နေရောင်ခြည် စွမ်းအင်ဖြင့် တစ်နှစ်ကြာ မရပ်မနား ပျံသန်းနိုင်တဲ့ ဒရုန်း

Farnborough International Airshow မှာ PHASA-35 အမည်ရ ဒရုန်းတစ်ခုကို ပြသလိုက်ပါတယ်။ သူဟာ ၃၅ မီတာ အကျယ်ရှိပြီး တောင်ပံများဟာ ပါးလွှာပါတယ်။ သူဟာ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုလျှက် ပျံသန်းနိုင်ပါတယ်။ တစ်နှစ်ကြာတောင် မရပ်မနား ပျံသန်းနိုင်ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ဒရုန်းဟာ အရွယ်သေး နမူနာ မော်ဒယ် ဖြစ်ပ ါတယ်။

လာမယ့်နှစ်မှာ စွမ်းရည်ပြည့် မော်ဒယ်ကို စမ်းသပ် ပျံသန်းမှာ ဖြစ်ပါတယ်။ ၂၀၂၀ သို့မဟုတ် ၂၀၂၁ ခုနှစ်များမှာ စားသုံးသူများထံ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ကို မောင်းသူမဲ့ လေယာဉ် နည်းပညာနယ်ပယ်မှာ အထူး ကျွမ်းကျင်တဲ့ Prismatic နဲ့ BAE Systems တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ ဒီဒရုန်းကို ကောင်းကင်မှာ ကြာနိုင်သလောက် ကြာအောင် ပျံသန်းစေချင်တာဖြစ်ပါတယ်။ လများစွာ၊ ဒီထက်ပိုပြီး နှစ်များစွာကြာအောင် မရပ်မနား ပျံသန်းစေချင်ပါတယ်။ “ လို့ Prismatic ရဲ့ အင်ဂျင်နီယာ ဌာနမှ ဒါရိုက်တာ ဖြစ်သူ Jonathan Dixon က Techradar ကို ပြောပါတယ်။

ဒရုန်းဟာ ၁၅ ကီလိုဂရမ် အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ တကယ်တော့ သူ့ကိုယ်ထည်ထဲမှာ ဆန့်သလောက် ကုန်ပစ္စည်းများကို သယ်ဆောင်နိုင်ပါတယ်။ သူ့ကို ထောက်လှမ်းရေး ဒရုန်းလို့ ဖော်ပြထားပေမယ့် အခြား အလုပ်များကို ပြုလုပ်နိုင်ပါတယ်။

“ Drone ဟာ 5G, 6G အင်တာနက် ဆက်သွယ်မှုများကို ထုတ်လွှင့်ပေးခြင်း၊ ထောက်လှမ်းရေး ပြုလုပ်ခြင်း၊ စိုက်ပျိုးရေး၊ သစ်တော ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေး ကယ်ဆယ်ရေးများလို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။ “ လို့ တီထွင်သူများက ပြောပါတယ်။

Ref : techradar

နေရောင်ခြည် စွမ်းအင်ဖြင့် တစ်နှစ်ကြာ မရပ်မနား ပျံသန်းနိုင်တဲ့ ဒရုန်း

%d bloggers like this: