0 Shares 81 Views

ေက်ာင္းသားေတြ စာ စိတ္၀င္စားလားဆိုတာ ေခါင္းပတ္တပ္ၿပီး စစ္ေဆးေနတဲ့ တရုတ္

Apr 06, 2019
0 81

ၿပီးခဲ့တဲ့ႏွစ္က တရုတ္ ေက်ာင္းမ်ားမွာ ေက်ာင္းသားေတြ စာ စိတ္၀င္စားလားဆိုတာ စစ္ေဆးဖို႔ မ်က္ႏွာအာရံုခံ နည္းပညာကို အသံုးျပဳခဲ့တဲ့ သတင္းကို တင္ဆက္ၿပီးပါၿပီ။ အခုလည္း တရုတ္မွ ေက်ာင္းအခ်ိဳ႕က ေက်ာင္းသားေတြ စာ စိတ္၀င္စားလားဆိုတာ ေခါင္းပတ္တပ္ၿပီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ဇီဂ်ီယန္ ျပည္နယ္၊ ဟန္ဇူးမွ မူလတန္းေက်ာင္းမွ စာသင္ခန္းတစ္ခုမွာ ေခါင္းပတ္ တပ္ဆင္ထားတဲ့ ေက်ာင္းသားမ်ားကို ဓါတ္ပံုမွာ ျမင္ရပါတယ္။ အဲဒီ ေခါင္းပတ္ရဲ႕ အမည္က Focus 1 ျဖစ္ၿပီး ေဘာ့စတြန္ အေျခစုိက္ BrainCo Inc က ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲဒီ ကုမၸဏီဟာ ေခါင္းပတ္ကို တီထြင္ဖို႔ ဟားဗတ္ ဦးေႏွာက္သိပၸံ စင္တာနဲ႔ ပူးေပါင္းခဲ့တာပါ။

ေခါင္းပတ္ဟာ ေက်ာင္းသားမ်ား စိတ္၀င္စားမႈကို တိုင္းတာဖို႔ electroencephalography (EEG) sensors ကို အသံုးျပဳထားပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံု ဗီဒီယိုမွာ ဆရာမ်ားဟာ ေက်ာင္းသားရဲ႕ စိတ္၀င္စားမႈ အေျခအေနကို Dashboard ကေန သိႏုိင္ပါတယ္။ ဘယ္ေက်ာင္းသားက အာရံုစိုက္မႈ နည္းေနလဲ ဆိုတာကိုလည္း သိနုိင္ပါတယ္။

စာသင္ခန္း တစ္ခုလံုးမွာ စာကို အာရံု အစိုက္ဆံုး ေက်ာင္းသား ၃ ေယာက္ကိုလည္း တြက္ခ်က္ေပးႏိုင္ပါတယ္။ တရုတ္ႏိုင္ငံ ၊ ဇီဂ်ီယန္ ျပည္နယ္၊ ဂ်င္ဟြာၿမိဳ႕မွ ေက်ာင္းတစ္ခုကလည္း အဲဒီ ေခါင္းပတ္ကို အသံုးျပဳေနပါတယ္။ တီထြင္တဲ့ ကုမၸဏီက အဲဒီ ေခါင္းပတ္ကို အသက္ ၁၇ ႏွစ္နဲ႔ ၂၁ ႏွစ္အၾကားမွ တရုတ္ ေက်ာင္းသား ၁၀ ၀၀၀ နဲ႔ ၃ ပတ္ၾကာ စမ္းသပ္ၿပီးၿပီလို႔ ဇန္န၀ါရီလက ေျပာခဲ့ပါတယ္။ အေမရိကန္ ၊ မကၠဆီကို၊ စပိန္နဲ႔ ဘရာဇီးတို႔မွာ တိုးခ်ဲ႕စမ္းသပ္ဖို႔ စီစဥ္ေနပါတယ္။

Ref : tnw

[Unicode]

ကျောင်းသားတွေ စာ စိတ်ဝင်စားလားဆိုတာ ခေါင်းပတ်တပ်ပြီး စစ်ဆေးနေတဲ့ တရုတ်

ပြီးခဲ့တဲ့နှစ်က တရုတ် ကျောင်းများမှာ ကျောင်းသားတွေ စာ စိတ်ဝင်စားလားဆိုတာ စစ်ဆေးဖို့ မျက်နှာအာရုံခံ နည်းပညာကို အသုံးပြုခဲ့တဲ့ သတင်းကို တင်ဆက်ပြီးပါပြီ။ အခုလည်း တရုတ်မှ ကျောင်းအချို့က ကျောင်းသားတွေ စာ စိတ်ဝင်စားလားဆိုတာ ခေါင်းပတ်တပ်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဇီဂျီယန် ပြည်နယ်၊ ဟန်ဇူးမှ မူလတန်းကျောင်းမှ စာသင်ခန်းတစ်ခုမှာ ခေါင်းပတ် တပ်ဆင်ထားတဲ့ ကျောင်းသားများကို ဓါတ်ပုံမှာ မြင်ရပါတယ်။ အဲဒီ ခေါင်းပတ်ရဲ့ အမည်က Focus 1 ဖြစ်ပြီး ဘော့စတွန် အခြေစိုက် BrainCo Inc က ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ခေါင်းပတ်ကို တီထွင်ဖို့ ဟားဗတ် ဦးနှောက်သိပ္ပံ စင်တာနဲ့ ပူးပေါင်းခဲ့တာပါ။

ခေါင်းပတ်ဟာ ကျောင်းသားများ စိတ်ဝင်စားမှုကို တိုင်းတာဖို့ electroencephalography (EEG) sensors ကို အသုံးပြုထားပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံ ဗီဒီယိုမှာ ဆရာများဟာ ကျောင်းသားရဲ့ စိတ်ဝင်စားမှု အခြေအနေကို Dashboard ကနေ သိနိုင်ပါတယ်။ ဘယ်ကျောင်းသားက အာရုံစိုက်မှု နည်းနေလဲ ဆိုတာကိုလည်း သိနိုင်ပါတယ်။

စာသင်ခန်း တစ်ခုလုံးမှာ စာကို အာရုံ အစိုက်ဆုံး ကျောင်းသား ၃ ယောက်ကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။ တရုတ်နိုင်ငံ ၊ ဇီဂျီယန် ပြည်နယ်၊ ဂျင်ဟွာမြို့မှ ကျောင်းတစ်ခုကလည်း အဲဒီ ခေါင်းပတ်ကို အသုံးပြုနေပါတယ်။ တီထွင်တဲ့ ကုမ္ပဏီက အဲဒီ ခေါင်းပတ်ကို အသက် ၁၇ နှစ်နဲ့ ၂၁ နှစ်အကြားမှ တရုတ် ကျောင်းသား ၁၀ ၀၀၀ နဲ့ ၃ ပတ်ကြာ စမ်းသပ်ပြီးပြီလို့ ဇန်နဝါရီလက ပြောခဲ့ပါတယ်။ အမေရိကန် ၊ မက္ကဆီကို၊ စပိန်နဲ့ ဘရာဇီးတို့မှာ တိုးချဲ့စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

Ref : tnw

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category