0 Shares 94 Views

Pixel 3a ရွိေၾကာင္း Google website က အတည္ျပဳ

Apr 06, 2019
0 94

Google Pixel ဖုန္း ပရိတ္သတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ဖုန္းတလုံး ရွိပါတယ္။ Pixel 3 ကိုမွ ‘lite’ ဗားရွင္းအျဖစ္ ထုတ္မယ့္ Pixel 3a ပါ။ အရင္က ေကာလာဟလအဆင့္ပဲ ရွိခဲ့ေပမယ့္ အခုအခါ Google ရဲ႕ တရားဝင္ website မွာပါ ဒီဖုန္း နာမည္ကို အတည္ျပဳထားၿပီး ျဖစ္ပါတယ္။ သတင္းထြက္ထားတဲ့အတိုင္း “Pixel 3a” လို႔ပဲ ေခၚသြားမွာပါ။

လက္ရွိမွာေတာ့ Google က Pixel 3a ျပထားတဲ့ Google Store စာမ်က္ႏွာကို ျပန္ျဖဳတ္သြားၿပီ ဆိုေတာ့ အခု သြားၾကည့္ရင္ ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ The Verge က Screenshot ရယူထားႏိုင္ခဲ့ပါတယ္။

Google ဟာ Mid-range အမ်ိဳးအစားျဖစ္လာမယ့္ Pixel 3 ဖုန္းကို Pixel 3a နဲ႔ Pixel 3a XL ဆိုၿပီး ေနာက္ထပ္ ေမာ္ဒယ္ႏွစ္မ်ိဳး ထပ္ထုတ္ဖို႔ ရွိေနပါတယ္။

ယေန႔မွာပဲ Reddit အသုံးျပဳသူတေယာက္က Google Play Console ကေန “bonito” နဲ႔ “sargo” လို႔ ကုဒ္နာမည္ေပးထားတဲ့ ဖုန္းႏွစ္လုံးရဲ႕ Specs အတိအက်ကို ထုတ္ယူႏိုင္ခဲ့ပါတယ္။ အဆိုပါေဒတာေတြအရ “sargo” လို႔ ကုဒ္နာမည္ေပးထားတဲ့ Pixel 3a မွာ Snapdragon 670 SoC ကို အသုံးျပဳသြားမွာျဖစ္ၿပီး၊ 5.6-inch OLED Dispaly၊ 1080×2220 pixels resolution၊ 4GB RAM တို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။ Android 9 Pie နဲ႔ပဲ ထြက္ရွိလာမွာျဖစ္ကာ၊ 12-megapixel ေက်ာကင္မရာတလုံးနဲ႔ 3,000mAh ဘက္ထရီတို႔ ပါဝင္လာမွာပါ။

ကုဒ္နာမည္ “bonito” လို႔ ေပးထားတဲ့ Pixel 3a XL ကေတာ့ 6-inch 1080×2160 OLED Display နဲ႔ ျဖစ္ၿပီး က်န္တဲ့ Specs ေတြအတူတူပါပဲ။ ဒါ့ျပင္ ဖုန္းႏွစ္လုံးထဲက တလုံးမွာ 3.5mm နားၾကပ္ေပါက္လည္း ျပန္ပါလာႏိုင္တယ္လို႔ ဆိုပါတယ္။ Pixel 3 ဖုန္းသစ္ႏွစ္လုံးကို ယခုႏွစ္လယ္ေလာက္ မိတ္ဆက္ဖို႔ ရွိတဲ့အတြက္ Pixel ဖုန္းေတြ မိတ္ဆက္ေနၾက ေအာက္တိုဘာလအထိ ေစာင့္စရာမလိုဘဲ ေမလ Google I/O ပြဲမွာ ေတြ႕ျမင္ရႏိုင္ပါတယ္။

Ref: GSM Arena, 9to5Google

(Unicode)

Pixel 3a ရှိကြောင်း Google website က အတည်ပြု

Google Pixel ဖုန်း ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ ဖုန်းတလုံး ရှိပါတယ်။ Pixel 3 ကိုမှ ‘lite’ ဗားရှင်းအဖြစ် ထုတ်မယ့် Pixel 3a ပါ။ အရင်က ကောလာဟလအဆင့်ပဲ ရှိခဲ့ပေမယ့် အခုအခါ Google ရဲ့ တရားဝင် website မှာပါ ဒီဖုန်း နာမည်ကို အတည်ပြုထားပြီး ဖြစ်ပါတယ်။ သတင်းထွက်ထားတဲ့အတိုင်း “Pixel 3a” လို့ပဲ ခေါ်သွားမှာပါ။

လက်ရှိမှာတော့ Google က Pixel 3a ပြထားတဲ့ Google Store စာမျက်နှာကို ပြန်ဖြုတ်သွားပြီ ဆိုတော့ အခု သွားကြည့်ရင် တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် The Verge က Screenshot ရယူထားနိုင်ခဲ့ပါတယ်။

Google ဟာ Mid-range အမျိုးအစားဖြစ်လာမယ့် Pixel 3 ဖုန်းကို Pixel 3a နဲ့ Pixel 3a XL ဆိုပြီး နောက်ထပ် မော်ဒယ်နှစ်မျိုး ထပ်ထုတ်ဖို့ ရှိနေပါတယ်။

ယနေ့မှာပဲ Reddit အသုံးပြုသူတယောက်က Google Play Console ကနေ “bonito” နဲ့ “sargo” လို့ ကုဒ်နာမည်ပေးထားတဲ့ ဖုန်းနှစ်လုံးရဲ့ Specs အတိအကျကို ထုတ်ယူနိုင်ခဲ့ပါတယ်။ အဆိုပါဒေတာတွေအရ “sargo” လို့ ကုဒ်နာမည်ပေးထားတဲ့ Pixel 3a မှာ Snapdragon 670 SoC ကို အသုံးပြုသွားမှာဖြစ်ပြီး၊ 5.6-inch OLED Dispaly၊ 1080×2220 pixels resolution၊ 4GB RAM တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Android 9 Pie နဲ့ပဲ ထွက်ရှိလာမှာဖြစ်ကာ၊ 12-megapixel ကျောကင်မရာတလုံးနဲ့ 3,000mAh ဘက်ထရီတို့ ပါဝင်လာမှာပါ။

ကုဒ်နာမည် “bonito” လို့ ပေးထားတဲ့ Pixel 3a XL ကတော့ 6-inch 1080×2160 OLED Display နဲ့ ဖြစ်ပြီး ကျန်တဲ့ Specs တွေအတူတူပါပဲ။ ဒါ့ပြင် ဖုန်းနှစ်လုံးထဲက တလုံးမှာ 3.5mm နားကြပ်ပေါက်လည်း ပြန်ပါလာနိုင်တယ်လို့ ဆိုပါတယ်။ Pixel 3 ဖုန်းသစ်နှစ်လုံးကို ယခုနှစ်လယ်လောက် မိတ်ဆက်ဖို့ ရှိတဲ့အတွက် Pixel ဖုန်းတွေ မိတ်ဆက်နေကြ အောက်တိုဘာလအထိ စောင့်စရာမလိုဘဲ မေလ Google I/O ပွဲမှာ တွေ့မြင်ရနိုင်ပါတယ်။

Ref: GSM Arena, 9to5Google

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category