တန်ဖိုးသင့် Google Pixel 3a လာမည်

Google ရဲ့ တန်ဖိုးသင့်စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များ ထပ်မံထွက်လာပါတယ်။ အရင်ကတော့ သူ့ကို Pixel 3 Lite လို့ အမည်ပေးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ မကြာခင်ကမှ သူ့ကို Pixel 3a နဲ့ Pixel 3a XL လို့ အမည်ပေးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

အခုလည်း WinFuture က Google Pixel 3a နဲ့ Pixel 3a XL များအတွက် အနက်နဲ့ အဖြူရောင်များ အပြင် Iris Color ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ ယခင်ထွက်ခဲ့ဖူးတဲ့ သတင်းများအရ Pixel 3a နဲ့ Pixel 3a XL များမှာ ၅.၆ လက်မနဲ့ ၆ လက်မ မျက်နှာပြင်များ အသီးသီး ပါလာမှာပါ။

သူတို့ ၂ လုံးမှာဘာတွေ ကွာခြားမလဲ ဆိုတာ မသိရသေးပါဘူး။ အရင် ထွက်ခဲ့တဲ့ သတင်းအရ Pixel 3a မှာ ၅.၆ လက်မ OLED 2220x1080p Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အချိုးမှာ 18.5:9 ဖြစ်ပါတယ်။ Qualcomm Snapdragon 670 Chipset မောင်းနှင်ထားပါတယ်။

4GB RAM , 64GB Storage များ ပါပါတယ်။ အနောက်ဘက်မှာ 12MP Main Camera နဲ့ အရှေ့ဘက်မှာ 8MP Camera ပါပါတယ်။ သူ့ရဲ့ ကင်မရာများဟာ Pixel 3 နဲ့ ယှဉ်နိုင်ပါတယ်။ Android 9.0 Pie ပါလာမှာပါ။ သူဟာ Apple ရဲ့ တန်ဖိုးအနည်းဆုံး ဖြစ်တဲ့ ၇၄၉ ဒေါ်လာတန် iPhone XR ထက် ဈေးသက်သာမှာဖြစ်ပါတယ်။ Pixel 3a ဟာ ဒေါ်လာ ၅၀၀ လောက်ရှိမယ်လို့ သိရပါတယ်။ Pixel 3a XL က အနည်းငယ် ဈေးပိုများမှာပါ။ Pixel 3a နဲ့ Pixel 3a XL များကို ဒီနှစ်ထဲမှာ ကြေညာမှာ ဖြစ်ပါတယ်။ ပထမနှစ်ဝက်မှာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena

တန်ဖိုးသင့် Google Pixel 3a လာမည်

%d bloggers like this: