Android Q မှာ 3D Touch လို လုပ်ဆောင်ချက် ပါမည်

Google က ဖိအား အာရုံခံ စကရင်များ မလိုဘဲ စကရင်ကို ဖိထားရင် Apple 3D Touch လုပ်ဆောင်ချက်မျိုးကို Oreo မှာ ၂၀၁၇ ခုနှစ်တွင် ထည့်သွင်းပေးခဲ့ပါတယ်။ စွမ်းရည်က တူသလို ရှိပေမယ့် အန်းဒရွိုက်မှာ Context Menu ပေါ်ဖို့ ဒီလို ဖိရင် အချိန်အနည်းငယ်ကြာတတ်ပါတယ်။ ZTE နဲ့ Samsung တို့က iPhone ရဲ့ အဲဒီလုပ်ဆောင်ချက်ကို တုပပြီး သူ့ရဲ့ ဖုန်းများမှာ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် OS Level မှာ မပါတဲ့ အတွက် အဲဒီလုပ်ဆောင်ချက်များက သိပ်မလန်းပါဘူး။ Apple က iPhone 6S မှာ 3D Touch ကို မိတ်ဆက်အပြီး လေးနှစ်အကြာမှာတော့ ဂူဂယ်က Android Q မှာ ဖိအား အာရုံခံ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးတော့မယ့်ပုံပေါ်ပါတယ်။

Android Q ရဲ့ စာရွက်စာတမ်းများအရ အဲဒီလုပ်ဆောင်ချက်ကို Deep Press လို့ အမည်ပေးပါတယ်။ စကရင်ကို အားနဲ့ ဖိလိုက်ရင် အလုပ်များ လုပ်ပေးမှာပါ။ တရားဝင် ဖော်ပြချက်မှာ Long Press Behavior ကို အရှိန်မြှင့်ဖို့ အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ လုပ်ဆောင်ချက်ကို အသုံးပြုဖို့ အတွက် ဖိအား အာရုံခံ အထူး မျက်နှာပြင်များ လိုအပ်သလား ၊ ဒါမှမဟုတ် လက်ရှိ မျက်နှာပြင် နည်းပညာနဲ့ပဲ အလုပ်လုပ်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ရှိ App များမှာလည်း ဖိအားကို အာရုံခံနိုင်တဲ့ စွမ်းရည်များ ပါကြပါတယ်။ အဲဒီအတွက် Deep Press ဟာ လက်ရှိ ဟန်းဆက်များနဲ့ အလုပ်လုပ်နိုင်ပါတယ်။

Ref : androidpolice

Android Q မှာ 3D Touch လို လုပ်ဆောင်ချက် ပါမည်

%d bloggers like this: