0 Shares 70 Views


Apr 05, 2019
0 70





Ref: Gizmo China

ကျောကင်မရာသုံးလုံးပါ တန်ဖိုးသင့် Lenovo K6 Enjoy စမတ်ဖုန်းကို မိတ်ဆက်

Lenovo ဟာ ၂၀၁၆ ခုနှစ်လောက်တုန်းက ထုတ်ထားတဲ့ K6 စီးရီးမှာ မော်ဒယ်သစ်တလုံးကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Lenovo K6 Enjoy လို့ အမည်ရပြီး၊ စွမ်းဆောင်ရည် မဆိုးတဲ့ တန်ဖိုးသင့်ဖုန်းတလုံးပါ။ ဒီဇိုင်းကတော့ မနှစ်ကထွက်ထားတဲ့ Lenovo Z5s နဲ့ ဆင်ပါတယ်။

Lenovo K6 Enjoy မှာ 6.22-inch IPS LCD (720×1520 pixels) Display ကို အသုံးပြုထားပြီး၊ ရေစက်ပုံစံ Notc နဲ့ ဖြစ်ပါတယ်။ Notch ထဲမှာတော့ 8MP ရှေ့ကင်မရာတလုံး ပါဝင်မှာပါ။ ကျောကင်မရာကတော့ ၃ လုံး ဖြစ်ပါတယ်။ 12MP main camera, 8MP telephoto နဲ့ 5MP depth sensor တို့ပါ။ လက်ဗွေရာဆန်ဆာကိုလည်း ဖုန်းနောက်ဘက်မှာပဲ ထည့်သွင်းထားပါတယ်။

MediaTek ရဲ့ Helio P22 Chipset ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ ဖြစ်ပါတယ်။ Storage ကိုတော့ 64GB နဲ့ 128GB Storage နှစ်မျိုး ရွေးနိုင်မှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်ပါသေးတယ်။ ဘက်ထရီကတော့ 3,300mAh ပါ။ 10W အားသွင်းစနစ်လည်း ပါဝင်ပါတယ်။ USB-C Port နဲ့ ဖြစ်ပါတယ်။

Lenovo K6 Enjoy ကို တရုတ်မှာ 4GB+64GB ကို ၁,၃၉၈ ယွမ် (၂၀၈ ဒေါ်လာခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အနက်နဲ့ အပြာ နှစ်မျိုးပဲ ထုတ်သွားမှာပါ။ ယနေ့ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

Ref: Gizmo China

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category