ရည်းစားရှာပေးတဲ့ Dating App များစွာ ရှိပါတယ်။ ဒါ့အပြင် လိင်တူ ချစ်သူများအတွက်လည်း အဲဒီလို App များကို ဖန်တီးထားကြပါတယ်။ အခုတော့ တရုတ်မှ Rela အမည်ရ လိင်တူ ချစ်သူ ရှာပေးတဲ့ App ကနေ အကောင့်ပေါင်း ၅.၃ သန်းရဲ့ ဒေတာများ ပေါက်ကြားသွားပါတယ်။ ဂေးတွေ၊ လက်စဘီးယန်းတွေ ပေါ်သွားကြပါပြီ။
ပေါက်ကြားသွားတဲ့ ဒေတာများထဲမှာ အမည်ပြောင်များ၊ မွေးသက္ကရာဇ်များ၊ အရပ်အမြင့်၊ ကိုယ် အလေးချိန်၊ လူမျိုး၊ လိင်စိတ်တိမ်းညွှတ်မှု၊ စိတ်ဝင်စားတဲ့ အရာများ ပါဝင်ပါတယ်။ ဒါ့အပြင် Status ပေါင်း သန်း ၂၀ ကျော်ကိုလည်း တွေ့ရပါတယ်။
ဒီလုံခြုံရေး ဟာကွက်ကို တွေ့ခဲ့သူက ဆိုက်ဘာ လုံခြုံရေး ပညာရှင် Victor Gevers ဖြစ်ပါတယ်။ သူက Password မခံထားတဲ့ ဆာဗာတစ်ခုမှာ Rela အကောင့်ပေါင်း သန်းပေါင်းများစွာရဲ့ ဒေတာများကို တွေ့ခဲ့ပါတယ်။ အဲဒီလို ဒေတာများကို ခိုးယူနိုင်တာဟာ ၂၀၁၈ ခုနှစ် ဇွန်လကတည်းက ဖြစ်နိုင်ပါတယ်လို့ Techcrunch က ရေးသားထားပါတယ်။
တရုတ် အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Rela ဟာ ၂၀၁၇ ခုနှစ်ကစပြီး App Store ကနေ ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် သူ့ကို အွန်လိုင်း ဝက်ဘ်ဆိုက်များကနေ ရယူ အသုံးပြုနေတာ ဖြစ်ပါတယ်။ တရုတ် အစိုးရက လိင်တူ ချစ်သူ ရှာပေးတဲ့ App များကို တိုက်ဖျက်နေပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်းမှာတော့ အဲဒီ App များစွာ ရှိနေပါတယ်။
Ref : gizmodo
အကောင့်ပေါင်း သန်းနဲ့ ချီ ပေါက်ကြားသွားတဲ့ လိင်တူ ချစ်သူ ရှာပေးတဲ့ App
You must log in to post a comment.