ပြေးလွှား ကစားရမယ့် Sonic Dash

Sonic Dash ကို နာမည်ကြီး ဂိမ်း ကုမ္ပဏီ SEGA က ဖန်တီးထားတာ ဖြစ်ပြီး ပြေးလွှားကစားရတဲ့ ဂိမ်း ဖြစ်ပါတယ်။ Game ကို 3D ပုံသဏ္ဍာန် ဖန်တီးထားတဲ့အတွက် အလွန် အသက်ဝင် ကြွရွပါတယ်။ Sonic the Hedgehog ဇာတ်ကောင်နေရာကနေ သင်က ကစားရမှာ ဖြစ်ပြီး ရန်သူများလက်ကနေ ထွက်ပြေးရမှာ မဟုတ်ပါဘူး။ လမ်းမှ အတားအဆီးများ၊ ဆူးချွန်များကို ရှောင်သွားခြင်း၊ ခုန်ခြင်း၊ လျှောထိုးခြင်းဖြင့် ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

လမ်းတစ်လျှောက်မှာ ရွှေကွင်းများကို စားခြင်းဖြင့် အမှတ်များ ရရှိမှာ ဖြစ်ပါတယ်။ လမ်းမှာ ပြေးနှုန်းကို မြှင့်တင်ပေးတဲ့ Pad များအပေါ်ကနေ ဖြတ်ပြေးခြင်းဖြင့်လည်း ပန်းတိုင်ကို လျှင်မြန်စွာ ရောက်ရှိစေပါတယ်။ လှုပ်လှုပ်ရှားရှားဖြင့် ရင်ခုန်စွာ ကစားချင်သူများအတွက် သူ့ကို သဘောကျနှစ်သက်မှာ သေချာပါတယ်။

သူ့ရဲ့ ကောင်းမွန်တဲ့ အချက်တစ်ခုက ထိန်းချုပ် ခလုတ်များကို နှိပ်ရင် တုန့်ပြန်မှု အလွန်ကောင်းတာ ဖြစ်ပါတယ်။ ဘယ် သို့မဟုတ် ညာဘက်သို့ လက်ဖြင့် ပွတ်ဆွဲခြင်းဖြင့် လမ်းကြောင်းသုံးခုကို ပြောင်းလဲ ပြေးနိုင်ပါတယ်။ ခုန်ချင်ရင် အပေါ်ကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။ အောက်ကို ပွတ်ဆွဲရင်တော့ လျှောထိုးပေးမှာ ဖြစ်ပါတယ်။

ဂိမ်းမှာ အလွန်လှပတဲ့ ရှုခင်းများပါရှိပြီး အရောင်အသွေး အလွန် စုံလင်ပါတယ်။ အတားအဆီးများကို ဝင်တိုက်မိရင်တော့ ကျရှုံးမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ Levels များ၊ Missions များ မပါရှိပါဘူး။ Leaderboards မှာ သူငယ်ချင်းများနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဇာတ်ကောင်ဟာ ဂိမ်းမှာ သေဆုံးခြင်း မရှိပါဘူး။ အတားအဆီးများကို တိုက်မိရင်သာ ကျရှုံးမှာ ဖြစ်ပါတယ်။ ရွှေကွင်းများ ပိုင်ဆိုင်ထားရင် ဂိမ်းကို ဆက်လက်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းမှာ the Green Hill Zone နဲ့ the Seaside Hill Zone ဆိုတဲ့ ပတ်ဝန်းကျင် နှစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဖိုင်အရွယ်အစားမှာ 82MB ရှိပါတယ်။ သူ့ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။

Download

ပြေးလွှား ကစားရမယ့် Sonic Dash

%d bloggers like this: