Xiaomi က Redmi Phone ၇ လုံးအတွက် Software Update ထုတ်ပေးမှုကို ရပ်နားပြီ

Xiaomi ဟာ ၅ နှစ်သက်တမ်းရှိတဲ့ သူ့ရဲ့ စမတ်ဖုန်းများအတွက်တောင် နောက်ဆုံးထုတ် MIUI များ ထည့်သွင်းပေးလေ့ရှိပါတယ်။ အခုတော့ ဒီလိုလုပ်ပေးနေတာကို ရပ်နားတော့မှာပါ။ ရှောင်မီက Software Update ထုတ်ပေးမှုကို ရပ်နားတော့မယ့် ဖုန်း ၇ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်းများအတွက် MIUI 11 နဲ့ Global Beta များ ထုတ်ပေးတော့မှာ မဟုတ်ပါဘူး။

အဲဒီ ဖုန်းများကို အောက်မှာ ကြည့်ပါ။

• Xiaomi Redmi Note 4
• Xiaomi Redmi 3S
• Xiaomi Redmi 4A
• Xiaomi Redmi Pro

ရှောင်မီက သူ့ရဲ့ ဖိုရမ်များမှာ ကြေညာလိုက်တာပါ။ Mi Community Admin က အခြား ဖုန်းများကိုတော့ Software Update များ ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။ Redmi Note 4 အတွက် အိန္ဒိယမှာသာမက အခြား နိုင်ငံများမှာပါ Update များ ရတော့မှာ မဟုတ်ပါဘူး။

အထက်ပါ ဖုန်းများ အားလုံးအတွက် လက်ရှိမှာ Security Update များကိုတော့ ထုတ်လုပ်ပေးမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ထုတ်လုပ်ပေးမလဲ မသိသေးပါဘူး။ ရှောင်မီက MIUI 11 မှာ ကြော်ညာများကို လျှော့ချမယ်လို့ ကြေညာထားပါတယ်။ MIUI 10 ပါတဲ့ အထက်ပါ ဖုန်းများမှာတော့ ကြော်ညာတွေ မြင်ရဦးမှာပါ။

Ref : gsmarena

Xiaomi က Redmi Phone ၇ လုံးအတွက် Software Update ထုတ်ပေးမှုကို ရပ်နားပြီ

%d bloggers like this: