0 Shares 38 Views

၂၀၁၉ ခုႏွစ္၊ ပထမသုံးလပတ္အတြက္ ဘ႑ာေရးခန္႔မွန္း အစီရင္ခံစာကို LG ထုတ္ျပန္

Apr 07, 2019
0 38

Samsung က ၂၀၁၉ ခုႏွစ္၊ ပထမသုံးလပတ္အတြက္ ပဏာမ ဘ႑ာေရး အစီရင္ခံစာကို ထုတ္ျပန္ခဲ့အၿပီးမွာ ေနာက္ထပ္ ေတာင္ကိုရီးယား အီလက္ထေရာနစ္ကုမၸဏီတခုျဖစ္တဲ့ LG ကလည္း အလားတူ အစီရင္ခံစာ တေစာင္ကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ၂၀၁၉၊ ပထမသုံးလပတ္ (Q1) မွာ Samsung က ဝင္ေငြနဲ႔ အျမတ္ေငြ စံခ်ိန္တင္ က်ဆင္းခဲ့သလိုပဲ LG လည္း သိပ္အေျခအေနမေကာင္းခဲ့ပါဘူး။ ၂၀၁၈၊ Q1 နဲ႔ ႏႈိင္းယွဥ္ရင္ ဝင္ေငြ က်ဆင္းခဲ့ပါတယ္။ ဒါေပမယ့္ Samsung ေလာက္ေတာ့ မဆိုးခဲ့ပါဘူး။

LG Electronics ရဲ႕ 2019 Q1 စုစုေပါင္း ဝင္ေငြဟာ ကိုရီးယားဝမ္ ၁၄.၉ ထရီလ်ံ ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က စံခ်ိန္တင္ ရရွိခဲ့တဲ့ ေတာင္ကိုရီးယားဝမ္ ၁၅.၁ ထရီလ်ံထက္ ၁.၄ ရာခိုင္ႏႈန္းပဲ နည္းပါးခဲ့တာပါ။ လုပ္ငန္းလည္ပတ္မႈအျမတ္ေငြကေတာ့ ကိုရီးယားဝမ္ ၈၉၉.၆ ဘီလ်ံ ရွိပါတယ္။ အရင္ႏွစ္ Q1 က ကိုရီးယားဝမ္ ၁.၁ ထရီလ်ံ ရရွိခဲ့တာဆိုေတာ့ ၁၈.၈ ရာခိုင္ႏႈန္း ပိုနည္းသြားတာပါ။ LG မိုဘိုင္းဌာနက ႐ုန္းကန္ေနရေပမယ့္ ၂၀၁၈ မွာ ကုမၸဏီအတြက္ စံခ်ိန္တင္အျမတ္ေငြ ရရွိခဲ့တာပါ။

၂၀၁၉၊ ပထမသုံးလပတ္အတြက္ အေသးစိတ္ ဘ႑ာေရးအစီရင္ခံစာကိုေတာ့ ယခုလကုန္မွာ ထပ္မံ ထုတ္ျပန္ေၾကညာသြားမွာပါ။ လကုန္က်မွပဲ LG စမတ္ဖုန္းလုပ္ငန္းဟာ ဒီႏွစ္ အေျခအေနျပန္ေကာင္းလာလား ဒါမွမဟုတ္ အရင္ထက္ အေျခအေနပိုဆိုးေနလားဆိုတာ တိတိက်က် သိရမွာျဖစ္ပါတယ္။

Ref: GSM Arena

(Unicode)

၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်အတွက် ဘဏ္ဍာရေးခန့်မှန်း အစီရင်ခံစာကို LG ထုတ်ပြန်

Samsung က ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်အတွက် ပဏာမ ဘဏ္ဍာရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့အပြီးမှာ နောက်ထပ် တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီတခုဖြစ်တဲ့ LG ကလည်း အလားတူ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၁၉၊ ပထမသုံးလပတ် (Q1) မှာ Samsung က ဝင်ငွေနဲ့ အမြတ်ငွေ စံချိန်တင် ကျဆင်းခဲ့သလိုပဲ LG လည်း သိပ်အခြေအနေမကောင်းခဲ့ပါဘူး။ ၂၀၁၈၊ Q1 နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် Samsung လောက်တော့ မဆိုးခဲ့ပါဘူး။

LG Electronics ရဲ့ 2019 Q1 စုစုပေါင်း ဝင်ငွေဟာ ကိုရီးယားဝမ် ၁၄.၉ ထရီလျံ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က စံချိန်တင် ရရှိခဲ့တဲ့ တောင်ကိုရီးယားဝမ် ၁၅.၁ ထရီလျံထက် ၁.၄ ရာခိုင်နှုန်းပဲ နည်းပါးခဲ့တာပါ။ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေကတော့ ကိုရီးယားဝမ် ၈၉၉.၆ ဘီလျံ ရှိပါတယ်။ အရင်နှစ် Q1 က ကိုရီးယားဝမ် ၁.၁ ထရီလျံ ရရှိခဲ့တာဆိုတော့ ၁၈.၈ ရာခိုင်နှုန်း ပိုနည်းသွားတာပါ။ LG မိုဘိုင်းဌာနက ရုန်းကန်နေရပေမယ့် ၂၀၁၈ မှာ ကုမ္ပဏီအတွက် စံချိန်တင်အမြတ်ငွေ ရရှိခဲ့တာပါ။

၂၀၁၉၊ ပထမသုံးလပတ်အတွက် အသေးစိတ် ဘဏ္ဍာရေးအစီရင်ခံစာကိုတော့ ယခုလကုန်မှာ ထပ်မံ ထုတ်ပြန်ကြေညာသွားမှာပါ။ လကုန်ကျမှပဲ LG စမတ်ဖုန်းလုပ်ငန်းဟာ ဒီနှစ် အခြေအနေပြန်ကောင်းလာလား ဒါမှမဟုတ် အရင်ထက် အခြေအနေပိုဆိုးနေလားဆိုတာ တိတိကျကျ သိရမှာဖြစ်ပါတယ်။

Ref: GSM Arena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category