WeChat ဟာ တရုတ်မှာတော့ နာမည်အကြီးဆုံး ဖြစ်ပြီး နေ့စဉ် အသုံးပြုသူ ၁ ဘီလီယမ်ကျော် ရှိပါတယ်။ သူ့ကို အိန္ဒိယမှာ ၂၀၁၂ ခုနှစ်က စတင် ဖြန့်ချီပေးခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုသူ အရမ်း မများသေးဘူးလို့ သိရပါတယ်။ အခုတော့ ကုမ္ပဏီက WeChat ကနေ ငွေပေးချေနိုင်တဲ့ WeChat Pay ကို အိန္ဒိယမှာ စတင် ဝန်ဆောင်မှုပေးတော့မှာ ဖြစ်ပါတယ်။
တရုတ်မှာ WeChat Pay ဟာ လူသုံးအများဆုံး ဖြစ်ပါတယ်။ အိန္ဒိယဟာလည်း တရုတ်လိုပဲ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီများက အိန္ဒိယကို မျက်စိကျကြပါတယ်။ အိန္ဒိယမှာ မိုဘိုင်း ဖုန်းကနေ ငွေပေးချေတဲ့ ပမာဏဟာ ဒီဇင်ဘာလ၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလများမှာ ရူပီး ၁ ထရီလီယမ် ( ဒေါ်လာ ၁၄.၄၉ ဘီလီယမ်) ကျော်တယ်လို့ သိရပါတယ်။
WeChat Pay ဟာ အိန္ဒိယမှာ BHIM, PhonePe, Paytm နဲ့ Google Pay တို့ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ WeChat ရဲ့ ပိုင်ရှင်ဟာ တရုတ် နည်းပညာ ကုမ္ပဏီ Tencent ဖြစ်ပြီး Tencent ရဲ့ အရာရှိများဟာ National Payment Corporation of India (NPCI) နဲ့ လွန်ခဲ့တဲ့ သုံးပတ် အကြာက လိုင်စင်ရဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးပြီလို့ သိရပါတယ်။ အိန္ဒိယမှာ WeChat Pay ကို မေ သို့မဟုတ် ဇွန်လမှာ စတင် အသုံးပြုနိုင်အောင် ပြုလုပ်မယ်လို့ သိရပါတယ်။
Ref : tnw
WeChat Pay ကို အိန္ဒိယမှာ သုံးနိုင်မည်
You must log in to post a comment.