ယာဉ်မောင်းက လိင်ပိုင်းဆိုင်ရာ စော်ကားလို့ Uber ကို တရားစွဲလိုက်တဲ့ အမျိုးသမီး

ဝါရှင်တန် ဒီစီမှာ နေထိုင်သူ အမျိုးသမီး တစ်ဦးက အူဘာရဲ့ ယာဉ်မောင်းဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အတွက် ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ စားသုံးသူများကို ကာကွယ်ရမယ့် ဥပဒေကို ချိုးဖောက်တယ်လို့ တရားရုံးမှာ တိုင်ကြားထားပါတယ်။ တရားခံရဲ့ အမည်က Jand Doe ဖြစ်ပြီး သူမက အူဘာဟာ အမျိုးသမီးများအတွက် လုံခြုံတဲ့ ဝန်ဆောင်မှု ဖြစ်စေရမယ်လို့ ကြေညာထားပေမယ့် ကတိမတည်ခဲ့ဘူးလို့ ပြောပါတယ်။

အူဘာရဲ့ ယာဉ်မောင်းအမည်မှာ Raul E. Rodriguez Vasquez ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စော်ကားခဲ့တာလို့ သိရပါတယ်။ သူမက လူမှု အကူအညီပေးသူ တစ်ဦးကို အကြောင်းကြားခဲ့ပြီး အဲဒီလူက ရဲဌာနကို တိုင်ကြားခဲ့တာပါ။ ရဲများက DNA သဲလွန်စများကို ရှာဖွေနေပါတယ်။ သူဟာ အပြစ်ကျူးလွန်ကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ထောင်ထဲရောက်နေပါပြီ။

အူဘာဟာ သူ့ယာဉ်မောင်းများရဲ့ စားသုံးသူများ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနဲ့ ပတ်သက်ပြီး ပြဿနာများစွာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ အမေရိကန်တွင် အူဘာယာဉ်မောင်း ၁၀၃ ဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့တယ်ဆိုပြီး တိုင်ကြားခံခဲ့ရတယ်လို့ စီအန်အန်က ပြောပါတယ်။ ယာဉ်မောင်း ၃၁ ဦးဟာ အမျိုးသမီးများအား လက်နဲ့ ကိုင်ခြင်း၊ မုဒိမ်းကျင့်ခြင်းများအတွက် အပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လမှာလည်း ကန်းဆက်စီးတီးမှ အမျိုးသမီးတစ်ဦးက အူဘာဟာ ယာဉ်မောင်းရဲ့ ပြစ်မှုမှတ်တမ်းကို စစ်ဆေးခဲ့ခြင်း မရှိဘဲ ယာဉ်မောင်းက သူ့ကို မုဒိမ်းကျင့်ခဲ့တဲ့အတွက် အူဘာကို တရားစွဲခဲ့ပါတယ်။

Ref : theverge

ယာဉ်မောင်းက လိင်ပိုင်းဆိုင်ရာ စော်ကားလို့ Uber ကို တရားစွဲလိုက်တဲ့ အမျိုးသမီး

%d bloggers like this: