0 Shares 167 Views
Apr 08, 2019
0 167
Ref : bbc
[Unicode]
ဆယ်ကျော်သက်တွေ ဖုန်း အလွန်ကြည့်လို့ ဆိုးကျိုးမရှိဘူးလို့ စစ်တမ်းက ဖော်ပြ
ဆယ်ကျော်သက်တွေ ဖုန်း ၊ တက်ဘလက် ကြည့်တဲ့ အချိန် ပမာဏများရင် ဆိုးကျိုး ရှိနိုင်သလား ဆိုတာ သုတေသန စစ်တမ်းတစ်ခု ကောက်ယူခဲ့ကြပါတယ်။ အရင်ကတော့ ဆယ်ကျော်သက်တွေ ဖုန်း ကြည့်ချိန်များခြင်းဟာ ကိုယ်ရော ၊ စိတ်ပါ ထိခိုက်စေတယ်လို့ ပြောခဲ့ကြပါတယ်။ အခု စစ်တမ်းက အဲဒါကို ဆန့်ကျင်ထားပါတယ်။
အိပ်ယာ မဝင်ခင်မှာ ဖုန်းကြည့်ခြင်းဟာ အိပ်စက်မှုကို ထိခိုက်စေတယ်လို့ အရင်က ပြောခဲ့ကြဖူးပါတယ်။ အခု စစ်တမ်းက အိပ်ယာ မဝင်ခင်မှာ ဖုန်း ကြည့်ခြင်း၊ လိုင်းသုံးခြင်း၊ ဂိမ်း ကစားခြင်း၊ တီဗီ ကြည့်ခြင်းများဟာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို မထိခိုက်စေဘူးလို့ ပြောပါတယ်။
ဒီစစ်တမ်းကို အောက်စဖို့ဒ် တက္ကသိုလ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်နဲ့ အိုင်ယာလန် နိုင်ငံ ၃ ခုက ဒေတာများကို ကောက်ယူခဲ့ကြပါတယ်။ ပါဝင် ခဲ့တဲ့ လူပေါင်း ၁၇ ၀၀၀ ရှိပါတယ်။ သူတို့ဟာ နေ့စဉ် ဘယ်အချိန်မှာ ဘာတွေ လုပ်သလဲ ဆိုတဲ့ သတင်းအချက်အလက်များကို သုတေသနပညာရှင်များအား ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
သုတေသနကို ပြုလုပ်သူ Amy Orben က “ ဒီနေ့ခေတ်မှာ လူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ လုပ်ငန်းများမှာ စကရင်ပါတဲ့ အီလက်ထရောနစ် ကိရိယာများကို မဖြစ်မနေ အသုံးပြုနေကြပါတယ်။ အဲဒီအတွက် စကရင်ကို အလွန်အမင်း ကြည့်တာဟာ ကိုယ်နဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာကို အဖြေရှာဖို့ လိုအပ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : bbc
You may be interested
Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views
Triple Rear Cameras များပါမယ့် Motorola One Action
Ko Thuya - Jun 16, 2019
21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
Ko Thuya - Jun 16, 2019
ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Jun 16, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…
Leave a Comment
Most from this category