Meizu 16s ရဲ့ သတင်း Geekbench ကနေ ထွက်လာ

ပြီးခဲ့တဲ့ လကတည်းက Meizu 16s ရဲ့ သတင်းများ ထွက်ပေါ်လာပါတယ်။ ဖေဖော်ဝါရီလကုန်မှာ သူ့ရဲ့ ပထမဆုံး ဓါတ်ပုံများ ထွက်လာပါတယ်။ အခုတော့ သူ့ရဲ့ သတင်းအချက်အလက်များဟာ Geekbench ကနေ ထွက်လာပါတယ်။

သူ့မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 855 Chipset ထည့်သွင်းထားပါတယ်။ 6GB RAM ပါလာမှာ ဖြစ်ပါတယ်။ Geekbench မှ စွမ်းဆောင်ရည် ရမှတ်စာရင်းမှာ Meizu 16s ဟာ Xiaomi Mi 9 ရဲ့ အောက်မှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် Samsung Galaxy S10 နဲ့ Huawei P30 Pro တို့ရဲ့ အထက်မှာ ရောက်နေပါတယ်။

ယခင်သတင်းများအရ Meizu 16s မှာ ၆.၂ လက်မ မျက်နှာပြင်နဲ့ Plus Model မှာ ၆.၇၆ လက်မ မျက်နှာပြင်များ ပါမယ်လို့ သိရပါတယ်။ မော်ဒယ်နှစ်ခုစလုံးမှာ 1080p+ AMOLED Panel ကို အသုံးပြုထားမှာပါ။ မျက်နှာပြင်ကို Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။

မော်ဒယ် ၂ ခုစလုံးမှာ 48MP Sony IMX586 Camera များ ထည့်သွင်းထားပြီး OIS ပါပါတယ်။ 16s မှာ 3600mAh Battery ပါလာမှာပါ။ ကြိုးမဲ့အားသွင်း စနစ်တော့ မပါလာပါဘူး။ မော်ဒယ် ၂ ခုစလုံးကို ဧပြီ သို့မဟုတ် မေလမှာ ရောင်းချနိုင်ပြီး ယွမ် ၃၃၀၀ (၄၉၀ ဒေါ်လာ) ထက်များမယ်လို့ စီအီးအိုက ယခင်က ပြောခဲ့ဖူးပါတယ်။

Ref : gsmarena

Meizu 16s ရဲ့ သတင်း Geekbench ကနေ ထွက်လာ

%d bloggers like this: