0 Shares 112 Views
Apr 07, 2019
0 112
Ref: GSM Arena
Samsung Galaxy Fold သားရေကာဗာအစစ်ကို ၁၁၉.၉၉ ဒေါ်လာ ပေးရမည်
Samsung ရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်တဲ့ Galaxy Fold ဟာ လက်ရှိ ဈေးအကြီးဆုံးဖုန်းတလုံးပါ။ ယူရို ၂,၀၀၀ (မြန်မာငွေ ကျပ် ၃၃ သိန်း) လောက် ပေးရမယ့် ဖုန်းတလုံး ဖြစ်ပါတယ်။ ဖုန်းတင် မဟုတ်ပါဘူး ဖုန်းရဲ့ case ကလည်း တန်ဖိုးမသေးပါဘူး။ သားရေကာဗာအစစ်ကို ၁၁၉.၉၉ ဒေါ်လာ ပေးရမှာပါ။ ကာဗာကတင် တန်ဖိုးနည်းဖုန်းတလုံး စျေးလောက် ရှိပါတယ်။
ဒီလအတွင်း ထွက်ရှိလာတော့မယ့် Galaxy Fold အတွက် Samsung ကိုယ်တိုင်ထုတ် သားရေအစစ်ကာဗာ ဈေးနှုန်းတွေကို UK အခြေစိုက် အွန်လိုင်းအရောင်းကုမ္ပဏီတခုဖြစ်တဲ့ MobileFun က တင်ပေးထားတာ ဖြစ်ပါတယ်။ သားရေကာဗာကို အဖြူနဲ့အနက် နှစ်ရောင်ထဲ ရရှိမှာဖြစ်ပြီး၊ ကာဗာတခုကို ၁၁၉.၉၉ ဒေါ်လာ ပေးရပါလိမ့်မယ်။ လောလောဆည်တော့ ကာဗာပုံတွေကို မတင်ထားသေးတဲ့အတွက် ဘယ်လိုဒီဇိုင်း ဖြစ်မလဲတော့ မသိရသေးပါဘူး။ ။ ၁၁၉.၉၉ ဒေါ်လာ ဆိုတဲ့ ဈေးက ကာဗာတခုအနေနဲ့ များတယ်လို့ ထင်ရပေမယ့် သားရေအစစ် ဖြစ်တာရယ်၊ Galaxy Fold လို တက်ဘလက်အရွယ်အတွက် ဖြစ်တာကြောင့် အရမ်းတော့ မများပါဘူး။ ယူရိူ ၂,၀၀၀ လောက် ပေးဝယ်နိုင်တဲ့ လူအတွက် ဒေါ်လာ ၁၂၀ လောက် ပိုပေးရတာကလည်း ပြောပလောက်မှာ မဟုတ်ပါဘူး။
MobileFun မှာ Galaxy Fold အတွက် တရားဝင် မဟုတ်တဲ့ကာဗာတွေလည်း ရောင်းချထားပါတယ်။ သူတို့ကတော့ ဈေးပိုနည်းပြီး၊ တခုမှ ဒေါ်လာ ၄၀ နဲ့ ၇၀ ကြားပဲ ရှိမှာပါ။
Galaxy Fold ကို ဥရောပမှာ ဧပြီ ၂၆ Pre-Order တင်နိုင်ပြီဖြစ်ပြီး စတိုးဆိုင်တွေကို မေလ ၃ ရက်နေ့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ယူရို ၂,၀၀၀ သို့မဟုတ် စတာလင်ပေါင် ၁,၈၀၀ ကျသင့်မှာပါ။
Ref: GSM Arena
You may be interested
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares9 views
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
Ko Thuya - Jun 26, 2019
အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Ko Thuya - Jun 26, 2019
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Ko Thuya - Jun 25, 2019
ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…
Leave a Comment
Most from this category