0 Shares 145 Views

5G Chips နဲ႔ Modem ေတြကို အလုံးအရင္းနဲ႔ စ ထုတ္ေနၿပီျဖစ္ေၾကာင္း Samsung ေျပာၾကား

Apr 07, 2019
0 145

ေနာက္ဆုံးေပၚ ေမာ္ဒယ္ျမင့္စမတ္ဖုန္းေတြမွာ အသုံးျပဳဖို႔အတြက္ 5G Chips နဲ႔ Modems ေတြကို အလုံးအရင္းနဲ႔ စ ထုတ္ေနၿပီျဖစ္ေၾကာင္း Samsung Electronics က ၾကာသပေတးေန႔မွာ ေျပာၾကားခဲ့ပါတယ္။ ဒီ Chips ေတြကို ထုတ္လုပ္ဖို႔ တႏွစ္တာ အခ်ိန္ယူၿပီးေနာက္မွာ အလုံးအရင္းနဲ႔ စထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Samsung Exynos 5100 modem, Exynos 5500 RF transceiver နဲ႔ Exynos 5800 supply modulator တို႔ဟာ gigabit ျမန္ႏႈန္းရရွိႏိုင္တဲ့ 5G New Radio နဲ႔ sub-6 GHz လႈိင္းစဥ္တို႔ကို ဖမ္းယူ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ 5G ေခတ္မွာ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြအတြက္ အေကာင္းဆုံး ကြန္ရက္ဆက္သြယ္ခ်ိတ္ဆက္မႈ နည္းပညာေတြ ပါဝင္တဲ့ Chips ေတြ ျဖစ္ပါတယ္။

Exynos Modem 5100 ကေတာ့ ထုတ္ကုန္အသစ္မဟုတ္ပါဘူး။ အခုမွ အလုံးအရင္းနဲ႔ စထုတ္မွာ ျဖစ္ပါတယ္။ မၾကာခင္အခ်ိန္အတြင္း တျခားစမတ္ဖုန္းကုမၸဏီေတြလည္း ဒီ Modem ကို ဝယ္ယူအသုံးျပဳႏိုင္မွာပါ။ 2G GSM/CDMA ကေန 3G CDMA, TD-SCDMA, HSPA နဲ႔ 4G LTE လိုင္းေတြနဲ႔ ေနာက္လာမယ့္ 5G တို႔ကိုပါ ဒီ Chip တခုတည္းကေန ဖမ္းယူႏိုင္မွာ ျဖစ္ပါတယ္။ ဒီ Modem ရဲ႕ စြမ္းေဆာင္ရည္ကို တည္ၿငိမ္မႈရွိေစဖို႔နဲ႔ ပါဝါအသုံးျပဳမႈ သက္သာေစဖို႔အတြက္ ေနာက္ထပ္ Chip အသစ္ႏွစ္မ်ိဳးနဲ႔ ပူးတြဲ အသုံးျပဳသင့္တယ္လို႔ Samsung က အႀကံျပဳထားပါတယ္။

Exynos RF 5500 မွာ Downlaod receiver လမ္းေၾကာင္း ၁၄ ခု ပါဝင္ၿပီး၊ ေဒတာကူးေျပာင္းမႈျမန္ႏႈန္း အျမင့္ဆုံး ရရွိဖို႔အတြက္ 4×4 MIMO နဲ႔ 256 QAM တို႔ အသုံးျပဳႏိုင္ပါတယ္။ ေဒတာ ဖမ္းယူ၊ ပို႔လႊတ္မႈ ႏွစ္မ်ိဳးလုံးျပဳလုပ္ႏိုင္တဲ့ RF Transceiver ေတြဟာ ဆယ္လူလာကြန္ရက္ကေန ေဒတာေတြ ဖမ္း၊ ပို႔ဖို႔အတြက္ အဓိကက်တဲ့ အစိတ္အပိုင္းတခု ျဖစ္ပါတယ္။

Exynos SM5800 ကေတာ့ ပါဝါ ခ်ိန္ညႇိေထာက္ပံ့ေပးတဲ့ low-power supply modulator ျဖစ္ၿပီး၊ 100 MHz ET bandwidths အထိ support လုပ္ပါတယ္။ Modem ရဲ႕ RF input signal အတိုင္း ဗို႔အားေထာက္ပံ့မႈကို ခ်ိန္ညႇိေပးႏိုင္ၿပီး၊ ပါဝါသုံးစြဲမႈ ၃၀ ရာခိုင္ႏႈန္း ပိုသက္သာေအာင္ စြမ္းေဆာင္ေပးမွာပါ။

ေစ်းကြက္ဝင္ 5G ကြန္ရက္ကို ေတာင္ကိုရီးယားတႏိုင္ငံလုံးနီးပါးနဲ႔ အေမရိကန္က ၿမိဳ႕အခ်ိဳ႕မွာ စတင္လႊင့္ထားၿပီး ျဖစ္တာေၾကာင့္လည္း မၾကာခင္အခ်ိန္အတြင္း 5G သုံးႏိုင္တဲ့ ဖုန္းေတြကို ထပ္မံျမင္ေတြ႕ရဖို႔ ရွိပါတယ္။ ေလာေလာဆည္ 5G သုံးႏိုင္တဲ့ ေစ်းကြက္ဝင္ဖုန္းကေတာ့ Samsung Galaxy S10 5G ပဲ ရွိဦးမွာပါ။ Motorola ရဲ႕ Moto Z မွာလည္း Mod တပ္ၿပီး 5G သုံးလို႔ရတယ္ဆိုေပမယ့္ ဖုန္းမွာ တပါတည္း ပါလာတာ မဟုတ္ေတာ့ 5G ဖုန္းလို႔ မေခၚႏိုင္ပါဘူး။

Ref: GSM Arena, Samsung

5G Chips နဲ့ Modem တွေကို အလုံးအရင်းနဲ့ စ ထုတ်နေပြီဖြစ်ကြောင်း Samsung ပြောကြား

နောက်ဆုံးပေါ် မော်ဒယ်မြင့်စမတ်ဖုန်းတွေမှာ အသုံးပြုဖို့အတွက် 5G Chips နဲ့ Modems တွေကို အလုံးအရင်းနဲ့ စ ထုတ်နေပြီဖြစ်ကြောင်း Samsung Electronics က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီ Chips တွေကို ထုတ်လုပ်ဖို့ တနှစ်တာ အချိန်ယူပြီးနောက်မှာ အလုံးအရင်းနဲ့ စထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Samsung Exynos 5100 modem, Exynos 5500 RF transceiver နဲ့ Exynos 5800 supply modulator တို့ဟာ gigabit မြန်နှုန်းရရှိနိုင်တဲ့ 5G New Radio နဲ့ sub-6 GHz လှိုင်းစဉ်တို့ကို ဖမ်းယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 5G ခေတ်မှာ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် အကောင်းဆုံး ကွန်ရက်ဆက်သွယ်ချိတ်ဆက်မှု နည်းပညာတွေ ပါဝင်တဲ့ Chips တွေ ဖြစ်ပါတယ်။

Exynos Modem 5100 ကတော့ ထုတ်ကုန်အသစ်မဟုတ်ပါဘူး။ အခုမှ အလုံးအရင်းနဲ့ စထုတ်မှာ ဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်း တခြားစမတ်ဖုန်းကုမ္ပဏီတွေလည်း ဒီ Modem ကို ဝယ်ယူအသုံးပြုနိုင်မှာပါ။ 2G GSM/CDMA ကနေ 3G CDMA, TD-SCDMA, HSPA နဲ့ 4G LTE လိုင်းတွေနဲ့ နောက်လာမယ့် 5G တို့ကိုပါ ဒီ Chip တခုတည်းကနေ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒီ Modem ရဲ့ စွမ်းဆောင်ရည်ကို တည်ငြိမ်မှုရှိစေဖို့နဲ့ ပါဝါအသုံးပြုမှု သက်သာစေဖို့အတွက် နောက်ထပ် Chip အသစ်နှစ်မျိုးနဲ့ ပူးတွဲ အသုံးပြုသင့်တယ်လို့ Samsung က အကြံပြုထားပါတယ်။

Exynos RF 5500 မှာ Downlaod receiver လမ်းကြောင်း ၁၄ ခု ပါဝင်ပြီး၊ ဒေတာကူးပြောင်းမှုမြန်နှုန်း အမြင့်ဆုံး ရရှိဖို့အတွက် 4×4 MIMO နဲ့ 256 QAM တို့ အသုံးပြုနိုင်ပါတယ်။ ဒေတာ ဖမ်းယူ၊ ပို့လွှတ်မှု နှစ်မျိုးလုံးပြုလုပ်နိုင်တဲ့ RF Transceiver တွေဟာ ဆယ်လူလာကွန်ရက်ကနေ ဒေတာတွေ ဖမ်း၊ ပို့ဖို့အတွက် အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

Exynos SM5800 ကတော့ ပါဝါ ချိန်ညှိထောက်ပံ့ပေးတဲ့ low-power supply modulator ဖြစ်ပြီး၊ 100 MHz ET bandwidths အထိ support လုပ်ပါတယ်။ Modem ရဲ့ RF input signal အတိုင်း ဗို့အားထောက်ပံ့မှုကို ချိန်ညှိပေးနိုင်ပြီး၊ ပါဝါသုံးစွဲမှု ၃၀ ရာခိုင်နှုန်း ပိုသက်သာအောင် စွမ်းဆောင်ပေးမှာပါ။

စျေးကွက်ဝင် 5G ကွန်ရက်ကို တောင်ကိုရီးယားတနိုင်ငံလုံးနီးပါးနဲ့ အမေရိကန်က မြို့အချို့မှာ စတင်လွှင့်ထားပြီး ဖြစ်တာကြောင့်လည်း မကြာခင်အချိန်အတွင်း 5G သုံးနိုင်တဲ့ ဖုန်းတွေကို ထပ်မံမြင်တွေ့ရဖို့ ရှိပါတယ်။ လောလောဆည် 5G သုံးနိုင်တဲ့ စျေးကွက်ဝင်ဖုန်းကတော့ Samsung Galaxy S10 5G ပဲ ရှိဦးမှာပါ။ Motorola ရဲ့ Moto Z မှာလည်း Mod တပ်ပြီး 5G သုံးလို့ရတယ်ဆိုပေမယ့် ဖုန်းမှာ တပါတည်း ပါလာတာ မဟုတ်တော့ 5G ဖုန်းလို့ မခေါ်နိုင်ပါဘူး။

Ref: GSM Arena, Samsung

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category