0 Shares 425 Views

လူတစ္ေယာက္ရဲ႕ အသက္ကို ကယ္တင္လိုက္တဲ့ Apple Watch

Apr 08, 2019
0 425

Reddit လူမႈကြန္ရက္ အသံုးျပဳသူတစ္ဦးက Apple Watch က သူ႔အသက္ကို ကယ္တင္လိုက္တဲ့ စိတ္၀င္စားစရာ ဇာတ္လမ္းကို ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕ ႏွလံုးခုန္ႏႈန္း မူမမွန္တာကို စမတ္နာရီက သတိေပးခဲ့လို႔ သူ႔ အသက္ခ်မ္းသာရာ ရခဲ့တာပါ။

သူက “ ကြ်န္ေတာ္ တီဗီၾကည့္ရင္း၊ အိမ္လုပ္ ဘီစကစ္ကို စားရင္း အိပ္ယာထဲမွာ လဲွေနပါတယ္။ အဲဒီအခ်ိန္မွာ Apple Watch က ကြ်န္ေတာ့္ ႏွလံုးခုန္ႏႈန္းဟာ ပံုမွန္ မဟုတ္ဘူးဆိုတာကို အသိေပးလာပါတယ္။ ကြ်န္ေတာ့္ ႏွလံုးခုန္ႏႈန္းဟာ အရမ္းကို ျမန္ေနတယ္လို႔ ေျပာပါတယ္။ အဲဒါနဲ႔ အေရးေပၚ လူနာတင္ကားကို ေခၚလိုက္ပါတယ္။ သူတို႔ေရာက္လာတဲ့ အခ်ိန္မွာ ကြ်န္ေတာ့္တစ္ကိုယ္လံုးဟာ တုန္ခါေနၿပီး အေျခအေန ေတာ္ေတာ္ဆိုးေနပါၿပီ။ Apple Watch ရဲ႕ ေက်းဇူးေၾကာင့္ ေဆးရံု ျမန္ျမန္ေရာက္ခဲ့ၿပီး ဘာမွ ဆိုးဆိုးရြားရြား မျဖစ္ခင္ ျပန္က်န္းမာသြားပါတယ္။ “ လို႔ ေရးသားထားပါတယ္။

ေဆးရံုက ဆရာ၀န္က သူ႔ကို ECG ရိုက္ခဲ့ရာမွာလည္း Apple Watch ရဲ႕ စစ္ေဆးခ်က္နဲ႔ တူညီေနပါတယ္။ ႏွလံုးခုန္ႏႈန္း အလြန္ျမန္သြားတာ ျဖစ္ပါတယ္။ သူဟာ Supraventricular Tachycardia အမည္ရ ႏွလံုးေရာဂါ ခံစားေနရတယ္လို႔ ေဆးရံုက ေကာက္ခ်က္ခ်ပါတယ္။ သူက Apple Watch သာ သူ႔ကို ေစာေစာစီးစီး အသိမေပးရင္ အေရးေပၚကားကိုေတာင္ ေခၚႏုိင္ေတာ့မွာ မဟုတ္ဘူးလို႔ ေရးသားထားပါတယ္။

Ref : gsmarena

[Unicode]

လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်တဲ့ Apple Watch

Reddit လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက Apple Watch က သူ့အသက်ကို ကယ်တင်လိုက်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကို ဖော်ပြထားပါတယ်။ သူ့ရဲ့ နှလုံးခုန်နှုန်း မူမမှန်တာကို စမတ်နာရီက သတိပေးခဲ့လို့ သူ့ အသက်ချမ်းသာရာ ရခဲ့တာပါ။

သူက “ ကျွန်တော် တီဗီကြည့်ရင်း၊ အိမ်လုပ် ဘီစကစ်ကို စားရင်း အိပ်ယာထဲမှာ လဲှနေပါတယ်။ အဲဒီအချိန်မှာ Apple Watch က ကျွန်တော့် နှလုံးခုန်နှုန်းဟာ ပုံမှန် မဟုတ်ဘူးဆိုတာကို အသိပေးလာပါတယ်။ ကျွန်တော့် နှလုံးခုန်နှုန်းဟာ အရမ်းကို မြန်နေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အရေးပေါ် လူနာတင်ကားကို ခေါ်လိုက်ပါတယ်။ သူတို့ရောက်လာတဲ့ အချိန်မှာ ကျွန်တော့်တစ်ကိုယ်လုံးဟာ တုန်ခါနေပြီး အခြေအနေ တော်တော်ဆိုးနေပါပြီ။ Apple Watch ရဲ့ ကျေးဇူးကြောင့် ဆေးရုံ မြန်မြန်ရောက်ခဲ့ပြီး ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ခင် ပြန်ကျန်းမာသွားပါတယ်။ “ လို့ ရေးသားထားပါတယ်။

ဆေးရုံက ဆရာဝန်က သူ့ကို ECG ရိုက်ခဲ့ရာမှာလည်း Apple Watch ရဲ့ စစ်ဆေးချက်နဲ့ တူညီနေပါတယ်။ နှလုံးခုန်နှုန်း အလွန်မြန်သွားတာ ဖြစ်ပါတယ်။ သူဟာ Supraventricular Tachycardia အမည်ရ နှလုံးရောဂါ ခံစားနေရတယ်လို့ ဆေးရုံက ကောက်ချက်ချပါတယ်။ သူက Apple Watch သာ သူ့ကို စောစောစီးစီး အသိမပေးရင် အရေးပေါ်ကားကိုတောင် ခေါ်နိုင်တော့မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category