0 Shares 7836 Views

3D Printed Fingerprint နဲ႔ လွည့္စားခံလိုက္ရတဲ့ Galaxy S10 ရဲ႕ Fingerprint Sensor

Apr 08, 2019
0 7836

ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္း ဖုန္း ကုမၸဏီမ်ားဟာ လံုျခံဳေရးအတြက္ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ားကို ဖန္တီးခဲ့ၾကပါတယ္။ လက္ေဗြရာနဲ႔ မ်က္ႏွာ အာရံုခံ နည္းပညာမ်ား ျဖစ္ပါတယ္။ လက္၀ါးမွ ေသြးေၾကာမ်ားကို အာရံုခံႏုိင္တဲ့ ဆန္ဆာမ်ားကိုေတာင္ ဖန္တီးေနၾကပါတယ္။ ဒါေပမယ့္လည္း အဲဒီ လံုျခံဳေရး နည္းပညာမ်ားကို လွည့္စားလို႔ရတဲ့ နည္းလမ္းမ်ားလည္း ရွိေနပါတယ္။ အခုလည္း လူတစ္ဦးက သူ႔ရဲ႕ Galaxy S10 ရဲ႕ In-display Fingerprint Reader ကို 3G Printed Fingerprint နဲ႔ လွည့္စားႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

သူက လွည့္စားျပတဲ့ ဗီဒီယိုကို Imgur မွာ တင္ထားပါတယ္။ သူက သူ႔ရဲ႕ လက္ေဗြရာကို ဓါတ္ပံုရိုက္ၿပီး Photoshop မွာ တည္းျဖတ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ 3D Printer ကို သံုးၿပီး လက္ေဗြရာ အတုကို ဖန္တီးခဲ့တာပါ။ ပရင့္ထုတ္တာ ၁၃ မိနစ္ၾကာျမင့္တယ္လို႔ သူက ေရးသားထားပါတယ္။ လက္ေဗြရာ အတုနဲ႔ ဖုန္းရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို လွည့္စားႏိုင္ခဲ့တာကို ဗီဒီယိုမွာ ျမင္ရပါတယ္။


Galaxy S10 မွာ အျခား ဖုန္းမ်ားမွာလို Capacitive Fingerprint Scanner ကို မသံုးထားဘဲ Ultrasonic Sensor ကို သံုးထားပါတယ္။ အဲဒီ ဆန္ဆာ အသစ္ဟာ လွည့္စားဖို႔ ပိုခက္ခဲပါတယ္။ Darkshark က သူ႔ဖုန္းရဲ႕ လက္ေဗြရာ စနစ္ကို လွည့္စားဖို႔ အခ်ိန္သိပ္မၾကာခဲ့ဘူးလို႔ ေျပာပါတယ္။ ဖုန္းမွာ လက္ေဗြရာ စနစ္နဲ႔ ကာကြယ္ထားတဲ့ Mobile Banking App မ်ား ထည့္သြင္းထားရင္ေတာ့ စိတ္ပူစရာ ေကာင္းပါတယ္လို႔ သူက ေထာက္ျပပါတယ္။

Ref : theverge

[Unicode]

3D Printed Fingerprint နဲ့ လှည့်စားခံလိုက်ရတဲ့ Galaxy S10 ရဲ့ Fingerprint Sensor

ပြီးခဲ့တဲ့ နှစ်များအတွင်း ဖုန်း ကုမ္ပဏီများဟာ လုံခြုံရေးအတွက် အဆင့်မြင့် လုပ်ဆောင်ချက်များကို ဖန်တီးခဲ့ကြပါတယ်။ လက်ဗွေရာနဲ့ မျက်နှာ အာရုံခံ နည်းပညာများ ဖြစ်ပါတယ်။ လက်ဝါးမှ သွေးကြောများကို အာရုံခံနိုင်တဲ့ ဆန်ဆာများကိုတောင် ဖန်တီးနေကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ လုံခြုံရေး နည်းပညာများကို လှည့်စားလို့ရတဲ့ နည်းလမ်းများလည်း ရှိနေပါတယ်။ အခုလည်း လူတစ်ဦးက သူ့ရဲ့ Galaxy S10 ရဲ့ In-display Fingerprint Reader ကို 3G Printed Fingerprint နဲ့ လှည့်စားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

သူက လှည့်စားပြတဲ့ ဗီဒီယိုကို Imgur မှာ တင်ထားပါတယ်။ သူက သူ့ရဲ့ လက်ဗွေရာကို ဓါတ်ပုံရိုက်ပြီး Photoshop မှာ တည်းဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ 3D Printer ကို သုံးပြီး လက်ဗွေရာ အတုကို ဖန်တီးခဲ့တာပါ။ ပရင့်ထုတ်တာ ၁၃ မိနစ်ကြာမြင့်တယ်လို့ သူက ရေးသားထားပါတယ်။ လက်ဗွေရာ အတုနဲ့ ဖုန်းရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို လှည့်စားနိုင်ခဲ့တာကို ဗီဒီယိုမှာ မြင်ရပါတယ်။


Galaxy S10 မှာ အခြား ဖုန်းများမှာလို Capacitive Fingerprint Scanner ကို မသုံးထားဘဲ Ultrasonic Sensor ကို သုံးထားပါတယ်။ အဲဒီ ဆန်ဆာ အသစ်ဟာ လှည့်စားဖို့ ပိုခက်ခဲပါတယ်။ Darkshark က သူ့ဖုန်းရဲ့ လက်ဗွေရာ စနစ်ကို လှည့်စားဖို့ အချိန်သိပ်မကြာခဲ့ဘူးလို့ ပြောပါတယ်။ ဖုန်းမှာ လက်ဗွေရာ စနစ်နဲ့ ကာကွယ်ထားတဲ့ Mobile Banking App များ ထည့်သွင်းထားရင်တော့ စိတ်ပူစရာ ကောင်းပါတယ်လို့ သူက ထောက်ပြပါတယ်။

Ref : theverge

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category