နယူးဇီလန် တိုက်ခိုက်မှုအပြီးမှာ Live Video များကို ကန့်သတ်ဖို့ စဉ်းစားနေတဲ့ Facebook

နယူးဇီလန်မှ ဗလီ ၂ ခုအား တိုက်ခိုက်မှုကို Facebook မှာ Live ထုတ်လွှင့်မှု အပြီးတွင် Facebook က Live Video များကို ကန့်သတ်မှုများ ပြုလုပ်နိုင်မယ့် နည်းလမ်းများကို ပြုလုပ်ဖို့ ကတိပေးလိုက်ပါတယ်။ နယူးဇီလန်မှ တိုက်ခိုက်မှုမှာ လူပေါင်း ၅၀ သေဆုံးခဲ့ပြီး အဲဒီ ဗီဒီယိုကို ကြည့်ရှုတဲ့ အကြိမ်အရေအတွက်ဟာ ၄၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကုမ္ပဏီက ၂၄ နာရီအတွင်းမှာ အဲဒီ ဗီဒီယိုရဲ့ ကော်ပီပေါင်း ၁.၂ သန်းကို Upload ပြုလုပ်တာကို တားဆီးနိုင်ခဲ့ပြီး လူမှုကွန်ရက်ပေါ် ရောက်နေပြီးသား ဗီဒီယို ၃၀၀ ၀၀၀ ကို ဖျက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

နယူးဇီလန်ကလည်း အမုန်းပွားမှု စကားများအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေများကို ပြန်လည် သုံးသပ်မယ်လို့ ပြောပါတယ်။ တရားရေး ဝန်ကြီး Andrew Little က လက်ရှိ ဥပဒေများဟာ အွန်လိုင်းမှ အမုန်းစကားများကို လုံလောက်စွာ တိုက်ဖျက်နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ ဒီနှစ်ကုန်မှာ အစိုးရနဲ့ လူ့အခွင့်အရေး ကော်မရှင်များဟာ ဥပဒေ မူကြမ်းများကို အတူတကွ ပူးပေါင်း ရေးဆွဲရမှာ ဖြစ်ပါတယ်။

နယူးဇီလန်မှ တိုက်ခိုက်မှု အပြီးမှာ ကမ္ဘာ့ ခေါင်းဆောင်များစွာက သူတို့ရဲ့ ပလက်ဖောင်းများမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ပို့စ်များကို တင်နေခြင်းအား တားဆီးရန် ပိုမို တာဝန်ယူဖို့ လူမှုကွန်ရက် ကုမ္ပဏီများအား တောင်းဆိုလိုက်ပါတယ်။ Facebook က ယခင်ကတော့ အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်များကို ခွင့်ပြုထားခဲ့ပါတယ်။ အခုတော့ Facebook က အမျိုးသားရေး အစွန်းရောက်သူများနဲ့ ခွဲထွက်ရေး သမားများကို သူ့ရဲ့ လူမှုကွန်ရက်မှာ တားဆီး ပိတ်ပင်တော့မယ်လို့ ပြောပါတယ်။

Ref : bbc

နယူးဇီလန် တိုက်ခိုက်မှုအပြီးမှာ Live Video များကို ကန့်သတ်ဖို့ စဉ်းစားနေတဲ့ Facebook

%d bloggers like this: