ဆွံ့အနေသူများ စကားပြောနိုင်မယ့် Headset

Locked-In Syndrome လို့ခေါ်တဲ့ ရှားပါးတဲ့ ဝေဒနာရှင်တွေ၊ လေဖြတ်ပြီး စကားမပြောနိုင်တဲ့ လူနာများအတွက် လူတွေနဲ့ ဆက်သွယ်စကားပြောနိုင်တော့မှာ ဖြစ်ပါတယ်။ သုတေသန ပညာရှင်များက အဲဒီလူနာများရဲ့ ဦးနှောက်ကို ဖတ်နိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ နည်းပညာက လူနာများအား မေးခွန်းများမေး၍ Yes or No စတဲ့ အဖြေများကို သိရှိနိုင်တာ ဖြစ်ပါတယ်။

Locked-In Syndrome ဝေဒနာရှင် ၄ ယောက်ကို အဲဒီနည်းပညာဖြင့် လေ့ကျင့်ပြီးတဲ့နောက်မှာ လူနာနဲ့ ဆရာဝန်များအကြားမှာ ဆက်သွယ်စကားပြောနိုင်လာကြပါတယ်။ သုတေသနစီမံကိန်းကို ဦးဆောင်သူ University of Tübingen မှ ဦးနှောက်အထူးကု ပါရဂူ Niels Birbaumer က “ အခုတော့ သူတို့အတွက် အရေးကြီးတဲ့ မေးခွန်းတွေကို မေးနိုင်ပါပြီ။ ဒီဝေဒနာရှင်တွေနဲ့ ဆက်သွယ်နိုင်ခြင်းဟာ ဒါ ပထမဆုံးပါပဲ။ ဒါဟာ သူတို့နဲ့ သူတို့ရဲ့ မိသားစုဝင်များအတွက် အလွန် အရေးကြီးပါတယ်။ ဒီနည်းပညာကို တီထွင်နေတာ နှစ်ပေါင်း ၃၀ ရှိပါပြီ။ “ လို့ ပြောပါတယ်။

ဆက်သွယ်စကားပြောဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်းအားလုံးမှ သွေးစီးဆင်းမှုကို တိုင်းတာမယ့် အနီအောက်ရောင်ခြည် ထုတ်လွှင့်တဲ့ ဦးထုပ်ကို လူနာက ခေါင်းမှာ ဆောင်းထားရပါတယ်။ လူနာက အဖြေပေးတဲ့အခါမှာ ဦးထုပ်နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာက သွေးစီးဆင်းမှု ပုံစံကို အာရုံခံပြီး အဖြေကို တွက်ချက်တာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဒီလို ဝေဒရှင်များဟာ ဒီထက်ပိုပြီး လူတွေနဲ့ ဆက်သွယ်နိုင်အောင် ပညာရှင်များက တီထွင်ကြမယ်လို့ ပြောပါတယ်။

ref : the guardian

ဆွံ့အနေသူများ စကားပြောနိုင်မယ့် Headset

%d bloggers like this: