0 Shares 11 Views


Apr 06, 2019
0 11




Ref : theverge

[Unicode]

TikTok က သီချင်းဆို ပြိုင်ပွဲ ပြုလုပ်ပေးမည်

TikTok က အဆို ၊ အက ကောင်းသူများကို သီချင်းခွေ ထုတ်ပေးမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ TikTok Spotlight လို့ အမည်ပေးထားပြီး လက်ရှိမှာ ဂျပန်နဲ့ ကိုရီးယားမှာ ဒီအစီအစဉ်ကို စတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

TikTok မှာ Channel အသစ်တစ်ခုကို ပြုလုပ်ပေးထားပြီး ဝါသနာရှင်များက သူတို့ရဲ့ သီချင်းများကို Upload ပြုလုပ်နိုင်ပါတယ်။ လူကြည့်ရှုမှု အများဆုံး ဗီဒီယိုများကို အနိုင်ပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ အဆင့် ၂ ခု ရှိပြီး ငါးလကြာကျင်းပမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ လူပေါင်း ၁၀၀ ကို ရွေးချယ်မှာပါ။ ဖိုင်နယ် အဆင့်မှာ ၁၈ ယောက်ကို ရွေးချယ်မှာပါ။ နောက်ဆုံး ငါးယောက်ကနေ ဆယ်ယောက်ကို သီချင်းခွေ ထုတ်ပေးခြင်းနဲ့ အခြား ဆုများကို ချီးမြှင့်မှာ ဖြစ်ပါတယ်။

TikTok ဟာ Spotify , Line, Warner Music , Universal Music များရဲ့ ထောက်ပံ့မှုများကို ရရှိထားပါတယ်။ နာမည်ကျော် BTS နဲ့ EXO တို့ကို တည်ထောင်ထားသူများကလည်း ထောက်ပံ့ဖို့ ရှိနေပါတယ်။ Spotlight ဟာ ဂျပန်နဲ့ ကိုရီးယားမှာ အောင်မြင်ရင် အမေရိကန်အတွက်လည်း ပြိုင်ပွဲများ ပြုလုပ်ပေးလာနိုင်ပါတယ်။ အမေရိကန်မှာ TikTok အသုံးပြုသူ သန်းပေါင်းများစွာ ရှိပါတယ်။

Ref : theverge

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category