0 Shares 206 Views


Apr 08, 2019
0 206





Ref : androidheadlines

[Unicode]

ကင်မရာများကို အရှေ့နဲ့ အနောက် လှည့်ပတ်သုံးနိုင်မယ့် Samsung Galaxy A80

Samsung က Galaxy A80 အမည်ရ စမတ်ဖုန်း တစ်လုံးကို ပြသဖို့ ရှိနေပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြားထွက်လာပါတယ်။ သူ့ရဲ့ မော်ဒယ် နံပါတ်ဟာ SM-A805F ဖြစ်ပြီး ကုမ္ပဏီရဲ့ လက်တင်အမေရိက ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သူ့ကို ကြေညာပြီးတာနဲ့ အဲဒီမှာ ရောင်းချမှာ ဖြစ်ပါတယ်။

သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး Galaxy A90 လို့လည်း သူ့ကို အမည်ပေးထားနိုင်ပါတယ်။ သူ့ရဲ့ မျက်နှာပြင် အချိုးဟာ 20:9 ဖြစ်ပါတယ်။ ၆.၇ လက်မ 2400x1080p Display ပါလာနိုင်ပါတယ်။ Android 9 Pie အခြေပြု One UI ထည့်သွင်းထားမျာ ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 7150 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 2.2GHz Octa-core CPU ပါလာမှာပါ။

ဘက်ထရီက 3700mAh ဖြစ်ပြီး 25Watts Fast Charging ပါပါတယ်။ ကိုယ်ထည်ဟာ သတ္တုနဲ့ ဖန်ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်က ကင်မရာများ ဖြစ်ပါတယ်။ သူ့မှာ ကင်မရာ သုံးလုံး ပါပြီး အရှေ့နဲ့ အနောက်ကို လှည့်ပတ် အသုံးပြုနိုင်တာက ထူးခြားချက်ပါ။ 48MP Main + 8MP f/2.4+ ToF Camera များ ဖြစ်ကြပါတယ်။

လာမယ့် ၁၀ ရက်နေ့မှာ သူ့ကို ကြေညာဖို့ ရှိနေပါတယ်။ သူ့ကို Galaxy A80 လို့ အမည်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက Galaxy A90 ကိုလည်း သီးခြား ပြသနိုင်ပါတယ်။ Galaxy A90 ရဲ့ ဗီဒီယိုတစ်ခုလည်း မကြာခင်က ထွက်လာခဲ့ဖူးပြီး သူ့မှာလည်း အလားတူ ကင်မရာများ ပါပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ ကြည့်ပါ။

Ref : androidheadlines

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category