ကုမ္ပဏီများက Automatic Telephone Dialing System (ATDS) နဲ့ SMS များကို အသုံးပြုပြီး စားသုံးသူများထံ သူတို့ရဲ့ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနဲ့ သတင်းစကားများကို ပေးပို့နေကြပါတယ်။ SMS များက သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်ပေမယ့် ဖုန်းခေါ်တာကတော့ တော်တော်ကြီးကို အာရုံနောက်ပါတယ်။ အဲဒီအတွက် စားသုံးသူများထံ အလွန် အမင်း Spam Call များ ခေါ်ခြင်းကို ကာကွယ်ပေးတဲ့ ဥပဒေများ ထွက်လာပါတယ်။
အခုတော့ အမေရိကန်မှ ပရိဘောဂ ကုမ္ပဏီ Conn’s ဟာ တန်နက်ဆီမှ အမျိုးသမီးတစ်ဦးအား Spam Call အကြိမ် ၃၀၀ ကျော်ခေါ်ခဲ့လို့ နစ်နာကြေး ဒေါ်လာ ၄၅၉ ၀၀၀ ပေးရတော့မှာပါ။ ဇာတ်လမ်းက ဒီလိုပါ။ Veronica အမည်ရ အမျိုးသမီးဟာ ကုမ္ပဏီထံကနေ ပရိဘောဂများကို အရစ်ကျ ဝယ်ယူခဲ့ပါတယ်။ လစဉ် သူမ ငွေသွင်းရမယ့် နေ့ဟာ ၅ ရက်နေ့ပါ။ ဒါပေမယ့် နောက်ဆုံး အနေနဲ့ ၁၅ ရက်နေ့အထိ ပေးသွင်းနိုင်တယ်လို့ သဘောတူ စာချုပ်ထားကြတာပါ။
ကုမ္ပဏီဟာ ၅ ရက်နေ့နဲ့ ၁၅ ရက်အတွင်းမှာ အကြိမ်ပေါင်း ၃၀၀ ကျော်လောက် ဖုန်းခေါ်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ တစ်ခါတစ်လေ တစ်ရက်မှာ ၁၀ ကြိမ်ကျော်တောင် ဖုန်းခေါ်ပါတယ်။ ဒါဟာ လိုတာထက် တော်တော်ကို များတဲ့ ပမာဏဖြစ်ပါတယ်။ အဲဒီအတွက် စားသုံးသူက တရားစွဲခဲ့တာ ဖြစ်ပါတယ်။ အခုတော့ကုမ္ပဏီဟာ ဖုန်းတစ်ခါခေါ်ခ အတွက် ဒေါ်လာ ၁၅၀၀ လောက် နစ်နာကြေးပေးရတော့မှာပါ။
Ref : gizmodo
စားသုံးသူထံ Spam Call အကြိမ် ၃၀၀ ကျော်ခေါ်ခဲ့လို့ နစ်နာကြေး ဒေါ်လာ ၄၅၉ ၀၀၀ ပေးရတော့မယ့် ကုမ္ပဏီ
You must log in to post a comment.