0 Shares 29 Views


Apr 07, 2019
0 29





Ref: GSM Arena

Meizu 16s မှာ Snapdragon 855 နဲ့ 48MP ကင်မရာတို့ ပါဝင်မည်

Meizu 16s ကို တရုတ်ဆက်သွယ်ရေးပစ္စည်းမှတ်ပုံတင်ဝဘ်ဆိုဒ်ဖြစ်တဲ့ TENAA မှာ ဧပြီ ၄ ရက်နေ့က ဓာတ်ပုံရယ် Specs အချို့ရယ်နဲ့ စတင်တွေ့ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ နောက်ထပ် အသေးစိတ်အချက်အလက်တွေ ထပ်မံ ပေါ်ထွက်လာပြန်ပါပြီ။

Meizu 16s မှာ 2.8GHz octa-core processor ကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ Chipset နာမည်ကို မပြောထားပေမယ့် clockspeed တူတာဆိုလို့ Snapdragon 855 သာ ရှိပါတယ်။ အရင်က ထွက်ပေါ်ထားတဲ့ အချက်အလက်တွေနဲ့လည်း တူညီမှု ရှိနေပါတယ်။

ဒါ့အပြင် Meizu 16s မှာ 8GB RAM ပါဝင်လာမှာ ဖြစ်တယ်လို့ AnTuTu နဲ့ Geekbench တို့မှာ စစ်ဆေးထားချက်တွေအရ သိရှိရပါတယ်။ 6GB RAM မော်ဒယ်လည်း သပ်သပ် ထွက်မှာပါ။ ရုပ်ထွက်အရည်အသွေး 2232 x 1080 pixels ရှိတဲ့ 6.2-inch AMOLED Display နဲ့ ဖြစ်ပြီး၊ Android Pie နဲ့ပဲ ထွက်လာမှာပါ။ ကျောကင်မရာနှစ်လုံးနဲ့ ရှေ့ကင်မရာတလုံး၊ စုစုပေါင်း သုံးလုံး ပါဝင်ပါတယ်။ ကျောကင်မရာနှစ်လုံးက (48MP+20MP) အတွဲဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 20MP ဖြစ်ပါတယ်။

AMOLED Display နဲ့အတူ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာလည်း Meizu 16s မှာ ပါဝင်လာမှာပါ။ 128GB Storage နဲ့ လာမှာဖြစ်ပြီး၊ Black, White နဲ့ Gradient Blue သုံးရောင် ထွက်မယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 3,540mAh ဘက်ထရီဖြစ်ပြီး၊ အားအမြန်သွင်းစနစ်လည်း မဖြစ်မနေ ပါလာမှာပါ။

Ref: GSM Arena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category