0 Shares 390 Views

Xiaomi က Mi 9 ကို တိုးျမွင့္ ထုတ္လုပ္ေန

Apr 08, 2019
0 390

Xiaomi က ဒီႏွစ္ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားကို ေၾကညာၿပီးပါၿပီ။ Mi 9 ဟာ Snapdragon 855 , Triple Camera နဲ႔ OLED Screen မ်ား ပါတဲ့ အလန္းစား ဖုန္းပါ။ ယူရို ၅၀၀ ေအာက္သာ ရွိတဲ့ အတြက္ စတင္ ေရာင္းတဲ့ ေဖေဖာ္၀ါရီလကတည္းက ၀ယ္လိုအား အလြန္ကို မ်ားခဲ့ပါတယ္။ ေရွာင္မီက ၀ယ္လိုအားကို ျပည့္၀ေအာင္ မထုတ္ႏုိင္ခဲ့ပါဘူး။ အခုေတာ့ အဲဒီ ျပႆနာကို ကုမၸဏီက ေျဖရွင္းလိုက္ႏုိင္ပါၿပီ။ စီအီးအို လီဂြ်န္က Mi 9 Series မ်ားကို တိုးျမွင့္ ထုတ္လုပ္လိုက္ႏုိင္ၿပီလို႔ ၀ီဘိုမွာ ေရးသားထားပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က Mi 9 နဲ႔ Mi 9 SE မ်ားရဲ႕ ေရာင္းအားဟာ အလံုးေရ ၁.၅ သန္းရွိခဲ့ပါတယ္။ ဒါေပမယ့္ ကုမၸဏီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က မတ္လ အေစာပိုင္း ထုတ္လုပ္မႈမွာ အခက္အခဲမ်ား ရွိခဲ့တယ္လို႔ ေျပာပါတယ္။

အခုေတာ့ စီအီးအို က အဲဒီ ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ၿပီလို႔ ေျပာပါတယ္။ တစ္လကို Mi 9 အလံုးေရ တစ္သန္းေက်ာ္ ထုတ္လုပ္ႏုိင္ၿပီလို႔ ေျပာပါတယ္။ Mi 9 Explorer/Transparent Edition ကိုေတာ့ ကမာၻအ၀န္းမွာ မေရာင္းခ်ေသးပါဘူး။ သူ႔ကိုလည္း တိုးခ်ဲ႕ထုတ္လုပ္မယ္လို႔ ထင္ရပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က Mi 9 ကို တိုးမြှင့် ထုတ်လုပ်နေ

Xiaomi က ဒီနှစ်ရဲ့ စွမ်းရည်မြင့် ဖုန်းများကို ကြေညာပြီးပါပြီ။ Mi 9 ဟာ Snapdragon 855 , Triple Camera နဲ့ OLED Screen များ ပါတဲ့ အလန်းစား ဖုန်းပါ။ ယူရို ၅၀၀ အောက်သာ ရှိတဲ့ အတွက် စတင် ရောင်းတဲ့ ဖေဖော်ဝါရီလကတည်းက ဝယ်လိုအား အလွန်ကို များခဲ့ပါတယ်။ ရှောင်မီက ဝယ်လိုအားကို ပြည့်ဝအောင် မထုတ်နိုင်ခဲ့ပါဘူး။ အခုတော့ အဲဒီ ပြဿနာကို ကုမ္ပဏီက ဖြေရှင်းလိုက်နိုင်ပါပြီ။ စီအီးအို လီဂျွန်က Mi 9 Series များကို တိုးမြှင့် ထုတ်လုပ်လိုက်နိုင်ပြီလို့ ဝီဘိုမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က Mi 9 နဲ့ Mi 9 SE များရဲ့ ရောင်းအားဟာ အလုံးရေ ၁.၅ သန်းရှိခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က မတ်လ အစောပိုင်း ထုတ်လုပ်မှုမှာ အခက်အခဲများ ရှိခဲ့တယ်လို့ ပြောပါတယ်။

အခုတော့ စီအီးအို က အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။ တစ်လကို Mi 9 အလုံးရေ တစ်သန်းကျော် ထုတ်လုပ်နိုင်ပြီလို့ ပြောပါတယ်။ Mi 9 Explorer/Transparent Edition ကိုတော့ ကမ္ဘာအဝန်းမှာ မရောင်းချသေးပါဘူး။ သူ့ကိုလည်း တိုးချဲ့ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category