0 Shares 22 Views

ဥေရာပမွာ ေမာင္းသူမဲ့ မိုးပ်ံတကၠစီကို ပထမဆုံးအႀကိမ္ စမ္းသပ္ပ်ံသန္း

Apr 06, 2019
0 22

ေဒၚလာ ၃၃၆,၀၀၀ ေလာက္ က်သင့္မယ့္ ေလယာဥ္မႉး မပါ မိုးပ်ံတကၠစီ တစီးကို ဥေရာပတိုက္မွာ ပထမဆုံးအႀကိမ္အျဖစ္ ၾသစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕မွာ စမ္းသပ္ပ်ံသန္း ျပခဲ့ပါတယ္။

Ehang 216 လို႔ အမည္ေပးထားတဲ့ အဆိုပါ မိုးပ်ံတကၠစီကို တ႐ုတ္ဒ႐ုန္းကုမၸဏီ Ehang နဲ႔ ၾသစႀတီးယားေလေၾကာင္းကုမၸဏီ FACC တို႔ ပူးေပါင္းထုတ္လုပ္ထားတာပါ။ ၾသစႀတီးယားဗီယင္း ေဘာလုံးကြင္းမွာ လူလိုက္ပါကာ ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏိုင္ခဲ့ပါတယ္။ စမ္းသပ္ပ်ံသန္းတယ္ဆိုေပမယ့္ အေဝးႀကီး မဟုတ္ဘဲ၊ ေဘာလုံးကြင္းေပၚ ခဏ ဝဲၿပီး မိနစ္အနည္းငယ္အၾကာမွာ ျပန္ဆင္းသက္လာတာပါ။

Ehang 216 မွာ ဒလက္ ၁၆ ခု ပါဝင္ၿပီး၊ အေလးခ်ိန္ ၇၅၀ ေပါင္ ရွိပါတယ္။ လူႏွစ္ဦး သယ္ေဆာင္ႏိုင္ၿပီး တနာရီ မိုင္ ၉၀ ႏႈန္းနဲ႔ နာရီဝက္ၾကာ ပ်ံသန္းႏိုင္တယ္လို႔ ဆိုပါတယ္။ FACC ရဲ႕ CEO Robert Machtlinger ရဲ႕ အဆိုအရေတာ့ ကီလိုမီတာ ၅၀ ကေန ၇၀ ေလာက္အထိ ပ်ံသန္းႏိုင္တယ္လို႔ သိရပါတယ္။ ခရီးတို ေျပးဆြဲဖို႔၊ လုပ္ငန္းသုံး စက္ပစၥည္းေတြ၊ အေရးေပၚ ေဆးပစၥည္းေတြ ပို႔ေဆာင္ဖို႔ အဓိက အသုံးျပဳသြားမွာပါ။ အေရအတြက္ အေျမာက္အမ်ား ထုတ္လုပ္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ Ehang ကို ပူးတြဲတည္ေထာင္ခဲ့တဲ့ Derrick Xiong က ေျပာၾကားခဲ့ပါတယ္။ ဒီ မိုးပ်ံတကၠစီကို ဝယ္ဖို႔ ေအာ္ဒါ ေထာင္ေပါင္းမ်ားစြာလည္း ရရွိထားၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ေမာင္းသူမပါဝင္တဲ့ အလိုအေလ်ာက္ မိုးပ်ံကားေတြကို ထုတ္လုပ္ဖို႔ ႀကိဳးစားေနတဲ့အထဲမွာ ေလၾကာင္းကုမၸဏီႀကီးျဖစ္တဲ့ Airbus ကေန အငွားယာဥ္ဝန္ေဆာင္မႈကုမၸဏီ Uber အထိ ပါဝင္ပါတယ္။

ၾသစႀတီးယားရဲ႕ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Norbert Hofer ကလည္း ၾသစႀတီးယားဟာ မိုးပ်ံတကၠစီေတြအတြက္ စည္းကမ္းစံႏႈန္းေတြ ျမန္ဆန္စြာ ေရးဆြဲခ်မွတ္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာအကူအညီကို ႀကိဳဆိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ဒီလို ဒ႐ုန္းေတြ၊ မိုးပ်ံတကၠစီေတြ ေထာင္ေသာင္းခ်ီ ထုတ္လုပ္ရာ ႏိုင္ငံတခုျဖစ္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။ မၾကာခင္အခ်ိန္အတြင္း ေကာင္းကင္ယံမွာ မိုးပ်ံတကၠစီေတြကို ျမင္ေတြ႕လာရေတာ့မယ္လို႔လည္း ထင္ပါတယ္” လို႔ Mr. Hofer က ေျပာၾကားခဲ့ပါတယ္။

Ref: Daily Mail

ဥရောပမှာ မောင်းသူမဲ့ မိုးပျံတက္ကစီကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

ဒေါ်လာ ၃၃၆,၀၀၀ လောက် ကျသင့်မယ့် လေယာဉ်မှူး မပါ မိုးပျံတက္ကစီ တစီးကို ဥရောပတိုက်မှာ ပထမဆုံးအကြိမ်အဖြစ် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ စမ်းသပ်ပျံသန်း ပြခဲ့ပါတယ်။

Ehang 216 လို့ အမည်ပေးထားတဲ့ အဆိုပါ မိုးပျံတက္ကစီကို တရုတ်ဒရုန်းကုမ္ပဏီ Ehang နဲ့ သြစတြီးယားလေကြောင်းကုမ္ပဏီ FACC တို့ ပူးပေါင်းထုတ်လုပ်ထားတာပါ။ သြစတြီးယားဗီယင်း ဘောလုံးကွင်းမှာ လူလိုက်ပါကာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ စမ်းသပ်ပျံသန်းတယ်ဆိုပေမယ့် အဝေးကြီး မဟုတ်ဘဲ၊ ဘောလုံးကွင်းပေါ် ခဏ ဝဲပြီး မိနစ်အနည်းငယ်အကြာမှာ ပြန်ဆင်းသက်လာတာပါ။

Ehang 216 မှာ ဒလက် ၁၆ ခု ပါဝင်ပြီး၊ အလေးချိန် ၇၅၀ ပေါင် ရှိပါတယ်။ လူနှစ်ဦး သယ်ဆောင်နိုင်ပြီး တနာရီ မိုင် ၉၀ နှုန်းနဲ့ နာရီဝက်ကြာ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ FACC ရဲ့ CEO Robert Machtlinger ရဲ့ အဆိုအရတော့ ကီလိုမီတာ ၅၀ ကနေ ၇၀ လောက်အထိ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။ ခရီးတို ပြေးဆွဲဖို့၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေ၊ အရေးပေါ် ဆေးပစ္စည်းတွေ ပို့ဆောင်ဖို့ အဓိက အသုံးပြုသွားမှာပါ။ အရေအတွက် အမြောက်အများ ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီလို့ Ehang ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Derrick Xiong က ပြောကြားခဲ့ပါတယ်။ ဒီ မိုးပျံတက္ကစီကို ဝယ်ဖို့ အော်ဒါ ထောင်ပေါင်းများစွာလည်း ရရှိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

မောင်းသူမပါဝင်တဲ့ အလိုအလျောက် မိုးပျံကားတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့အထဲမှာ လေကြာင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus ကနေ အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ Uber အထိ ပါဝင်ပါတယ်။

သြစတြီးယားရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Norbert Hofer ကလည်း သြစတြီးယားဟာ မိုးပျံတက္ကစီတွေအတွက် စည်းကမ်းစံနှုန်းတွေ မြန်ဆန်စွာ ရေးဆွဲချမှတ်နိုင်ဖို့အတွက် နိုင်ငံတကာအကူအညီကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလို ဒရုန်းတွေ၊ မိုးပျံတက္ကစီတွေ ထောင်သောင်းချီ ထုတ်လုပ်ရာ နိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ မကြာခင်အချိန်အတွင်း ကောင်းကင်ယံမှာ မိုးပျံတက္ကစီတွေကို မြင်တွေ့လာရတော့မယ်လို့လည်း ထင်ပါတယ်” လို့ Mr. Hofer က ပြောကြားခဲ့ပါတယ်။

Ref: Daily Mail

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category