တောင်ကိုရီးယား မော်ဒယ် Galaxy S10 5G ရဲ့ Specs များ ထွက်လာ

မနေ့က တောင်ကိုရီးယားကနေ ထွက်လာတဲ့ သတင်းအရ 8/256GB Model ဟာ တောင်ကိုရီးယားမှာ ဝမ် ၁၃၉ သန်း ( ဒေါ်လာ ၁၂၂၀) လောက် ရှိမယ်လို့ သိရပါတယ်။ 512GB Model ကတော့ ဝမ် ၁၅၅ သန်း (ဒေါ်လာ ၁၃၆၀) ရှိမယ်လို့ ပြောပါတယ်။ အခုတော့ တောင်ကိုရီးယားမှာ ရောင်းမယ့် မော်ဒယ်ရဲ့ သတင်းအချက်အလက်များ ထွက်လာပါတယ်။

တောင်ကိုရီးယားမှာ ရောင်းမယ့် Galaxy S10 5G ရဲ့ Specs အချို့ဟာ ကမ္ဘာအဝန်းမှာ ရောင်းမယ့် မော်ဒယ်နဲ့ အနည်းငယ် ကွာခြားနေပါတယ်။ Dealntech က တောင်ကိုရီးယားမှာ ရောင်းမယ့် မော်ဒယ်အတွက် 256GB နဲ့ 512GB များ ထုတ်လုပ်ထားမှာပါလို့ ပြောပါတယ်။ တောင်ကိုရီးယားမှာ ရောင်းမယ့် မော်ဒယ်မှာ Qualcomm ရဲ့ 5G Modem အစား Samsung Exynos CPU ထည့်သွင်းထားနိုင်ပါတယ်။ အခြား နိုင်ငံများမှာ ရောင်းမယ့် မော်ဒယ်မှာ Qualcomm X50 Modem ထည့်ထားမှာ ဖြစ်ပါတယ်။

အရွယ်အစားနဲ့ အလေးချိန်ကလည်း အနည်းငယ် ကွဲပြားပါတယ်။ Global Version ဟာ 162.6 x 77.1 x 7.9 mm နဲ့ 198g ရှိပါတယ်။ တောင်ကိုရီးယားမှာ ရောင်းမယ့် မော်ဒယ်ဟာ အလေးချိန်ပိုများပြီး ၂၀၈ ဂရမ် ရှိပါတယ်။ 162.2 x 77.1 x 7.8 mm ရှိပြီး အမြင့်က ပိုတိုလာပါတယ်။ ပိုပါးလွှာပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ တူညီတာက ဘက်ထရီဖြစ်ပြီး 4500mAh ကို သုံးထားမှာပါ။

Ref : gsmarena

တောင်ကိုရီးယား မော်ဒယ် Galaxy S10 5G ရဲ့ Specs များ ထွက်လာ

%d bloggers like this: