တရုတ်တက္ကစီအဌားဝန်ဆောင်မှု Didi မှာ Apple က ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှပ်နှံ

iCar ထုတ်တော့မယ်လို့ သတင်းတွေထွက်နေတဲ့ Apple က ယခုအခါ ကားမထုတ်တော့ဘဲ၊ တက္ကစီဌားစားဖို့ ပြင်ဆင်နေပါပြီ။

သောကြာနေ့မနက်မှာ၊ တရုတ်အွန်လိုင်းတက္ကစီအဌားဝန်ဆောင်မှုကုမ္ပကီဖြစ်တဲ့ Didi Chuxing က ကုမ္ပဏီမှာ Apple က ဒေါ်လာ ၁ ဘီလီယံလာရောက်ရင်းနှီးမြှပ်နှံလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါတယ်။

Didi ဆိုတာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးတက္ကစီအဌားနဲ့ မျှစီးဝန်ဆောင်မှု အက်ပလီကေးရှင်းဖြစ်ပြီး၊ အမေရိကန်ကုမ္ပဏီ Uber နဲ့ အတူ တရုတ်ဈေးကွက်မြှ ယှဉ်ပြိုင်နေတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ အခုလို အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple က Didi ဘက်က ငွေပမာဏအမြောက်အများ လာရောက်ရင်းနှီးမြှပ်နှံလိုက်တာက Didi အတွက် အားသာမှုတစ်ခုဖြစ်လာနိုင်ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ၊ Didi ဥက္ကဌ Jean Liu က ဒီ ရင်းနှီးမြှပ်နှံဖို့သဘောတူညီချက်ဟာ Apple CEO Tim Cook နဲ့ Cupertino မှာ ဧပြီလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက်၊ အလျင်အမြန် အကောင်အထည်ပေါ်လာခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ Didi မှာ ဘာလို့ရင်းနှီးမြှပ်နှံခဲ့လဲဆိုတာ အတိအကျမသိရပေမယ့်၊ မကြာသေးခင်က iPhone ရောင်းအားတွေ ပထမဆုံးအကြိမ်ကျဆင်းခဲ့ပြီးနောက်၊ Apple ရဲ့ ဈေးကွက်နည်းဗျူဟာအသစ်လို့ ယူဆရပါတယ်။

Apple CEO Tim Cook အနေနဲ့လည်း Apple ကုမ္ပဏီကို ဟာ့ဒ်ဝဲပစ္စည်းထုတ်လုပ်သူကုမ္ပဏီတစ်ခုအစား၊ ဆားဗစ်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ ရည်ညွန်းပြောဆိုမှုတွေရှိခဲ့ဖူးတာကြောင့်၊ Apple အနေနဲ့ နောက်ထပ်ဘာတွေပြောင်းလဲဖို့ရှိမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref: Forbes

 

%d bloggers like this: