPN ကတော့ Android အတွက် အမြန်ဆုံး VPN App ဖြစ်ပါတယ်။ လျှင်မြန်ပြီး တုန့်ပြန်မှုအား ကောင်းပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ သင့် Android မှာ အင်စတောလုပ်ပြီးတာနဲ့ နေရာတိုင်း ၊ အချိန်တိုင်း လုံခြုံစိတ်ချစွာ အင်တာနက် သုံးနိုင်ပါတယ်။

Download

၈။ NordVPN

NordVPN ကလည်း Android အတွက် ကောင်းမွန်တဲ့ VPN App ဖြစ်ပါတယ်။ ကျောင်း၊ ရုံးနဲ့ အများသုံး ဝိုင်ဖိုင်များကို သုံးနေစဉ်မှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများ လုံခြုံအောင် သူက ကာကွယ်ပေးပါတယ်။ အခြား VPN Apps များလိုပဲ ကန့်သတ်ထားတဲ့ ဝက်ဆိုက်များကို ကြည့်နိုင်ပါတယ်။

Download

၉။ Snap VPN – Unlimited Free & Super Fast VPN Proxy

Free VPN proxy by Snap VPN ကို အခမဲ့ အသုံးပြုနိုင်ပြီး Username, Password များလည်း မလိုအပ်ပါဘူး။ တစ်နည်းအားဖြင့် အကောင့်တစ်ခု ပြုလုပ်ဖို့ မလိုအပ်ဘဲ သူ့ကို အသုံးပြုနိုင်ပါတယ်။

Download

၁၀။ Turbo VPN

Turbo VPN ကိုလည်း Bandwidth အကန့်အသတ် မရှိ အခမဲ့ အသုံးပြုနိုင်ပါတယ်။ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ဝက်ဆိုက်များကို ကြည့်ရှုနိုင်အောင် သူက ပံ့ပိုးပေးနိုင်ပါတယ်။ အများသုံး ဝိုင်ဖိုင်များမှာလည်း သင့်ရဲ့ ဒေတာများကို သူက ကာကွယ်ပေးပါတယ်။

Download

ref : tricksgalaxy

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category