0 Shares 158 Views

အေပၚကေန Display ေနာက္တခု ထြက္လာမယ့္ စမတ္ဖုန္းဒီဇိုင္းကို OPPO မူပိုင္ခြင့္တင္

Apr 05, 2019
0 158

တ႐ုတ္စမတ္ဖုန္းကုမၸဏီတခုျဖစ္တဲ့ OPPO ဟာ ဇန္နဝါရီလကုန္ေလာက္မွာ စမတ္ဖုန္းဒီဇိုင္းအသစ္အခ်ိဳ႕ကို မူပိုင္ခြင့္တင္ခဲ့ပါတယ္။ OPPO ရဲ႕ မူပိုင္ခြင့္ ပုံၾကမ္းေတြကို ထုံးစံအတိုင္း Lets Go Digital က Renders ပုံေဖာ္ေပးထားပါတယ္။

ေတာ္ေတာ္ဆန္းတဲ့ ဒီဇိုင္းဆိုတာေတာ့ ေျပာစရာေတာင္ မလိုပါဘူး။ ဖုန္းရဲ႕ အဓိက Display အေပၚကေန ေနာက္ထပ္ အ႐ြယ္အစား ပိုေသးတဲ့ Display တခု ထပ္ထြက္လာမယ့္ ဒီဇိုင္းပါ။ ျမင္ဖူးသမွ် မူပိုင္ခြင့္ပုံေတြထဲမွာ အဆန္းဆုံးလို႔ေတာင္ ေျပာႏိုင္ပါတယ္။

အေပၚကေန ထြက္လာမယ့္ Display က Main Display ထက္ ပိုေသးတယ္ဆိုေပမယ့္ သူ႔ခ်ည္း ၾကည့္ရင္ေတာ့ အ႐ြယ္အစား ေတာ္ေတာ္ႀကီးပါေသးတယ္။ OPPO အေနနဲ႔ ဒီလို ဒီဇိုင္းကို ဘာေၾကာင့္ မူပိုင္ခြင့္တင္ထားလဲဆိုတာေတာ့ စဥ္းစားမရပါဘူး။ ေနာက္ထပ္ အေပၚကေန Display တခု ထပ္ထြက္လာတာက တကယ္တမ္း ဘာမွ အသုံးမဝင္ေလာက္ပါဘူး။ ေရွ႕ကင္မရာကိုလည္း ပင္မ စမတ္ဖုန္းကိုယ္ထည္ရဲ႕ အေပၚဘက္ ေဘာင္မွာ ထည့္သြင္းထားတာ ျမင္ရေတာ့ အေပၚကေန ဘာမွ ထပ္ထြက္လာစရာ မလိုေတာ့ဘူး ထင္ပါတယ္။

ဒါေပမယ့္ OPPO ရဲ႕ ေနာက္ထပ္ ဒီဇိုင္းတခုကေတာ့ နည္းနည္း ယုတၱိရွိပါတယ္။ ေဘးဘက္ကေန ေနာက္ထပ္ စခရင္တခု ထပ္ထြက္လာမယ့္ ဒီဇိုင္းပါ။ ဒီ အိုင္ဒီယာကလည္း အဆန္းႀကီးဆိုေပမယ့္ အေပၚက ဒီဇိုင္းထက္ေတာ့ အသုံးဝင္မွာပါ။ ဥပမာ ဂိမ္းေဆာ့တာမ်ိဳးဆို ေဘးက စခရင္မွာပဲ ခလုတ္ေတြ ျပၿပီး အေပၚ စခရင္ကို ၾကည့္ကာ လြတ္လြတ္လပ္လပ္ ေဆာ့ႏိုင္မွာပါ။

ကုမၸဏီေတြရဲ႕ မူပိုင္ခြင့္တိုင္းဟာ တကယ္ Product ျဖစ္လာတာ မဟုတ္တာကိုေတာ့ သတိခ်ပ္ရမွာပါ။ တကယ္ထြက္လာရင္လည္း အသစ္အဆန္း ျမင္ရတာေပါ့။

Ref: Android Authority

(Unicode)

အပေါ်ကနေ Display နောက်တခု ထွက်လာမယ့် စမတ်ဖုန်းဒီဇိုင်းကို OPPO မူပိုင်ခွင့်တင်

တရုတ်စမတ်ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ OPPO ဟာ ဇန်နဝါရီလကုန်လောက်မှာ စမတ်ဖုန်းဒီဇိုင်းအသစ်အချို့ကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ OPPO ရဲ့ မူပိုင်ခွင့် ပုံကြမ်းတွေကို ထုံးစံအတိုင်း Lets Go Digital က Renders ပုံဖော်ပေးထားပါတယ်။

တော်တော်ဆန်းတဲ့ ဒီဇိုင်းဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဖုန်းရဲ့ အဓိက Display အပေါ်ကနေ နောက်ထပ် အရွယ်အစား ပိုသေးတဲ့ Display တခု ထပ်ထွက်လာမယ့် ဒီဇိုင်းပါ။ မြင်ဖူးသမျှ မူပိုင်ခွင့်ပုံတွေထဲမှာ အဆန်းဆုံးလို့တောင် ပြောနိုင်ပါတယ်။

အပေါ်ကနေ ထွက်လာမယ့် Display က Main Display ထက် ပိုသေးတယ်ဆိုပေမယ့် သူ့ချည်း ကြည့်ရင်တော့ အရွယ်အစား တော်တော်ကြီးပါသေးတယ်။ OPPO အနေနဲ့ ဒီလို ဒီဇိုင်းကို ဘာကြောင့် မူပိုင်ခွင့်တင်ထားလဲဆိုတာတော့ စဉ်းစားမရပါဘူး။ နောက်ထပ် အပေါ်ကနေ Display တခု ထပ်ထွက်လာတာက တကယ်တမ်း ဘာမှ အသုံးမဝင်လောက်ပါဘူး။ ရှေ့ကင်မရာကိုလည်း ပင်မ စမတ်ဖုန်းကိုယ်ထည်ရဲ့ အပေါ်ဘက် ဘောင်မှာ ထည့်သွင်းထားတာ မြင်ရတော့ အပေါ်ကနေ ဘာမှ ထပ်ထွက်လာစရာ မလိုတော့ဘူး ထင်ပါတယ်။

ဒါပေမယ့် OPPO ရဲ့ နောက်ထပ် ဒီဇိုင်းတခုကတော့ နည်းနည်း ယုတ္တိရှိပါတယ်။ ဘေးဘက်ကနေ နောက်ထပ် စခရင်တခု ထပ်ထွက်လာမယ့် ဒီဇိုင်းပါ။ ဒီ အိုင်ဒီယာကလည်း အဆန်းကြီးဆိုပေမယ့် အပေါ်က ဒီဇိုင်းထက်တော့ အသုံးဝင်မှာပါ။ ဥပမာ ဂိမ်းဆော့တာမျိုးဆို ဘေးက စခရင်မှာပဲ ခလုတ်တွေ ပြပြီး အပေါ် စခရင်ကို ကြည့်ကာ လွတ်လွတ်လပ်လပ် ဆော့နိုင်မှာပါ။

ကုမ္ပဏီတွေရဲ့ မူပိုင်ခွင့်တိုင်းဟာ တကယ် Product ဖြစ်လာတာ မဟုတ်တာကိုတော့ သတိချပ်ရမှာပါ။ တကယ်ထွက်လာရင်လည်း အသစ်အဆန်း မြင်ရတာပေါ့။

Ref: Android Authority

You may be interested

Xiaomi က အိႏၵိယမွာ မုတ္ဆိတ္ရိတ္စက္ကို ေရာင္းခ်
Gadgets, HUBS, NEWS
0 shares0 views

Xiaomi က အိႏၵိယမွာ မုတ္ဆိတ္ရိတ္စက္ကို ေရာင္းခ်

Ko Thuya - Jun 26, 2019

Xiaomi က အိႏၵိယမွာ စမတ္ဖုန္း ၊ တက္ဘလက္နဲ႔ တီဗီမ်ားကိုသာ ေရာင္းခ်တာ မဟုတ္ပါဘူး။ အီလက္ထေရာနစ္ ကိရိယာမ်ိဳးစံုကို ေရာင္းခ်ေပးေနပါတယ္။ အခုလည္း Mi Beard Trimmer ကို ေၾကညာလိုက္ပါတယ္။ အိႏၵိယမွ အမ်ိဳးသားမ်ား ႏွစ္သက္တဲ့ Stainless-steel Blades…

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares16 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares11 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Leave a Comment

Most from this category