ရုရှားက သူ့ရဲ့ စစ်သားများဟာ စိတ်စွမ်းအင်နဲ့ ကွန်ပြူတာများကို ဖျက်ဆီးနိုင်တယ်လို့ ပြော

ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံများက ပြိုင်ဖက် နိုင်ငံများ ရှိန်အောင် သူတို့ရဲ့ လက်နက်များ၊ စွမ်းရည်များအကြောင်းကို အကဲပိုပြီး ကြွားလုံးထုတ်တတ်ကြပါတယ်။ ဒါပေမယ့် ရုရှားကတော့ သူများတွေထက် ပိုတယ်လို့ ဆိုချင်စရာပါ။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မဂ္ဂဇင်းမှာ သူတို့ရဲ့ အထူး စစ်သားများဟာ စိတ်စွမ်းအင်ကို အသုံးပြုပြီး ကွန်ပြူတာ ပရိုဂရမ်များကို ကြောင်သွားအောင် ပြုလုပ်နိုင်တယ်လို့ ရေးသားထားပါတယ်။

အနာဂတ် စစ်ပွဲများအတွက် အထူး စစ်သားများ အမည်ရ ဆောင်းပါးမှာ ဒီလို ဖော်ပြထားတာပါ။ လင်းပိုင်များရဲ့ စိတ်နဲ့ ဆက်သွယ်မှုများကို လေ့လာခြင်းဖြင့် ဒီလို နည်းပညာများ ရလာတာလို့ ပြောပါတယ်။ ဒါ့အပြင် စစ်သားများဟာ စိတ်စွမ်းအင်ကို အသုံးပြုပြီး သော့ခတ်ထားတဲ့ သေတ္တာထဲက နိုင်ငံခြား ဘာသာစကားနဲ့ ရေးသားထားတဲ့ စာရွက်စာတမ်းများကို ဖတ်နိုင်တယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူများကို ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါတင် မကသေးပါဘူး။ စိတ်စွမ်းအင်ကို အသုံးပြုပြီး စစ်သားများဟာ အဝေးက လူများရဲ့ ပြောစကားများကို ခိုးနားထောင်နိုင်ပါတယ်။ ခြုံခိုတိုက်ခိုက်မှုများကို ကြိုတင်သိနိုင်ပါတယ်။ ရေဒီယိုလှိုင်းများကို နှောင့်ယှက်တားဆီးခြင်းများကို ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရုရှား စစ်သားများဟာ လင်းပိုင်များနဲ့တောင် ဆက်သွယ်စကားပြောနိုင်လာပြီလို့ ရေးသားထားပါတယ်။

ဒီနည်းပညာများကို တီထွင်ခဲ့တာ ၁၉၈၀ ခုနှစ် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်ကတည်းကလို့ ဖော်ပြထားပါတယ်။ ပညာရှင် အချို့က ဒီနည်းပညာများဟာ ယုတ္တိ မရှိဘူးလို့ သုံးသပ်ထားကြပါတယ်။

Ref : businessinsider

ရုရှားက သူ့ရဲ့ စစ်သားများဟာ စိတ်စွမ်းအင်နဲ့ ကွန်ပြူတာများကို ဖျက်ဆီးနိုင်တယ်လို့ ပြော

%d bloggers like this: