0 Shares 80 Views


Apr 06, 2019
0 80






Ref : businessinsider

[Unicode]

ကမ္ဘာ့ဈေးအကြီးဆုံး ကား ဖြစ်လာတဲ့ ဒေါ်လာ ၁၉ သန်းတန် Bugatti ရဲ့ ကား

ပြီးခဲ့တဲ့ အင်္ဂါနေ့က Geneva Motor Show မှာ Bugatti က သူ့ရဲ့ နောက်ဆုံးထုတ် တန်ဖိုးကြီး ကားကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်က La Voiture Noire ဖြစ်ပြီး ကုမ္ပဏီ တည်ထောင်တာ နှစ်ပေါင်း ၁၁၀ ပြည့်တဲ့ အထိမ်းအမှတ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ တန်ကြေးက ၁၈.၉ သန်း ဖြစ်ပြီး ရောင်းချထားသမျှကားများထဲမှာ ကမ္ဘာ့ဈေးအကြီးဆုံး ကား ဖြစ်လာပါပြီလို့ Bugatti က ပြောပါတယ်။ ၂၀၁၇ ခုနှစ်ထုတ် Rolls-Royce ရဲ့ ၁၃ သန်းတန် Boat Tail ကားထက်တောင် ဈေးကြီးလာပါတယ်။ “ Bugatti က ကမ္ဘာအဝန်းမှ ကားချစ်သူများအတွက် စိတ်လှုပ်ရှားအောင် အမြဲလုပ်ဆောင်ပေးနေပါတယ်။ စားသုံးသူများ မထင်ထားမိတဲ့ အလန်းစား ကားတွေကို ချပြမှာ ဖြစ်ပါတယ်။ La Voiture Noire က ဥပမာ တစ်ခု ဖြစ်ပါတယ်။ “ လို့ ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သူ Stephan Winkelmann က ပြောပါတယ်။


La Voiture Noire က ပြင်သစ် အမည် ဖြစ်ပြီး အနက်ရောင် ကားလို့ အဓိပ္ပါယ်ရပါတယ်။ ကုမ္ပဏီက အဲဒီကားကို ဝယ်သူသွားသူရဲ့ အမည်ကိုတော့ မပြောသေးပါဘူး။ Bugatti ရဲ့ Fan အကြီးစားက ဝယ်ယူသွားတယ်လို့ ပြောပါတယ်။

သူ့မှာ 8.0 Liter Quad-turbo W16 Engine ထည့်သွင်းထားပြီး မြင်းကောင်ရေ ၁၄၈၀ အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားပါတယ်။

Ref : businessinsider

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category