0 Shares 191 Views

စမတ္က်တဲ့ ျခင္ဖမ္းစက္

Apr 08, 2019
0 191

ျခင္ေပါတဲ့ ျမန္မာႏိုင္ငံအတြက္ေတာ့ ဒီစက္ေလးက အလြန္ကို အသံုး၀င္ပါတယ္။ ျခင္မ်ားဟာ လူသားမ်ားအတြက္ အလြန္ကို ဒုကၡေပးတဲ့ သတၱ၀ါမ်ားပါ။ ဘီလ္ဂိတ္ရဲ႕ ဘေလာ့မွာ ေဖာ္ျပထားခ်က္အရ ျခင္မ်ားေၾကာင့္ တစ္ႏွစ္လွ်င္ လူေသဆံုးမႈဟာ ၇၂၅ ၀၀၀ ေတာင္ ရွိေနပါတယ္။ ျခင္မ်ားက လူသားမ်ားအား ဗိုင္းရက္စ္မ်ား၊ ေရာဂါမ်ား ကူးစက္ေစတတ္သလို အသက္ေသဆံုးတဲ့ အထိ အႏၱရာယ္ေပးႏုိင္ပါတယ္။

ဒါ့အျပင္ လူေတြရဲ႕ အိပ္စက္မႈကိုလည္း အေႏွာင့္အယွက္ ေပးၾကပါတယ္။ ျခင္ကိုက္ရင္ အေရျပား ယားယံျခင္းမ်ား၊ အဖုမ်ားကိုလည္း ျဖစ္ေစပါတယ္။ အရင္တုန္းကေတာ့ ျခင္မ်ားကို ႏွိမ္နင္းဖို႔ ျဖန္းေဆးမ်ား၊ ျခင္ေဆးေခြမ်ား၊ ခရင္မ်ားကို အသံုးျပဳၾကပါတယ္။ ဒါေပမယ့္ အဲဒီ နည္းလမ္းမ်ားဟာ အခ်ိန္ ၁၉ မိနစ္ေလာက္သာ ကာကြယ္ေပးႏုိင္ပါတယ္။

ဒါ့အျပင္ အဲဒီ နည္းလမ္းမ်ားက ဓါတုေဗဒ ပစၥည္းမ်ားကို ထုတ္လႊင့္တဲ့ အတြက္ သဘာ၀ ပတ္၀န္းက်င္ကို ညစ္ညမ္းေစပါတယ္။ အခုေတာ့ စမတ္က်တဲ့ ျခင္ဖမ္းစက္ေပၚလာပါၿပီ။ သူ႔ကို ဂ်ာမနီ လူမ်ိဳး အင္ဂ်င္နီယာ ႏွစ္ဦးက ဖန္တီးထားတာပါ။ သူ႔ရဲ႕ အမည္က Mosquitron ျဖစ္ၿပီး သူက ျခင္အျပင္ ယင္ေကာင္နဲ႔ အင္းဆက္ပိုးမႊားမ်ားကို ဖမ္းဆီး သတ္ျဖတ္ေပးႏိုင္ပါတယ္။

သူက အလင္းေရာင္ျဖင့္ ျခင္မ်ားကို စြဲေဆာင္ၿပီး ဖမ္းဆီးေပးတာပါ။ ၿပီးရင္ သူတို႔ကို အပူေပးၿပီး ၂ မိနစ္အတြင္း သုတ္သင္ေပးပါတယ္။ ျခင္ အေသမ်ားကို လက္နဲ႔ ထိစရာေတာင္ မလိုဘဲ အမိႈက္ပံုးထဲ ပစ္ႏုိင္ပါတယ္။ သူ႔ကို အသံုးျပဳရတာ အလြန္လြယ္ကူပါတယ္။ သူ႔ကို သံုးဖို႔ ဘက္ထရီနဲ႔ ဓါတု ပစၥည္းမ်ားလည္း မလိုအပ္ပါဘူး။ ဆူညံသံလည္း မရွိပါဘူး။ ၈၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

[Unicode]

စမတ်ကျတဲ့ ခြင်ဖမ်းစက်

ခြင်ပေါတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီစက်လေးက အလွန်ကို အသုံးဝင်ပါတယ်။ ခြင်များဟာ လူသားများအတွက် အလွန်ကို ဒုက္ခပေးတဲ့ သတ္တဝါများပါ။ ဘီလ်ဂိတ်ရဲ့ ဘလော့မှာ ဖော်ပြထားချက်အရ ခြင်များကြောင့် တစ်နှစ်လျှင် လူသေဆုံးမှုဟာ ၇၂၅ ၀၀၀ တောင် ရှိနေပါတယ်။ ခြင်များက လူသားများအား ဗိုင်းရက်စ်များ၊ ရောဂါများ ကူးစက်စေတတ်သလို အသက်သေဆုံးတဲ့ အထိ အန္တရာယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် လူတွေရဲ့ အိပ်စက်မှုကိုလည်း အနှောင့်အယှက် ပေးကြပါတယ်။ ခြင်ကိုက်ရင် အရေပြား ယားယံခြင်းများ၊ အဖုများကိုလည်း ဖြစ်စေပါတယ်။ အရင်တုန်းကတော့ ခြင်များကို နှိမ်နင်းဖို့ ဖြန်းဆေးများ၊ ခြင်ဆေးခွေများ၊ ခရင်များကို အသုံးပြုကြပါတယ်။ ဒါပေမယ့် အဲဒီ နည်းလမ်းများဟာ အချိန် ၁၉ မိနစ်လောက်သာ ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အဲဒီ နည်းလမ်းများက ဓါတုဗေဒ ပစ္စည်းများကို ထုတ်လွှင့်တဲ့ အတွက် သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ အခုတော့ စမတ်ကျတဲ့ ခြင်ဖမ်းစက်ပေါ်လာပါပြီ။ သူ့ကို ဂျာမနီ လူမျိုး အင်ဂျင်နီယာ နှစ်ဦးက ဖန်တီးထားတာပါ။ သူ့ရဲ့ အမည်က Mosquitron ဖြစ်ပြီး သူက ခြင်အပြင် ယင်ကောင်နဲ့ အင်းဆက်ပိုးမွှားများကို ဖမ်းဆီး သတ်ဖြတ်ပေးနိုင်ပါတယ်။

သူက အလင်းရောင်ဖြင့် ခြင်များကို စွဲဆောင်ပြီး ဖမ်းဆီးပေးတာပါ။ ပြီးရင် သူတို့ကို အပူပေးပြီး ၂ မိနစ်အတွင်း သုတ်သင်ပေးပါတယ်။ ခြင် အသေများကို လက်နဲ့ ထိစရာတောင် မလိုဘဲ အမှိုက်ပုံးထဲ ပစ်နိုင်ပါတယ်။ သူ့ကို အသုံးပြုရတာ အလွန်လွယ်ကူပါတယ်။ သူ့ကို သုံးဖို့ ဘက်ထရီနဲ့ ဓါတု ပစ္စည်းများလည်း မလိုအပ်ပါဘူး။ ဆူညံသံလည်း မရှိပါဘူး။ ၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category