0 Shares 244 Views


Apr 06, 2019
0 244





Ref : gsmarena

[Unicode]

10x Zoom နဲ့ 5G ပါမယ့် OPPO Reno ကို ဒီလ ၂၄ ရက်မှာ ကြေညာမည်

OPPO က ဇူးရစ်မှာ ဒီလ ၂၄ ရက်နေ့တွင် ပွဲတစ်ခု ကျင်းပဖို့ ဖိတ်စာများ ဝေငှလိုက်ပါတယ်။ ပွဲမှာ စွမ်းဆောင်ရည်မြင့် Reno ကို ကြေညာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

JD.com ကနေ ထွက်လာခဲ့တဲ့ ဓါတ်ပုံများအရ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားတာကို မြင်ရပါတယ်။ 10x Zoom Phone ဖြစ်ပြီး အရင်က အနောက်ကင်မရာ ၃ လုံး ပါမယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဓါတ်ပုံများအရ အရောင်များဟာ Fancy ကျပါတယ်။

ကုမ္ပဏီက OPPO Reno အတွက် ခရမ်း၊ အစိမ်း၊ အနက်နဲ့ ပန်းရောင်များ ထုတ်လုပ်ထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ အနောက်ကင်မရာ ၂ လုံးထဲက ၁ လုံးဟာ 48MP ဖြစ်နိုင်ပါတယ်။ နောက်တစ်လုံးက မြင်ကွင်းကျယ် သို့မဟုတ် Depth Sensor ဖြစ်နိုင်ပါတယ်။ ဆဲလ်ဖီးကင်မရာက 16MP ဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။ 50W Fast Charging ပါတဲ့ 4000mAh Battery ပါလာမှာပါ။

ဓါတ်ပုံများအရ သူ့ရဲ့ Chin က အလွန် သေးငယ်ပါတယ်။ မျက်နှာပြင် ထောင့်စွန်းများက အနည်းငယ် လုံးဝန်းပါတယ်။ OPPO က ယခုအခါ ထူးဆန်းတဲ့ Pop-up ကင်မရာဒီဇိုင်းအသစ်နဲ့ ဖုန်းတမျိုးကို လုပ်ဆောင်နေတယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ OPPO ကနေ အသစ်မိတ်ဆက်မယ့် Reno စီဂရီးအသစ်မှာ ပါဝင်လာဖို့ ရှိပါတယ်။ OPPO F11 Pro, Vivo V15 Pro တို့က Pop-up ကင်မရာနဲ့ ကွာခြားတာကတော့ ဒေါင်လိုက် တပ်လာမယ့် ဒီဇိုင်းမဟုတ်ဘဲ၊ ဖုန်းကိုယ်ထည်အပေါ်ကနေ သပ် ပုံစံ တစောင်း ထွက်လာမယ့် Pop-up ကင်မရာ ဒီဇိုင်းဖြစ်ပါတယ်။

Ref : gsmarena

You may be interested

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares0 views

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ

Ko Thuya - Jun 26, 2019

အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန်တီးနေတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…

Leave a Comment

Most from this category