LG K12+ ကို ဘရာဇီးမှာ ကြေညာ

LG က ဘရာဇီးမှာ K12+ ကို ကြေညာလိုက်ပါတယ်။ သူဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် LG ရဲ့ စွမ်းရည်မြင့် ဖုန်းများမှ လုပ်ဆောင်ချက်များစွာ ပါတာက သူ့ရဲ့ အကောင်းဆုံး အချက်ပါ။ အရည်အသွေးမြင့်မားတဲ့ အသံကို ထည့်ထားပါတယ်။

သူ့မှာ ၅.၇ လက်မ HD+ Screen ပါပါတယ်။ Notch မပါပါဘူး။ 8MP Front Camera , 16MP Rear Camera များ ထည့်ထားပါတယ်။ Helio P22 SoC , 2GB RAM , 32GB Storage များပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Android 8.1 Oreo မောင်းနှင်ထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ Google Assistant Button ကို အသံခလုတ်များရဲ့ အောက်မှာ ထည့်ထားပါတယ်။

ပလတ်စတစ်ကိုယ်ထည်ကို သုံးထားပါတယ်။ ဘက်ထရီက 3000mAh ပါ။ microUSB Port သာ ပါပါတယ်။ DTS:X 3D Surround Sound က အရည်အသွေး မြင့်မားပါတယ်။ သူ့ရဲ့ အလန်းစား စွမ်းရည်တစ်ခုက မာကြောမှု ဖြစ်ပြီး MIL-STD 810G certification ပိုင်ဆိုင်ထားပါတယ်။

K12+ ကို ၃၀၈ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပြီး အပြာ၊ အညိုနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

LG K12+ ကို ဘရာဇီးမှာ ကြေညာ

%d bloggers like this: