0 Shares 230 Views


Apr 06, 2019
0 230




Ref : techradar

[Unicode]

ချွေးနံ့နံနေတာကို သတိပေးနိုင်မယ့် iPhone 11

နည်းပညာက လူသားတွေရဲ့ ဘဝကို နည်းလမ်းမျိုးစုံနဲ့ ကူညီပေးနေပါတယ်။ အခုလည်း Apple က သင် ချွေးနံ့နံနေတာကို သတိပေးမယ့် နည်းပညာကို ဖန်တီးနေပါတယ်။ Apple က အဲဒီ Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ နည်းပညာက လေထုထဲက ဓါတုပစ္စည်းများကို အာရုံခံနိုင်ပြီး အဲဒီကနေ အနံ့နံနေလားဆိုတာကို ဆုံးဖြတ်တာပါ။

အဲဒီ Patent ကို Systems and Methods for Environmental Sensing လို့ အမည်ပေးထားပါတယ်။ အဲဒီ နည်းပညာဟာ iPhone 11 နဲ့ Apple Watch 5 တို့မှာ ပါလာနိုင်ပါတယ်။ ဒီနည်းပညာက လေထုညစ်ညမ်းမှုများနဲ့ အခြား အဆိပ်အတောက်များကိုလည်း အာရုံခံနိုင်ပါတယ်။ ဒီနည်းပညာကို ချပ်ဝတ်တန်ဆာ ကွန်ပြူတာများမှာ ထည့်သွင်းမယ်ဆိုရင် လူသားတွေဟာ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ကာဗွန်မိုနောက်ဆိုဒ်များ၊ လေထုညစ်ညမ်းမှုများကို သိလာနိုင်မှာပါ။

Patent ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက အနံ့များကို ခွဲခြားနိုင်ခြင်း ဖြစ်ပါတယ်။ သူက သင့် ခံတွင်းနံ့နံနေရင်၊ ချွေးနံ့နံနေရင် အသိပေးနိုင်ပါတယ်။ Apple က လူသားတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ကူညီပေးဖို့ ဒီနည်းပညာကို ဖန်တီးတာ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ သူဟာ Patent အဆင့်သာ ရှိပါသေးတယ်။ iPhone 11 နဲ့ Apple Watch 4 မှာ သေချာပေါက်ပါလာမယ်လို့လည်း မပြောနိုင်သေးပါဘူး။

Ref : techradar

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category