0 Shares 104 Views

ဂိမ္းေတြကို ႏိုင္ငံကန္႔သတ္ မေရာင္းရန္ Valve အား EU အေၾကာင္းၾကား

Apr 07, 2019
0 104

ဥေရာပသမဂၢဟာ အဖြဲ႕ဝင္ႏိုင္ငံေတြအတြင္း PC ဂိမ္းေတြ ေရာင္းခ်ပုံကို စူးစမ္း ေလ့လာမႈ တခုျပဳလုပ္ခဲ့ပါတယ္။ ရလဒ္ကို သေဘာမက်တဲ့အတြက္ တရားဝင္ ကန႔္ကြက္စာတခုကို Bandai Namco, Capcom, Focus Home, Koch Media, Zenix ဂိမ္းထုတ္လုပ္သူကုမၸဏီ ငါးခုနဲ႔ ကမာၻ႔အႀကီးဆုံး PC အြန္လိုင္းဂိမ္းစတိုးျဖစ္တဲ့ Valve တို႔ကို လိပ္မူကာ ယေန႔ ေပးပို႔ခဲ့ပါတယ္။ ဒီကုမၸဏီေတြ အားလုံးဟာ သူတို႔ ေရာင္းခ်တဲ့ ဂိမ္းေတြမွာ ႏိုင္ငံနယ္နိမိတ္ တားျမစ္ခ်က္ေတြ ထည့္သြင္းကာ ေဈးကြက္လက္ဝါးႀကီးအုပ္မႈ ကာကြယ္ေရးဥပေဒကို ခ်ိဳးေဖာက္ေနတယ္လို႔ EU က ဆိုပါတယ္။

Valve နဲ႔ ဂိမ္း Publishers ငါးခုဟာ အေရွ႕ဥေရာပ (ခ်က္၊ အက္စတိုးနီးယား၊ ဟန္ေဂရီ၊ လက္ဗီးယား၊ လီသူေယးနီးယား၊ ပိုလန္၊ ဆလိုဗက္ကီးယားနဲ႔ ႐ိုေမးနီးယား) ႏိုင္ငံေတြမွာ အဓိကေရာင္းခ်တဲ့ ဂိမ္းေတြမွာ Steam activation keys ေတြကို ႏိုင္ငံကန္႔သတ္ခြဲျခားမႈ(Geo-locking) ျပဳလုပ္ထားေၾကာင္း EU က စြပ္စြဲထားပါတယ္။ ဒီအခ်က္ဟာ ဒီဂ်စ္တယ္ဘုံေဈးကြက္ (Digital Single Market) ေဖာ္ေဆာင္ခ်င္တဲ့ EUI ရဲ႕ ရည္႐ြယ္ခ်က္ေတြနဲ႔ ဆန႔္က်င္ေနပါတယ္။ Valve က Geo-locking လုပ္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ UK တို႔ ဂ်ာမနီတို႔လို ခ်မ္းသာတဲ့ ႏိုင္ငံေတြက ေဘာစိေတြက တျခားဆင္းရဲတဲ့ ႏိုင္ငံေတြမွာ ေဈး ပိုသက္သာစြာနဲ႔ ေရာင္းတဲ့ ဂိမ္းေတြကို ဝယ္ကစားလို႔ မရေအာင္လို႔ပါ။

ဒီလို ေရာင္းခ်တဲ့စနစ္က ေမးခြန္းထုတ္စရာ ျဖစ္ေပမယ့္၊ ကုမၸဏီေတြအတြက္ေတာ့ သဘာဝက်ပါတယ္။ အရင္က Spotify တို႔လည္း လုပ္ခဲ့ပါတယ္။ Netflix ဆိုလည္း အခု တႏိုင္ငံနဲ႔ တႏိုင္ငံ ေရာင္းတဲ့ေဈးက မတူပါဘူး။ အထူးသျဖင့္ ပွ်မ္းမွ်ဝင္ေငြ နည္းပါးတဲ့ႏိုင္ငံေတြမွာ ေဈးေလ်ာ့ေရာင္းေလ့ ရွိၾကပါတယ္။ ဒါေပမယ့္ ခ်မ္းသာတဲ့ ႏိုင္ငံက လူေတြ အခြင့္ေကာင္းယူၿပီး လာမဝယ္ေအာင္အတြက္ ေငြေပးေခ်မႈအတြက္ ျပည္တြင္းကတ္ေတြပဲ ရတာမ်ိဳးေတြ လုပ္ေပးထားေလ့ ရွိပါတယ္။

လက္ရွိ ျဖစ္ေပၚေနတဲ့ ျပႆနာကေတာ့ ကိုယ့္အေရာင္းဗ်ဴဟာအတိုင္း သြားေနတဲ့ ကုမၸဏီေတြနဲ႔ အကုန္ တေျပးညီ လုပ္ပစ္ခ်င္တဲ့ EU တို႔အၾကားက ျပႆနာ ျဖစ္ပါတယ္။ Valve နဲ႔ တျခားဂိမ္းကုမၸဏီေတြ ဘယ္လို ျပန္တုံ႔ျပန္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: The Verge

ဂိမ်းတွေကို နိုင်ငံကန့်သတ် မရောင်းရန် Valve အား EU အကြောင်းကြား

ဥရောပသမဂ္ဂဟာ အဖွဲ့ဝင်နိုင်ငံတွေအတွင်း PC ဂိမ်းတွေ ရောင်းချပုံကို စူးစမ်း လေ့လာမှု တခုပြုလုပ်ခဲ့ပါတယ်။ ရလဒ်ကို သဘောမကျတဲ့အတွက် တရားဝင် ကန့်ကွက်စာတခုကို Bandai Namco, Capcom, Focus Home, Koch Media, Zenix ဂိမ်းထုတ်လုပ်သူကုမ္ပဏီ ငါးခုနဲ့ ကမ္ဘာ့အကြီးဆုံး PC အွန်လိုင်းဂိမ်းစတိုးဖြစ်တဲ့ Valve တို့ကို လိပ်မူကာ ယနေ့ ပေးပို့ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေ အားလုံးဟာ သူတို့ ရောင်းချတဲ့ ဂိမ်းတွေမှာ နိုင်ငံနယ်နိမိတ် တားမြစ်ချက်တွေ ထည့်သွင်းကာ ဈေးကွက်လက်ဝါးကြီးအုပ်မှု ကာကွယ်ရေးဥပဒေကို ချိုးဖောက်နေတယ်လို့ EU က ဆိုပါတယ်။

Valve နဲ့ ဂိမ်း Publishers ငါးခုဟာ အရှေ့ဥရောပ (ချက်၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ လက်ဗီးယား၊ လီသူယေးနီးယား၊ ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ရိုမေးနီးယား) နိုင်ငံတွေမှာ အဓိကရောင်းချတဲ့ ဂိမ်းတွေမှာ Steam activation keys တွေကို နိုင်ငံကန့်သတ်ခွဲခြားမှု(Geo-locking) ပြုလုပ်ထားကြောင်း EU က စွပ်စွဲထားပါတယ်။ ဒီအချက်ဟာ ဒီဂျစ်တယ်ဘုံဈေးကွက် (Digital Single Market) ဖော်ဆောင်ချင်တဲ့ EUI ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။ Valve က Geo-locking လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ UK တို့ ဂျာမနီတို့လို ချမ်းသာတဲ့ နိုင်ငံတွေက ဘောစိတွေက တခြားဆင်းရဲတဲ့ နိုင်ငံတွေမှာ ဈေး ပိုသက်သာစွာနဲ့ ရောင်းတဲ့ ဂိမ်းတွေကို ဝယ်ကစားလို့ မရအောင်လို့ပါ။

ဒီလို ရောင်းချတဲ့စနစ်က မေးခွန်းထုတ်စရာ ဖြစ်ပေမယ့်၊ ကုမ္ပဏီတွေအတွက်တော့ သဘာဝကျပါတယ်။ အရင်က Spotify တို့လည်း လုပ်ခဲ့ပါတယ်။ Netflix ဆိုလည်း အခု တနိုင်ငံနဲ့ တနိုင်ငံ ရောင်းတဲ့ဈေးက မတူပါဘူး။ အထူးသဖြင့် ပျှမ်းမျှဝင်ငွေ နည်းပါးတဲ့နိုင်ငံတွေမှာ ဈေးလျော့ရောင်းလေ့ ရှိကြပါတယ်။ ဒါပေမယ့် ချမ်းသာတဲ့ နိုင်ငံက လူတွေ အခွင့်ကောင်းယူပြီး လာမဝယ်အောင်အတွက် ငွေပေးချေမှုအတွက် ပြည်တွင်းကတ်တွေပဲ ရတာမျိုးတွေ လုပ်ပေးထားလေ့ ရှိပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာကတော့ ကိုယ့်အရောင်းဗျူဟာအတိုင်း သွားနေတဲ့ ကုမ္ပဏီတွေနဲ့ အကုန် တပြေးညီ လုပ်ပစ်ချင်တဲ့ EU တို့အကြားက ပြဿနာ ဖြစ်ပါတယ်။ Valve နဲ့ တခြားဂိမ်းကုမ္ပဏီတွေ ဘယ်လို ပြန်တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: The Verge

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares0 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category