0 Shares 38 Views

Android TV မွာပါ ေၾကာ္ျငာေတြ ျပေတာ့မယ့္ Google

Apr 07, 2019
0 38

Android TV ပိုင္ရွင္ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔တီဗီရဲ႕ Home Screen မွာ ေၾကာ္ျငာေတြ စတင္ ပါဝင္လာတာကို သတိထားမိခဲ့ၾကပါတယ္။ Sony ရဲ႕ စမတ္တီဗီေတြ၊ Xiaomi ရဲ႕ Mi Box 3 နဲ႔ Nvidia Shield TV တို႔မွာ ေၾကာ္ျငာသီးသန္႔ျပမယ့္ “Sponsored”ခ်န္နယ္တခု ပါဝင္လာတာ ေတြ႕ရွိခဲ့ရတယ္လို႔ XDA Developers က ဆိုပါတယ္။

ေနာက္ဆုံးထြက္ရွိလာတဲ့ Android TV OS update မွာ ေၾကာ္ျငာခ်န္နယ္ စတင္ပါဝင္လာတာ ျဖစ္ၿပီး၊ အသုံးျပဳသူေတြကို ႀကိဳတင္ အသိေပးအေၾကာင္းၾကားျခင္း မရွိဘဲ ထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။ Reddit ရဲ႕ r/AndroidTV thread တခုမွာ ေရးသားထားခ်က္အရ ေဒၚလာ တေထာင္ ေပးရတဲ့ Sony 900F စမတ္တီဗီမွာေတာင္ ေၾကာ္ျငာခ်န္နယ္ ပါလာတာ ေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။ ေလာေလာဆည္ေတာ့ ေၾကာ္ျငာခ်န္နယ္ပဲ ပါေသးၿပီး၊ ေၾကာ္ျငာေတြေတာ့ မေပၚေသးပါဘူး။

ယခုကိစၥနဲ႔ပတ္သတ္ၿပီး Google ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတဦး က ယခု ေၾကာ္ျငာေတြဟာ “ကနဦးအစီအစဥ္” တခုသာ ျဖစ္ၿပီး၊ Android TV ဟာ ေနအိမ္ေဖ်ာ္ေျဖေရးက႑ကို အသုံးျပဳသူအႀကိဳက္နဲ႔လိုက္ေအာင္၊ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္လို႔ XDA Developers ကို ေျဖၾကားခဲ့ပါတယ္။

Sony ရဲ႕ အကူအညီစာမ်က္ႏွာတခုမွာေတာ့ ေၾကာ္ျငာေတြ ပါလာတဲ့အတြက္ Google ကိုပဲ အျပစ္ပုံခ်ထားပါတယ္။ ေၾကာ္ျငာျပတဲ့ “Sponsored” ခ်န္နယ္ကိုလည္း Google ကပဲ ထိန္းခ်ဳပ္ထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ခ်န္နယ္ကို ေဖ်ာက္ပစ္ခ်င္ရင္ TV မွာ ကိုယ္တကယ္သုံးမယ့္ Apps ေတြပဲ ပါတဲ့ Restriced Profile တခု ထည့္မွပဲ ရမယ္လို႔ ဆိုပါတယ္။

Android TV ကေန ဒီေၾကာ္ျငာခ်န္နယ္ကို ေဖ်ာက္ပစ္ႏိုင္တဲ့ တျခားနည္းလမ္းတြ မရွိေသးပါဘူး။ “Android TV Core Services” ကို ပိတ္ပစ္ခဲ့တာေတာင္ တီဗီ Restart က်ၿပီးေနာက္မွာ ေၾကာ္ျငာခ်န္နယ္ကေတာ့ ျပန္ေပၚလာေသးတယ္လို႔ Reddit မွာ ေရးသားထားၾကပါတယ္။ Auto-updates ေတြ ပိတ္ပစ္ၿပီး၊ အခုေနာက္ဆုံး Update ကို Uninstall ျပန္လုပ္ခဲ့တာေတာင္ မရဘူးလို႔ သိရပါတယ္။

စမတ္တီဗီေတြမွာ ေၾကာ္ျငာထည့္ဖို႔ လုပ္ေနတာ Google တေယာက္တည္းေတာ့မဟုတ္ပါဘူး။ Samsung ကလည္း အလားတူလုပ္ရပ္မ်ိဳးကို ၂၀၁၆ ခုႏွစ္က လုပ္ခဲ့ဖူးပါတယ္။ လြန္ခဲ့တဲ့လကလည္း Vizio က တီဗီေတြမွာ ပစ္မွတ္ထားေၾကာ္ျငာေတြ ျပသမယ့္ စနစ္အသစ္တခုကို လုပ္ေဆာင္ေနေၾကာင္း ေၾကညာခဲ့ပါေသးတယ္။

Ref: The Verge

Android TV မှာပါ ကြော်ငြာတွေ ပြတော့မယ့် Google

Android TV ပိုင်ရှင်တော်တော်များများဟာ သူတို့တီဗီရဲ့ Home Screen မှာ ကြော်ငြာတွေ စတင် ပါဝင်လာတာကို သတိထားမိခဲ့ကြပါတယ်။ Sony ရဲ့ စမတ်တီဗီတွေ၊ Xiaomi ရဲ့ Mi Box 3 နဲ့ Nvidia Shield TV တို့မှာ ကြော်ငြာသီးသန့်ပြမယ့် “Sponsored”ချန်နယ်တခု ပါဝင်လာတာ တွေ့ရှိခဲ့ရတယ်လို့ XDA Developers က ဆိုပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ Android TV OS update မှာ ကြော်ငြာချန်နယ် စတင်ပါဝင်လာတာ ဖြစ်ပြီး၊ အသုံးပြုသူတွေကို ကြိုတင် အသိပေးအကြောင်းကြားခြင်း မရှိဘဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ Reddit ရဲ့ r/AndroidTV thread တခုမှာ ရေးသားထားချက်အရ ဒေါ်လာ တထောင် ပေးရတဲ့ Sony 900F စမတ်တီဗီမှာတောင် ကြော်ငြာချန်နယ် ပါလာတာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ လောလောဆည်တော့ ကြော်ငြာချန်နယ်ပဲ ပါသေးပြီး၊ ကြော်ငြာတွေတော့ မပေါ်သေးပါဘူး။

ယခုကိစ္စနဲ့ပတ်သတ်ပြီး Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦး က ယခု ကြော်ငြာတွေဟာ “ကနဦးအစီအစဉ်” တခုသာ ဖြစ်ပြီး၊ Android TV ဟာ နေအိမ်ဖျော်ဖြေရေးကဏ္ဍကို အသုံးပြုသူအကြိုက်နဲ့လိုက်အောင်၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်လို့ XDA Developers ကို ဖြေကြားခဲ့ပါတယ်။

Sony ရဲ့ အကူအညီစာမျက်နှာတခုမှာတော့ ကြော်ငြာတွေ ပါလာတဲ့အတွက် Google ကိုပဲ အပြစ်ပုံချထားပါတယ်။ ကြော်ငြာပြတဲ့ “Sponsored” ချန်နယ်ကိုလည်း Google ကပဲ ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချန်နယ်ကို ဖျောက်ပစ်ချင်ရင် TV မှာ ကိုယ်တကယ်သုံးမယ့် Apps တွေပဲ ပါတဲ့ Restriced Profile တခု ထည့်မှပဲ ရမယ်လို့ ဆိုပါတယ်။

Android TV ကနေ ဒီကြော်ငြာချန်နယ်ကို ဖျောက်ပစ်နိုင်တဲ့ တခြားနည်းလမ်းတွ မရှိသေးပါဘူး။ “Android TV Core Services” ကို ပိတ်ပစ်ခဲ့တာတောင် တီဗီ Restart ကျပြီးနောက်မှာ ကြော်ငြာချန်နယ်ကတော့ ပြန်ပေါ်လာသေးတယ်လို့ Reddit မှာ ရေးသားထားကြပါတယ်။ Auto-updates တွေ ပိတ်ပစ်ပြီး၊ အခုနောက်ဆုံး Update ကို Uninstall ပြန်လုပ်ခဲ့တာတောင် မရဘူးလို့ သိရပါတယ်။

စမတ်တီဗီတွေမှာ ကြော်ငြာထည့်ဖို့ လုပ်နေတာ Google တယောက်တည်းတော့မဟုတ်ပါဘူး။ Samsung ကလည်း အလားတူလုပ်ရပ်မျိုးကို ၂၀၁၆ ခုနှစ်က လုပ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့လကလည်း Vizio က တီဗီတွေမှာ ပစ်မှတ်ထားကြော်ငြာတွေ ပြသမယ့် စနစ်အသစ်တခုကို လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါသေးတယ်။

Ref: The Verge

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category