အသုံးဝင် Tools များစွာပါတဲ့ Smart Kit 360

Android Apps ပေါင်းများစွာရှိတဲ့အတွက် သင့်အတွက် အသုံးဝင်မယ့် Apps များကို ရွေးချယ်ရတာ မလွယ်ကူပါဘူး။ Smart Kit 360 ကို ဆောင်ထားလိုက်ရင်တော့ အခြား Apps များ မလိုအပ်တော့ပါဘူး။ Kafui Utils က ဖန်တီးထားတာ ဖြစ်ပြီး Google Play Store မှာ 4.6 Rating ရရှိထားပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ သူ့မှာ Apps ပေါင်း ၃၂ ခုကို ထည့်သွင်းပေးထားပါတယ်။ သူ့ရဲ့ Interface က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ Productivity , Utility , Calculation , Conversion , Navigation , Measurement စတဲ့ ကဏ္ဍများအောက်မှာ အသုံးဝင်တဲ့ Tools များစွာကို ထည့်သွင်းပေးထားပါတယ်။

ကဏ္ဍများခွဲခြားထားတဲ့အတွက် Tools များကိုလွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ Tools များက Metric နဲ့ Imperial Unit Formats နှစ်ခုစလုံးကို အထောက်အပံ့ပေးပါတယ်။ ဘာသာစကားများစွာကို ထည့်သွင်းပေးထားပါတယ်။ ဘာသာပေါင်းစုံ Dictionary များ၊ လေ့ကျင့်ခန်းပြုလုပ်တဲ့ Timer ၊ Cache Cleaner ၊ RAM Booster ၊ Battery Saver ၊ Sound Meter ၊ မြေပုံ၊ Compass ၊ မှန်ဘီလူး၊ မှန်၊ သတ္တရှာဖွေတဲ့ လုပ်ဆောင်ချက်၊ မှတ်စုများကို ဖန်တီးနိုင်တဲ့ Notepad ၊ ဘာသာပြန်ပေးမယ့် Translator ၊ ဖိုင်အမျိုးအစားများစွာကို ကြည့်ရှုနိုင်တဲ့ ဖိုင်မန်နေဂျာ၊ Audio များကို တည်းဖြတ်၍ Ringtones ပြုလုပ်နိုင်တဲ့ Tool ၊ ဓါတ်မီးအဖြစ် အသုံးပြုနိုင်တဲ့ Flashlight ၊ တည်နေရာ လမ်းညွှန်ပေးတဲ့ Compass ၊ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ Tool စတာတွေ အပါအဝင် Tools ပေါင်းများစွာ ပါရှိပါတယ်။

Tools များကို လျှင်မြန်လွယ်ကူစွာ အသုံးပြုနိုင်အောင် Home Screen မှာ Shortcuts များ ပြုလုပ်ထားနိုင်ပါတယ်။ Google Play Store မှာ အဲဒီလို Apps များစွာ ရှိပေမယ့် Smart Kit 360 မှာ အားလုံးကို အသုံးပြုနိုင်တာက ထူးခြားပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် ကြော်ညာများကို ပြသပေးထားပါတယ်။ သူ့ကို Android Version 4.0 နဲ့ အထက်မှာ အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်း အပြင် တက်ဘလက်များမှာလည်း သူ့ကို အသုံုးပြုနိုင်ပါတယ်။ စွမ်းဆောင်ချက်များစွာ ပါပေမယ့် 4.5MB လောက်သာ ဖုန်းမှာ နေရာယူတာက ထူးခြားပါတယ်။

Download

အသုံးဝင် Tools များစွာပါတဲ့ Smart Kit 360

%d bloggers like this: